လူနှစ်ယောက်တည်ဆောက်ထားတဲ့ Relationship ရေရှည်တည်မြဲဖို့နဲ့ သာယာပျော်ရွှင်ဖို့ သူရောကိုယ်ရောမှာ တာဝန်ရှိပါတယ်။ စိတ်ချမ်းသာပျော်ရွှင်ရတဲ့ အချစ်ရေးတစ်ခုဖြစ်ဖို့ဆိုတာ တစ်ယောက်နဲ့တစ်ယောက် ညှိနှိုင်းမှုတွေ နားလည်မှုတွေများစွာလိုအပ်ပါတယ်။ ဒီတစ်ခေါက်မှာ စုံတွဲတိုင်းလိုက်နာသင့်တဲ့အချက်လေးတွေကို ပြောပြပေးချင်ပါတယ်။

နှလုံးသားချင်းနီးနေပါ

couple  listen music together

Photo : The Mirror

တစ်ယောက်နဲ့ တစ်ယောက် အနေတွေဘယ်လောက်ပဲဝေးနေပါစေ နှလုံးသားချင်းနီးစပ်နေရင် နွေးထွေးမှုကိုခံစားရစေမှာသေချာပါတယ်။မတွေ့ရတဲ့ရက်တွေမှာ စာတိုလေးတွေပို့ပါ။ အချိန်မှန်ဖုန်းခေါ်ပါ။ လွမ်းကြောင်းသတိရကြောင်းပြောပြပါ။ ဒီလိုဂရုစိုက်ကြင်နာမှုတွေပေးတဲ့အခါ လူချင်းမတွေ့ရရင်တောင် နှလုံးသားချင်းနီးစပ်နေမှာပါ။

တိုင်ပင်ပါ

Lovely couple relaxing at home

 

Photo : LoveToKnow

ဘာပဲလုပ်လုပ်ကိုယ်ချစ်သူနဲ့ တိုင်ပင်ဆွေးနွေးခြင်းကိုအမြဲပြုလုပ်သင့်ပါတယ်။ ဒီလိုတိုင်ပင်ခြင်းက ကိုယ်ချစ်သူအပေါ်အလေးထားရာရောက်သလို တစ်ကိုယ်ကောင်းမဆန်တဲ့ အပြုအမူတစ်ခုလည်းဖြစ်ပါတယ်။ အသေးအမွှားကိစ္စလေးတွေကအစတိုင်ပင်ဆွေးနွေးတဲ့အခါ တစ်ယောက်အပေါ်တစ်ယောက် ရင်းနှီးမှုပိုရစေပြီး စိတ်ချယုံကြည်စေမှာဖြစ်ပါတယ်။

ပြဿနာကို အဖြေရှာပါ

happy couple hugging

Photo : Crosswalk.com

စုံတွဲတိုင်းစကားများရန်ဖြစ်တယ်ဆိုတာဖြစ်လေ့ဖြစ်ထရှိတဲ့ကိစ္စတစ်ခုပါ။ ဒါပေမယ့် ရန်ဖြစ်စကားများတဲ့အခါ ပြဿနာကအဖြေမထွက်ပဲ ဒေါသတွေနဲ့ ပြီးသွားရင်တော့ အန္တရာယ်ရှိပါတယ်။လက်တလောမှာမသိသာပေမယ့် ရေရှည်မှာအဖြေမထွက်တဲ့ပြဿနာတွေများလာရင် တစ်ယောက်နဲ့တစ်ယောက်ရင်ထဲမှာငြိုးတေးထားမှုတွေရှိလာနိုင်ပါတယ်။ဒါကြောင့်ပြဿနာဖြစ်ရင်အတက်နိုင်ဆုံးစိတ်လျော့ပြီး ပြဿနာကိုအဖြေရအောင်ရှာသင့်ပါတယ်။

အနိုင်ယူမှုတွေမလုပ်ပါနဲ့

happy couple on town

Photo : SpunOut

လူတစ်ယောက်ကိုကိုယ့်ကိုချစ်ပြီဆိုရင် အရာရာကိုအလျော့ပေးထားတက်ကြပါတယ်။ ယောကျာ်းလေးပဲဖြစ်စေ မိန်းကလေးပဲဖြစ်စေ ဒါကိုအခွင့်ကောင်းယူပြီးကိုယ်ချစ်သူအပေါ်နိုင်ထက်စီးနင်းလုပ်တာ အနိုင်ယူတာမျိုးမပြုလုပ်ပါနဲ့။ ချစ်လို့ ခွင့်လွတ်ပေးနိုင်တယ်ဆိုပေမယ့် အနိုင်ယူမှုတွေဆက်တိုက်ဖြစ်လာရင် Relationship အပေါ်ဆိုးကျိုးတွေရှိလာနိုင်ပါတယ်။

Featured Photo : AskMen