လူတစ်ချို့တွေက ကြက်ဥရဲ့အာနိသင်ကိုမေးခွန်းထုတ်ကြတယ်။ ကြက်ဥဟာ ကျန်းမာရေးအတွက် အလွန်အထောက်အကူပြုတဲ့ အစားအစာ တစ်ခုဖြစ်ပါတယ်။ ဒီနေ့ kwee page ကနေ တရက်ကို ကြက်ဥ နှစ်လုံးစားပေးတာနဲ့ သင့်ရဲ့ ခန္ဓာကိုယ်ပေါ်မှာ ဘာတွေဖြစ်ပျက်လာမလဲဆိုတာကို ပြောပြပေးသွားမှာပါ။

သင့်ရဲ့ဦးနှောက်က choline ရဲ့ကာကွယ်မှုအောက်မှာရှိနေမယ်

ကြက်ဥတွေမှာ တွေ့ရတဲ့ Phospholipids ထဲမှာ choline ပါဝင်နေပါတယ်။ choline ဟာ ဦးနှောက် ဆဲလ်တွေ ပုံမှန်အလုပ်လုပ်ဖို့အတွက် ကူညီပေးပါတယ်။ တစ်ရက်ကို ကြက်ဥ နှစ်လုံးစားပေးမယ်ဆိုရင် သင့်ဦးနှောက်က လိုအပ်တဲ့ choline ပမာဏ လုံလောက်စွာရရှိမှာဖြစ်ပြီး မှတ်ဉာဏ် ပျောက်ဆုံးခြင်းမှ လျှော့ချပေးပါတယ်။

အမြင်အာရုံကောင်းလာမယ်

လေ့လာမူတွေအရ ကြက်ဥမှာတွေမှာ lutein ကြွယ်ဝစွာ ပါဝင်နေပါတယ်။ lutein ဟာအမြင်အာရုံ ကြည်လင်စေပါတယ်။

သွားနဲ့အရိုးအတွက်ကောင်းတယ်

ကြက်ဥမှာပါဝင်တဲ့ ဗီတာမင် ဒီ ဟာဆိုရင် calcium တွေကိုစုပ်ယူပေးရာမှာ အထောက်အကူပြုတာကြောင့် အရိုးတွေကိုသန်မာစေပြီး သွားတွေကိုခိုင်မာစေပါတယ်။

နှလုံးကျန်းမာရေးကောင်းမယ်

ကြက်ဥတွေမှာ omega-3 ပါဝင်တာကြောင့် triglyceride (သွေးတွင်းတွေ့ရသော အဆီတမျိုး) ပါဝင်မူကို လျှော့ချပေးပြီး နှလုံးသွေးကြောနဲ့ဆိုင်တဲ့ ရောဂါဖြစ်ပွားမူကို လျှော့ချပေးပါတယ်။

ကင်ဆာဖြစ်နိူင်ခြေလျှော့မယ်

ဦးနှောက်အတွက်လိုအပ်သော Choline ဟာ ကင်ဆာကိုတိုက်ခိုက်ရာမှာလည်း အထောက်အကူပြုပါတယ်။

အိုမင်းခြင်းကို နှောင့်နှေးစေတယ်

ဒက်ချ်သိပ္ပံပညာရှင်တွေရဲ့ တွေ့ရှိချက်အရ ကြက်ဥကို ပုံမှန်စားသုံးပေးတဲ့ အသက် ၄၀ ကျော် အမျိုးသားတွေရဲ့ မျက်လုံးတစ်ဝိုက်မှာ အရေးအကြောင်းတွေ လျှော့နည်းသွားတယ်လို့ ဖော်ပြထားပါတယ်။

Source: Bright Side