လျှို့ဝှက်ချက်တွေက ကိုယ်ရေးကိုယ်တာနဲ့ ဆိုင်ပါတယ်။ သင့်လျှို့ဝှက်ချက်တိုင်း တစ်ခြားသူတစ်ယောက်ကို ပြောစရာမလိုပါဘူး။ တချို့လျှို့ဝှက်ချက်တွေက ဘယ်သူ့မှ အသိမပေးဘဲ လျှို့ဝှက်ထားတာ ပိုကောင်းပါတယ်။ ဒီလိုလျှို့ဝှက်ချက်တွေထဲကမှ သင့်ကောင်မလေးကို ပြန်ပြောစရာလိုတဲ့ အချက်လေးတွေကတော့ –

(၁) သူ့မိသားစုကိုသိပ်သဘောမတွေ့ဘူး

Family

Photo: MensXp

သင့်ကောင်မလေးကို ချစ်တာနဲ့ပဲ သူ့မိသားစုကိုပါ ချစ်နေရမယ်လို့ မဆိုလိုပါဘူး။ တစ်ခါတလေမှာ သင့်ကောင်မလေးရဲ့ မိသားစုကို သင့်ဘက်က သဘောမကျတာတွေ ရှိကောင်းရှိနိုင်ပါတယ်။ အဲ့ဒါကို စိတ်ထဲမှာပဲ ထားပါ။ ဘယ်သူ့ကိုမှ ပြန်ပြောဖို့ မလိုပါဘူး။

(၂) သင့်သူငယ်ချင်းရဲ့ လျှို့ဝှက်ချက်တွေ

Whisper

 

သင်နဲ့ သင့်ကောင်မလေးအကြား တိုက်ရိုက်မသက်ဆိုင်ရင် သင့်သူငယ်ချင်းရဲ့လျှို့ဝှက်ချက်အကြောင်း ထုတ်မပြောသင့်ပါဘူး။ သင့်သူငယ်ချင်းရဲ့ လျှို့ဝှက်ချက်ကို ကောင်မလေးမသိအောင် သိမ်းထားပေးလို့ သင့်မှာ အပြစ်မရှိပါဘူး။

(၃) သင့် Ex ပို့စ်တွေ ဝင်ဖတ်မိတာ

Computer and Man

 

အရင်တုန်းက အဆက်ဟောင်းရဲ့ Facebook အကောင့်ထဲ ဝင်ကြည့်မိတာကို သင့်ကောင်မလေး ပြန်ပြောပြစရာ မလိုပါဘူး။ လက်ရှိ သင့်ချစ်သူအပေါ် သစ္စာမပျက်ဖို့တော့ လိုပါတယ်။ တချိန်တည်းမှာပဲ သင့်အဆက်ဟောင်းပေါ် စိတ်လည်နေတာကို အမြန်ဖြတ်ပစ်ဖို့လည်း အကြံပေးချင်ပါတယ်။

(၄) သင့်‌ကောင်မလေး ဝ.လာတာ

Couple

 

သင့်ကောင်မလေး ဝတယ်လို့ ဘယ်တော့မှ မပြောမိပါစေနဲ့။ သင့်ခေါင်းထဲ ရောက်လာခဲ့ရင်တောင် ဒီစကားကို လျှို့ဝှက်ချက်အဖြစ် ချောင်ထဲ ထိုးထည့်လိုက်ရမှာပါ။ သင့်ကောင်မလေး ဝလာတယ် ပြောမယ့်အစား Gym အတူတူသာ ကစားလိုက်ပါ။

(၅) အရင်တုန်းက ရှက်စရာကိစ္စတွေ

Man and Woman

Photo: powerofpositivity

အပေါ်မှာ ပြောခဲ့သလိုပါပဲ။ လျှို့ဝှက်ချက်ဆိုတာ ကိုယ်ရေးကိုယ်တာကိစ္စပါ။ သင်မပြောချင်ရင် ဘယ်သူ့ကိုမှ ပြန်ပြောဖို့ မလိုပါဘူး။ အရင်တုန်းက လုပ်မိမှားခဲ့တာတွေ ၊ ရှက်စရာအတွေ့အကြုံတွေကို လျှို့ဝှက်ချက်အဖြစ် မြှပ်ထားချင်ရင်လည်း ဖြစ်ပါတယ်။ သင့်ကောင်မလေးကို ပြန်ပြောလောက်အောင်လည်း အရေးကြီးတာ မဟုတ်ပါဘူး။

Featured Photo: powerofpositivity