တစ်ကိုယ်ရည်သန့်ရှင်းရေးက လူတစ်ယောက်အတွက်ဘယ်လောက်အထိအရေးပါတယ်လို့ ထင်ပါသလဲ။တစ်ကိုယ်ရည်သန့်ရှင်းမှုမရှိရင် လူအများကြားသွားလာလှုပ်ရှားရာမှာ ယုံကြည်မှုပျောက်ဆုံးနိုင်သလို ဆိုးရွှားတဲ့ကျန်းမာရေးပြဿနာတွေ ကြုံတွေ့ခံစားရနိုင်ပါတယ် ။ဒီနေ့မှာတော့ တစ်ကိုယ်ရည်သန့်ရှင်းရေးပတ်သတ်ပြီး အမျိုးသားတိုင်းလိုလိုသတိထားသိတဲ့ အခြေခံအချက်လေးတွေကိုမျှဝေပေးချင်ပါတယ်။

 

(၁) မုတ်ဆိတ်ရိတ်ဓား

Sourse : Shutterstock

အရွှယ်ရောက်ပြီးသားအမျိုးသားတိုင်း မုတ်ဆိတ်ရိတ်ဓား တွေသုံးဖို့လိုလာပါတယ်။တစ်ခါသုံးမုတ်ဆိတ်ရိတ်ဓားတွေက သုံးပြီးလွင့်ပစ်လိုက်လို့ရတဲ့အတွက် ပြဿနာကြီးကြီးမားမား မရှိပေမယ့် တစ်ခါသုံးမဟုတ်တဲ့မုတ်ဆိတ်ရိတ်ဓားတွေကိုတော့အထူးသတိပြုဖို့လိုပါတယ်။မုတ်ဆိတ်ရိတ်ဓားတွေကိုအသုံးမပြုခင်သံချေးတက်နေလား ဖုန်နဲ့အညစ်ကြေးတွေကပ်တွယ်နေလားဆိုတာသေချာစစ်ဆေးပါ။အရေးကြီးဆုံးကတော့ မုတ်ဆိတ်ဓားတွေကိုတခြားသူတွေနဲ့ မျှဝေသုံးစွဲခြင်းလုံးဝလုံးဝရှောင်ကျဉ်ရမှာဖြစ်ပါတယ်။

 

(၂) အတွင်းခံဘောင်းဘီ

 

Sourse : Shutterstock

အမျိုးသားတော်တော်များများက အတွင်းခံဘောင်းဘီကို တစ်ရက်တစ်ခါလျော်ဝတ်ဖို့ပျင်းကြပါတယ်။မနေ့ကဝတ်ခဲ့တဲ့ဘောင်းဘီကိုပဲ အလွယ်တကူပြန်ဝတ်သွားတက်ကြတာပါ။တကယ်တော့ အတွင်းခံဘောင်းဘီတွေကိုတစ်ရက်တစ်ထည်သာ ဝတ်ဆင်သင့်တာဖြစ်ပါတယ်။အနံ့အသက်မထွက်သေးဘူးဆိုပေမယ့်လည်းမမြင်နိုင်တဲ့ဘက်တီးရီးယားပိုးမွှားကပ်တွယ် နေနိုင်တာကြောင့် တစ်ရက်တစ်ထည်ဝတ်ဆင်ခြင်းကသာ အကောင်းဆုံးဖြစ်ပါတယ်။အတွင်းခံဘောင်းဘီတွေကိုအလဲအလှယ်လုပ် ဝတ်ဆင်နိုင်ဖို့အတွက်အမျိုးသားတစ်ယောက်မှာ အနည်းဆုံးဘောင်းဘီ (၃)ထည်လောက်တော့ရှိထားသင့်ပါတယ်။

 

(၃) တစ်ကိုယ်ရည်သုံးပစ္စည်းများ

Sourse : Shutterstock

တစ်ကိုယ်ရည်သန့်ရှင်းမှုအတွက်အသုံးပြုတဲ့ပစ္စည်းတွေကို တစ်ယောက်ထဲသီးသန့်အသုံးပြုခြင်းက မှန်ကန်တဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်။တစ်ကိုယ်ရည်သုံးပစ္စည်းတွေဖြစ်တဲ့ကိုယ် သုတ်တဘက် သွားတိုက်တံ ချွေးနံ့ပျောက်ဆေး (Roll On) ဘီးအစရှိတဲ့ပစ္စည်း တွေကိုတခြားသော မိသားစုဝင်တွေ၊ သူငယ်ချင်းတွေနဲ့ အတူတူမျှဝေမသုံးစွဲသင့်ပါဘူး။တစ်ယောက်နဲ့တစ်ယောက်မှာ ဘယ်လိုရောဂါပိုးမွှားတွေရှိနေတယ်ဆိုတာ မသိနိုင်တဲ့အတွက်ကြိုတင်ကာကွယ်ထားခြင်းက ကုသခြင်းထက်ပို ကောင်းပါတယ်။ဒါကြောင့်တစ်ကိုယ်ရည်သုံးပစ္စည်းတွေကို တစ်ယောက်ထဲသီးသန့်အသုံးပြုပါ။

 

(၄) ခြေအိတ်

Sourse : Shutterstock

ရှုးဖိနပ်စီးတဲ့ကွီးတို့အနေနဲ့ ခြေအိတ်မှန်မှန်လျော်ဖို့ကလည်းမေ့မထားသင့်တဲ့အချက်တစ်ခုပါ။ခြေအိတ်တွေကတကယ့်ကိုဆိုးရွှားတဲ့အနံ့သက်ဆိုးတွေ ထွက်ပေါ်စေတာကြောင့် လုံးဝသတိပြုသင့်ပါတယ်။ခြေအိတ်တွေကို အနည်းဆုံး တစ်ပတ် (၁) ကြိမ်လောက်လျော်ပြီးဝတ်ဆင်သင့်ပါတယ်။ဒါ့အပြင်ခြေအိတ်အပိုတစ်စုံလောက်လည်းဆောင်ထားဖို့လိုပါမယ်။ဒါမှလည်း ပထမခြေအိတ်တစ်စုံလျော်ထားတဲ့အချိန်မှာ နောက်တစ်စုံကိုအဆင်သင့်ဝတ်ဆင်လို့ ရမှာဖြစ်ပါတယ်။ခြေအိတ်အနံ့ဆိုးထွက်ခြင်းကတကယ့်ကို လူအထင်သေးစရာကိစ္စတစ်ခုဖြစ်တာကြောင့် ခြေအိတ်အနံ့ နည်းနည်းထွက်တာနဲ့ လျော်ဖို့လိုပါမယ်နော်။