ဆောင်းရာသီဟာ ဥတုသုံးပါးမှာ အေးအေးချမ်းချမ်းနဲ့ နေလို့အကောင်းဆုံး ရာသီတစ်ခုဖြစ်ပေမယ့်လည်း ကျန်းမာရေးပြဿနာတွေ အတော်လေး အဖြစ်များတဲ့ ရာသီတစ်ခုလည်း ဖြစ်ပါတယ်။ အအေးမိဖျားနာခြင်းတွေ အပါအဝင် တခြားသော အရေပြားဆိုင်ရာ ပြဿနာများ ၊ ကူးစက်ရောဂါများလည်း ဖြစ်နိုင်ခြေအများဆုံး ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ ဆောင်းရာသီအတွင်း ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်မှာ အဖြစ်များတဲ့ ကျန်းမာရေးပြဿနာတွေကို ပြောပြပေးချင်ပါတယ်။

(၁) ရေဓာတ်ခမ်းခြောက်ခြင်း

Photo : Brightside

ဆောင်းရာသီလို အေးတဲ့အချိန်တွေမှာ ရေငတ်သလို သိပ်ပြီးမခံစားရတဲ့အတွက် ရေလုံလောက်စွာ သောက်ပေးဖို့ကို မေ့နေမိကြပါတယ်။ နောက်တစ်ခုက ဆောင်းရာသီမှာ ချွေးထွက်နည်းတဲ့အတွက် ရေဓာတ်လုံလုံလောက်လောက်ရတယ်လို့ ထင်ပြီး ရေလျှော့သောက်တာမျိုးတွေ လည်း လုပ်တက်ကြပါတယ်။ တကယ်တော့ ရေသိပ်မဆာတာက သင့်ခန္ဓာကိုယ်မှာ ရေနည်းနည်းပဲ လိုအပ်တယ်လို့ မဆိုလိုပါဘူး။ သင့်ခန္ဓာကိုယ်က နေ့စဉ်လိုအပ်တဲ့ ရေဓာတ်ကို လုံလောက်စွာဖြည့်တင်းဖို့ အရေးကြီးပါတယ်။

(၂) အမြင်အာရုံထိခိုက်ခြင်း

Photo : Brightside

ကျွန်တော်တို့ရဲ့ မျက်လုံးတွေက နွေရာသီထက် ဆောင်းရာသီမှာ ပိုပြီး အန္တရာယ်ရှိနိုင်ပါတယ်။ ဘာလို့ဆို အများစုက ဆောင်းရာသီမှာ နေကာမျက်မှန်တပ်ဖို့ကို မေ့နေကြလို့ပါ။ ဆောင်းရာသီအတွင်း နှင်းတွေကနေ ရောင်ပြန်လာတဲ့ နေရောင်ခြည်ဟာ မျက်လုံးတွေကို ဆိုးရွားစွာ ထိခိုက်စေနိုင်ပါတယ်။ မျက်လုံးကို ကာကွယ်ထားတဲ့ ပါးလွှာတဲ့မျက်ကြည်လွှာဟာ အထိခိုက်လွယ်ပြီး ခြောက်သွေ့ တဲ့လေနဲ့ ထိတွေ့တဲ့အခါ မျက်လုံး နာကျင်မှုကိုဖြစ်တာကြောင့် ဆောင်းတွင်းအပြင်ထွက်တဲ့အခါ မျက်စင်းခတ်ဖို့ ဆရာဝန်တွေက အကြံပြုထားပါတယ်။

(၃) အရေးကြောင်းများဖြစ်ခြင်း

Photo : Brightside

ဆောင်းရာသီဟာ မျက်နှာအရေပြားပေါ်မှာ အရေးကြောင်းတွေဖြစ်ပေါ်လာရခြင်းရဲ့အဓိက တရားခံလို့ အပြည့်အဝမပြောနိုင်ပေမယ့် ဆောင်းရာသီဟာ အသားအရေပျက်စီးမှု ဖြစ်နိုင်ခြေအများဆုံးဖြစ်ပါတယ်။ ဘာလို့ဆို ဆောင်းရာသီမှာ လေထုအတွင်း စိုထိုင်းဆကျဆင်းလာခြင်းကြောင့် သင့်အသားအရေဟာပိုပြီး ခြောက်သွေ့လာတာဖြစ်ပါတယ်။ အသားရေအတွက် ရေဓာတ် အလုံအလောက်မထိန်းနိုင်တဲ့အတွက် အသားရေခြောက်သွေ့ပြီး အရေးကြောင်းတွေ ဖြစ်ပေါ်လာရတာဖြစ်ပါတယ်။

(၄) သွေးတွင်းသကြားဓာတ် မြင့်တက်ခြင်း

Your blood sugar may increase.

Photo : Brightside

အေးတဲ့ ရာသီဟာ သင့်ခန္ဓာကိုယ်က သွေးအတွင်းသကြားဓာတ်တွေကို မြှင့်တင်ပေးတဲ့ စိတ်ဖီစီးမှုဟော်မုန်းကို ထုတ်လွှင့်ပေးဖို့ တွန်းအားပေးပါတယ်။ အများစုဟာ အပူချိန်လျော့နည်းသွားတာနဲ့အမျှ သွေးအတွင်းသကြားဓာတ်က မြှင့်တက်လာပြီး လေ့ကျင့်ခန်းလုပ်ဖို့အတွက် တက်ကြွမှုလည်း နည်းသွားပါတယ်။ တကယ်တော့ ကိုယ်လက်လှုပ်ရှားမှုက သင့်သွေးတွင်းသကြားဓာတ်ကို ကျဆင်းစေတဲ့အတွက် သွေးတွင်းသကြားဓာတ်ကို ထိန်းပေးနိုင်ဖို့ ဆောင်းရာသီမှာ လေ့ကျင့်ခန်းလုပ်ပေးဖို့ ဆရာဝန်တွေက အကြံပြုထားပါတယ်။

Featured Photo : Healthline