ကိုယ်အလေးချိန်လျော့ချဖို့နဲ့ ကျန်းကျန်းမာမာရှိဖို့အတွက် လေ့ကျင့်ခန်းမှန်မှန်လုပ်ပေးတာက အကောင်းဆုံးနည်းလမ်းတစ်ခုလို့ ယူဆတတ်ကြပါတယ်။ ဒါပေမယ့်လည်း အကြောင်းကိစ္စအမျိုးမျိုးပေါ်လာတဲ့အခါ လေ့ကျင့်ခန်းပုံမှန်လုပ်ဖို့က မဖြစ်နိုင်တော့ပါဘူး။

သည့်အတွက် ညအချိန်မှာ သက်သောင့်သက်သာ အိပ်စက်နေချိန်မှာ ထိထိရောက်ရောက်နဲ့ကိုယ်အလေးချိန်လျှော့ချဖို့အတွက် အကောင်းဆုံးနည်းလမ်းလေးတွေကို မျှဝေပေးချင်ပါတယ်။

၁။ အိပ်ရာမဝင်မှီ ပရိုတင်းရှိတ် တစ်ခွက်သောက်ပေးပါ။

Source: Stack

ညအချိန် အိပ်ရာသို့မဝင်ခင်မှာ ပရိုတင်း ၃၀ ဂရမ်ပါဝင်တဲ့ ရှိတ်တစ်ခွက်ကိုသောက်သုံးပေးပါ။ ဒီလိုမျိုးသောက်သုံးပေးခြင်းက အနားယူနေချိန်မှာ ခန္ဓာကိုယ်က လောင်ကျွမ်းနိုင်တဲ့ ကယ်လိုရီပမာဏကို မြင့်တက်စေနိုင်ပါတယ်။ ကြွက်သားပြန်လည်ပြုပြင်မှုတွေကိုလည်း ပရိုတင်းက အထောက်အကူပြုပေးပါတယ်။

၂။ ညစာကို အနည်းအကျဉ်းသာ စားသုံးပါ

Source: Stock Clips

ညရောက်တဲ့အခါ အထူးသဖြင့် အိပ်ချိန်နဲ့နီးကပ်နေတဲ့အခါမှာ အစားအများကြီးစားသုံးတာကို ရှောင်ကြဉ်သင့်ပါတယ်။ ညဖက်အိပ်စက်တဲ့အခါမှာ ဦးနှောက်မှနေ၍ ကြီးထွားဖွံ့ဖြိုးမှုဟော်မုန်းတွေကို ထုတ်လွှတ်ပေးတာကြောင့် ညအလွန်နောက်ကျမှ အစာစားမိပါက လောင်စာအနေနဲ့ယူရမယ့် အစားအစာတွေကို အဆီအနေနဲ့သိမ်းထားမိသွားပါလိမ့်မယ်။

၃။ အရက်သေစာ သောက်စားခြင်းကို ရှောင်ကြဉ်ပါ

Source: MyHealthyVibe

ညအိပ်ခါနီးအချိန်မှာ အရက်သေစာသောက်စားခြင်းက ကယ်လိုရီလောင်ကျွမ်းနိုင်မှုနှုန်းထားကို နှေးကွေးသွားပါစေလိမ့်မယ်။ ညစာနဲ့အတူ ဝိုင်တစ်ခွက်လောက်သောက်တာက ပြဿနာမရှိပေမယ့် အိပ်ရာသို့မဝင်ခင် သုံးနာရီအလိုမှာတော့ မည်သည့်အရက်မှ မသောက်သုံးရတော့ပါဘူး။

