ချစ်သူစုံတွဲတွေအနေနဲ့ ကိုယ်ချစ်သူနဲ့ လက်ထပ်ပြီး နှစ်ကိုယ်တူဘဝကိုဖြတ်သန်းချင်ကြမှာသေချာပါတယ်။ ဒါပေမယ့် ချစ်သူဘဝနဲ့ အိမ်ထောင်သည်ဘဝမှာ မတွဲကွဲပြားမှုလေးတွေရှိလာနိုင်တယ်ဆိုတာကိုတော့ လက်ခံထားရပါမယ်။ ဒါကြောင့်ဒီနေ့မှာတော့ လက်ထပ်ဖို့ရည်ရွှယ်ထားတဲ့ချစ်သူတွေဖြစ်ဖြစ် မကြာခင်မှာလက်ထပ်တော့မယ့် ချစ်သူစုံတွဲဖြစ်ဖြစ် သိထားသင့်တဲ့အကြောင်းအရာလေးတွေ ပြောပြပေးချင်ပါတယ်။

(၁) နှစ်ဖက်မိဘတွေကြားဆက်ဆံရေးတည်ဆောက်ပါ

Source : families, LoveToKnow

ချစ်သူဘဝတုန်းကထင်ထားသလို လက်ထပ်လိုက်ပြီဆိုတာနဲ့ တူနှစ်ကိုယ်တည်းချစ်ခရီးလမ်းကို အေးချမ်းစွာဖြတ်သန်းကြရမှာမဟုတ်ပါဘူး။ နှစ်ဘက် မိဘဆွေးမျိုးအသိုင်းအဝိုင်းတွေနဲ့ ဆက်ဆံရေးပါပါလာပါပြီ။ အိမ်ထောင်သည်တွေရဲ့ပြဿနာအများစုမှာ နှစ်ဖက်မိဘတွေနဲ့ ဆက်ဆံရေးမပြေလည်ခြင်းကလည်း ထိပ်ဆုံးကပါနေတာကြောင့် ဒီလိုမဖြစ်ရလေအောင် သူ့ဖက်ရောကိုယ့်ဖက်ပါ မိဘဆွေမျိုးတွေကြား ကောင်းမွန်တဲ့ဆက်ဆံရေးရဖို့ တည်ဆောက်သင့်ပါတယ်။

(၂) ငွေကြေးစုဆောင်းပါ

Souce : Living On The Cheap

ချစ်သူရည်းစားဘဝကလို သွားကြလာကြ ဆိုင်ကောင်းကောင်းလေးတွေမှာသွားစားကြတာမျိုးတွေကို အိမ်ထောင်သည်ဘဝမှ ာလုံးဝမလုပ်နဲ့တော့လို့တော့ မဆိုလိုပါဘူး။ သို့သော်လည်း အိမ်ထောင်ပြုပြီးတစ်အိုးတစ်အိမ်ထူထောင်ကြပြီဆိုတာနဲ့ ငွေကြေးကုန်ကျမှု အသုံးစရိတ်တွေ အားလုံးအစစအရာရာကို ကိုယ်တိုင်ဖြေရှင်းရတော့မှာပါ။နောက်ပိုင်းကလေးတွေရလာရင်လည်း စုမိဆောင်းမိဖြစ်ထားဖို့လိုအပ်တာကြောင့် အိမ်ထောင်ပြုပြီဆိုတာနဲ့ မလိုအပ်တဲ့အသုံးစရိတ်တွေကို အတက်နိုင်ဆုံးလျော့ချပြီး ငွေကြေးစုဆောင်းဖို့အကြံပြုချင်ပါတယ်။

(၃) ဘာပဲလုပ်လုပ်တိုင်ပင်ဆွေးနွေးပါ

Source : Living On The Cheap

ကိုယ်ရဲ့ လက်တွဲဖော်အိမ်ထောင်ဖက်က ကိုယ်အတွက်အရင်းနှီးဆုံးမိတ်ဆွေလို့လည်း ပြောလို့ရပါတယ်။ ဘယ်လိုကိစ္စပဲရှိရှိ တစ်ယောက်တည်းဆုံးဖြတ်တာထက် ကိုယ်ရဲ့ ပါတနာနဲ့ ဆွေးနွေးတိုင်ပင်ပြီး နှစ်ယောက်အတူတူ ဆုံးဖြတ်ဖို့လိုပါတယ်။ သေးသးမွှားမွှားကိစ္စလေးတွေကအစ ကိုယ့်ရဲ့လက်တွဲဖော်ကိုတိုင်ပင်ခြင်းအားဖြင့် ကိုယ့်လက်တွဲဖော်ရဲ့ ယုံကြည်မှု အိမ်ထောင်ရေးသာယာပျော်ရွှင်မှုတွေကို ရရှိနိုင်မှာဖြစ်ပါတယ်။

(၄) နှစ်ယောက်လုံးအတွက်စဉ်းစားပါ

Souce : Her World

အိမ်ထောင်ကျပြီးတဲ့အခါ တစ်ကိုယ်ကောင်းဆန်မှုတွေ အားလုံးကိုလျော့ချဖို့လိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုရင် လင်နဲ့မယားဆိုတဲ့ နှစ်ယောက်တစ်ဘဝ အိမ်ထောင်သည်ဘဝကို ရောက်သွားပြီဖြစ်တာကြောင့် ဘာပဲလုပ်လုပ်ကိုယ့်ရဲ့လက်တွဲဖော်ပါ အဆင်ပြေစေဖို့ ထည့်စဉ်းစားရပါမယ်။ နောက်ဆုံး ဟင်းချက်စားရင်တောင် သူကြိုက်တာရော ကိုယ်ကြိုက်တာရောပါတဲ့ဟင်းမျိုး တီဗီကြည့်တဲ့အခါ သူရောကိုယ်ရောကြိုက်တဲ့ ချန်နယ်လိုင်းကိုရွေးကြည့်တာမျိုး စသည်ဖြင့် အသေးအဖွဲ့လေးတွေကစပြီး ကြီးကြီးမားမားကိစ္စတွေအထိ ကိုယ်တစ်ယောက်တည်းအတွက်မကြည့်ပဲ ကိုယ့်ရဲ့ လက်တွဲဖော်အတွက်ပါ ထည့်စဉ်းစားပေးတက်ဖို့လိုအပ်ပါတယ်။