လေ့လာသူတွေရဲ့တွေ့ရှိချက်အရ လူတစ်ယောက်နဲ့စတင်တွေ့ဆုံချိန် (၇) စက္ကန့်အတွင်းမှာ first impression ဖြစ်ပေါ်လာတယ်လို့ ဆိုထားပါတယ်။ တကယ်လို့ သင်သာအင်တာဗြူးတစ်ခုမှာဆိုရင် မန်နေဂျာက သင့်ကို အလုပ်ခန့်သင့်မခန့်သင့် စက္ကန့် (၃၀) အတွင်းမှာ ဆုံးဖြတ်နိူင်ပါတယ်။ First Impression ကိုထိခိုက်ပျက်စီးစေနိူင်တဲ့ အရာတွေကို ရှောင်ရှားနိူင်မယ်ဆိုရင် အလုပ်ရှာတဲ့နေရာ၊ သူငယ်ချင်း မိတ်ဆွေအပေါင်းအသင်း တွေရှာဖွေတဲ့နေရာတွေမှာ ထောက်အကူပြုပါလိမ့်မယ်။

ဒီနေ့မှာ kwee page ကနေပြီးတော့ First Impression ကိုချက်ခြင်းပျက်စီးစေနိူင်တဲ့ အလေ့အကျင့်ဆိုးတွေအကြောင်း ပြောပြပေးသွားမှာပါ။

မှားယွင်းတဲ့ လက်ဆွဲနုတ်ဆက်မူ

Source: Massage Magazine

မှားယွင်းတဲ့ လက်ဆွဲနုတ်ဆက်ခြင်းဟာ first impression ကိုလွယ်လွယ်ပဲ ပျက်စီးစေနိူင်ပါတယ်။ ကျွမ်းကျင်သူတွေရဲ့အဆိုအရ အားပျော့တဲ့ လက်ဆွဲနုတ်ဆက်မူရှိသူတွေဟာ ရှက်ခြင်း၊ စိုးရိမ်ပူပန်မူရှိခြင်း၊ မပွင့်လင်းခြင်း စသဖြင့် ထင်မြင်ခြင်း ခံရနိူင်တယ်လို့ ဆိုထားပါတယ်။ လက်ဆွဲနုတ်ဆက်မူ အမှားနောက်တခုကတော့ တခြားသူရဲ့ လက်ကို အကြာကြီးကိုင်ထားခြင်းပါပဲ။ မှန်ကန်တဲ့ လက်ဆွဲနုတ်ဆက်မူကတော့ လက်ကိုမြဲမြဲကိုင်းပြီး (၂) စက္ကန့်ခန့် လှုပ်ရမ်းခြင်းပါပဲ။

လက်အထားအသိုမှားခြင်း

Source: Bright Side

ထိုင်နေချိန်မှာ မိမိရဲ့လက်အနေအထားကို ဂရုစိုက်ပါ။ လက်ကိုမိမိရဲ့ ပေါင်ပေါ်မှာတင်ထားလို့ရပါတယ်။ ဒါပေမယ့် ဘောင်းဘီ အိတ်ကပ်တွေထဲမထည့်ထားပါနဲ့။ ဒါဟာ အိတ်ကပ်ထဲမှာ တခုခုဖုံးကွယ်ထားတယ်လို့ ထင်စေပါတယ်။ လက်တွေကိုစားပွဲပေါ်မှာ တင်ထားတဲ့အချိန်မှာလည်း လက်ကိုတင်းကျပ်စွာ ဖျစ်ညစ်ခြင်း မပြုပါနဲ့။

စကားပြောဖို့ အကြောင်းအရာ အရွေးမှားခြင်း

Source: Croswalk

စကားပြောရာမှာ first impression ထိခိုက်နိူင်စေတဲ့ ခေါင်းစဉ်တွေအကြောင်းအရာ တွေအများကြီးရှိပါတယ်။ အခုမှ စတွေ့တဲ့ လူကို ကျန်းမာရေးပြသာနာ၊ ပိုက်ဆံကိစ္စ၊ ဘာသာရေး၊ အရင်အလုပ်အကြောင်း (သို့) ချစ်သူရည်းစားအကြောင်း၊ နိူင်ငံရေးအကြောင်း နဲ့ ကြုံတွေ့နေရတဲ့ ပြသာနာ တွေအကြောင်း သွားပြောလို့ အဆင်မပြေပါဘူး။ ဖြစ်နိူင်သမျှ ကိုယ့်အကြောင်းမပြောပဲနဲ့ တခြားသူတွေပြောတာကို နားထောင်ပေးတာ ထောက်ခံပေးတာတွေ ပြုလုပ်ပေးပါ။

ဖုန်း (သို့) နာရီကိုမကြာခဏ ကြည့်ခြင်း

Source: Schoolashoop

ပုံမှန်လူတစ်ယောက်ဟာ သူ့ရဲ့ဖုန်းကို တစ်ရက် ပျမ်းမျှ အကြိမ် (၁၀၀) ကျော် ကြည့်လေ့ရှိပါတယ်။ စကားပြောနေတဲ့အချိန်မှာ ဖုန်းအသုံးပြုနေတာက လေးစားမူမရှိခြင်းကို ပြသနေတာပါ။ ဒါဟာ ကိုယ်နဲ့စကားပြောနေသူကို စိတ်မဝင်စားရာ (သို့) မလေးစားရာရောက်ပါတယ်။ ကျွမ်းကျင်သူတွေကတော့ စကားပြောနေချိန်မှာ ဖုန်းကို စာပွဲပေါ်တင်ထားခြင်းကလည်း တဖက်လူနဲ့ဆွေးနွေးပြောဆိုရာမှာ အနှောက်အယှက်ဖြစ်စေတယ်လို့ ပြောဆိုထားပါတယ်။

နာမည်တွေမေ့တာ

Source: BrightSide

ကိုယ်နဲ့ စကားပြောနေသူတွေရဲ့ နာမည်ကိုမေ့တာက ရှက်စရာကောင်းပါတယ်။ အထူးသဖြင့်တဖက်လူက မိမိရဲ့နာမည်ကို မှတ်မိနေရင် ပိုရှက်ဖို့ကောင်းပါတယ်။ နာမည်တွေကို မမှတ်မိတတ်ကြောင့် ဆင်ခြေတွေမပေးပါနဲ့။ မှတ်မိနေအောင် ကြိုးစားပါ။ စကားပြောနေချိန်မှာ တဖက်လူရဲ့ နာမည်ကို မကြာခဏ ထည့်သွင်းပြောကြားပေးပါ။

နောက်ကျခြင်း

Source: Monster.com

ချိန်းထားတဲ့နေရာကို နောက်ကျမှရောက်သွားခြင်းက သင်ဟာ ယုံကြည်အားကိုးလို့မရတဲ့ လူတစ်ယောက်ဆိုတာကို ပြရာရောက်ပါတယ်။ အချိန်ကို သေချာစီမံခန့်ခွဲနိူင်အောင်ကြိုးစားပါ။ ချိန်းထားတဲ့နေရာကို အချိန်မှီသွားနိူင်အောင်၊ အပြေးအလွှားမသွားရအောင် ကြိုးစားပါ။ ဖြစ်နိူင်ရင် ချိန်းထားတဲ့နေရာကို (၅) မိနစ် (သို့) (၁၀) မိနစ်ခန့် ကြိုပြီးစောရောက်အောင် သွားပါ။