၄။ အိပ်ချိန်သတ်မှတ်ပါ

Source: www.uib.no

ကျန်းမာနေဖို့အတွက် အိပ်ရေးလုံလုံလောက်လောက်ရရှိဖို့ကလည်း အရေးကြီးတဲ့ အခန်းကဏ္ဍတစ်ခုကနေ ပါဝင်နေတယ်ဆိုတာကို လူအများသိပြီးသားပါ။ ဒါပေမယ့် အလုပ်ကိစ္စရှုပ်တာတွေ၊ ရုပ်ရှင်ကြည့်၊ ဖုန်းသုံး စတဲ့ကိစ္စတွေဝင်လာရင်တော့ အိပ်ရေးမဝနိုင်တော့ပါဘူး။ တရက်လ ျှင် ၇ နာရီမှ ၈ နာရီကြား အိပ်စက်ခြင်းက အဆီလောင်ကျွမ်းဖို့အတွက် အကောင်းဆုံးအချိန်ဖြစ်ပါတယ်။ ဒါကြောင့် အိပ်ချိန်သတ်မှတ်ပြီးတော့ အတတ်နိုင်ဆုံး အိပ်စက်ပေးပါ။

၅။ အိပ်ရာမဝင်ခင် လေ့ကျင့်ခန်းမလုပ်ပါနဲ့

Source: cheatsheet.com

လေ့ကျင့်ခန်းလုပ်တာက ခန္ဓာကိုယ်ကို နိုးကြားသွားစေတာကြောင့် ညအချိန်မှာ ကောင်းကောင်းအိပ်ပျော်ဖို့အတွက် အခက်အခဲဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် လေ့ကျင့်ခန်းကို မနက်ပိုင်းမှာပဲလုပ်ပေးပါ။ ခန္ဓာကိုယ်ကို နိုးကြားစေနိုင်ပြီး တနေကုန် တက်ကြွလန်းဆန်းစေမှာပါ။ အကယ်၍ အကြောင်းအမျိုးမျိုးကြောင့် မနက်ခင်းမှာ လေ့ကျင့်ခန်းမလုပ်ဖြစ်ဘူးဆိုရင်တော့ ညအိပ်ရာမဝင်ခင် လေးနာရီခြားပြီး လုပ်ပေးပါ။

၆။ အိပ်ခန်းအတွင်းက လျှပ်စစ်ပစ္စည်းတွေအကုန် ပိတ်ထားပါ

Source: additudemag.com

စမတ်ဖုန်းတွေ၊ တက်ဘလက်တွေက ထုတ်လွှင့်နေတဲ့ လှိုင်းတွေ၊ အပြာရောင်အလင်းတန်းတွေက Melatonin လို့ခေါ်တဲ့ ဟော်မုန်းဓာတ်တစ်မျိုးထုတ်လုပ်မှုကို အဟန့်အတားဖြစ်စေနိုင်ပါတယ်။

၇။ အိပ်တဲ့အခါ အခန်းကိုလုံးဝအမှောင်ချပါ

Source: courses.cs.washington.edu

ညဖက်အိပ်တဲ့အခါ လုံးဝအမှောင်ထဲမှာ အိပ်စက်ခြင်းက ခန္ဓာကိုယ်မှထုတ်လုပ်နိုင်တဲ့ Melatonin ဆိုတဲ့ ဟော်မုန်းဓာတ်ထုတ်လုပ်မှုကို ထောက်ပံ့ပေးပါတယ်။

၈။ ဝတ်လစ်စားလစ်နဲ့ အိပ်စက်ပါ

Source: The Cheat Sheet

ဒီလိုမျိုးပြောတာကြားလိုက်ရရင်တော့ ထူးဆန်းတယ်လို့ ထင်ရစေနိုင်ပေမယ့်လည်း ညဖက်မှာ ဝတ်လစ်စားလစ်နဲ့ အိပ်စက်ခြင်းက အကျိုးကျေးဇူးအများကြီးပေးစွမ်းနိုင်ပါတယ်။ ခန္ဓာကိုယ်ကို အေးအေးလေးရှိနေစေခြင်းက အဆီလောင်ကျွမ်းနိုင်တဲ့ ဖြစ်စဉ်ကို မြန်ဆန်စေပါတယ်။

ယခုလို အထက်မှာဖော်ပြခဲ့တဲ့ အချက်တွေအကုန်လုံးက ဝိတ်ကျဖို့အတွက် အကူအညီပေးမှာဖြစ်ပေမယ့်လည်း နေ့စဉ်လေ့ကျင့်ခန်းလုပ်တာကိုတော့ မပျက်ကွက်ဖို့ ပြောချင်ပါတယ်။

Featured Image Source: New York Post