အမျိုးသားတို့အနေနဲ့ ကိုယ့်ချစ်သူကောင်မလေးရဲ့ စကားတွေကိုအပြည့်အဝယုံကြည်နေရင်တော့ မှားဖို့များပါပြီ။မိန်းကလေးတိုင်းမှာအံ့သြစရာကောင်းလောက်အောင် ရှုပ်ထွေးလွန်းတဲ့ စိတ်ခံစားချက်တွေနဲ့ မုသားစကားတွေဆိုတာအမြဲရှိပါတယ်။ကိုယ့်ချစ်သူပြောနေကြစကားတွေထဲမှာ ဘယ်စကားတွေကဂျင်းတွေ မုသားတွေဖြစ်နိုင်မလဲဆိုတာ တစ်ချက်လေ့လာကြည့်လိုက်ပါအုန်း။

(၁) ဘယ်တော့မှမထားခဲ့ကြေးနော်

Source : Shutterstock

မိန်းကလေးတွေချုပ်နေကြစကားတစ်ခွန်းက ဘယ်တော့မှမထားခဲ့ကြေးနော်ဆိုတဲ့စကားဖြစ်ပါတယ်။ဒီလိုပြောပြီးအဆင်မပြေရင်အရင်ဆုံးလမ်းခွဲစကားပြောကြတာလည်းသူတို့ပါ။မထားခဲ့နဲ့နော်ပြောလေအမျိုးသားတွေမှာ ဖီးလ်တွေဖြစ်ပြီးအရာအားလုံးပုံအပ်ချစ်မိလေပါပဲ။ဖူးစာပါရင်ထားခဲ့ချင်တောင်ထားခဲ့လို့မရတဲ့အတွက် အတူတူရှိနေခွင့်ရတဲ့အချိန်လေးမှာ အကောင်းဆုံးနေထိုင်သွားဖို့ပဲ အကြံပေးချင်ပါတယ်။

(၂) တွဲခဲ့ဖူးတဲ့လူတွေထဲမှာအကောင်းဆုံးပါ

Source : Shutterstock

သူမတွဲခဲ့ဖူးတဲ့ရည်းစားဟောင်းတွေထဲမှာ ကိုယ်ကအကောင်းဆုံးလူ သူမကိုအရာရာနားလည်ပေးနိုင်ဆုံးလူ စတဲ့စကားတွေနဲ့ ချုပ်တက်ကြပါတယ်။အရင်လူတွေကိုလည်း ထို့နည်းတူစွာပဲပြောခဲ့မယ်ဆိုတာ တွေးကြည့်ရုံနဲ့သိနိုင်သလို ကိုယ်နဲ့ ပြတ်သွားခဲ့သည်ရှိသော်နောက် တစ်ယောက်ကိုလည်း ဒီလိုစကားပြောမယ်ဆိုတာ သေချာသလောက်ကိုရှိပါတယ်။ဒါကြောင့်တွဲခဲ့ဖူးတဲ့ထဲမှာကိုယ်က အကောင်းဆုံးလူပါလို့ပြောလာပြီဆိုရင်တော့ ခြင့်ချိန်ပြီးသာယုံပါ။

(၃) နောက်တစ်ယောက်ဆိုတာမရှိနိုင်တော့ဘူး

Source : Shutterstock

ဒါလဲအကြီးကြီးကြွေစေမယ့် ဂျင်းစကားတစ်ခုပါ။ဘယ်အရာမှ မတည်မြဲတဲ့လောကကြီးမှာ ကိုယ်မှလွဲပြီး နောက်တစ်ယောက်လုံးဝမရှိနိုင်တော့ဘူးဆိုတာသေချာပါ့မလား။အချိန်ကြာလာလို့တစ်ယောက်အကြောင်းတစ်ယောက်သိပြီး လက်မခံနိုင်တဲ့အရာတွေ ခံယူချက်တွေမတူပဲ ရှေ့ဆက်ဖို့ခက်လာတဲ့အချိန်မှာတော့ နောက်တစ်ယောက်ဆိုတာမရှိနိုင်တော့ဘူးဆိုတဲ့စကားက အလကားဖြစ်သွားပါလိမ့်မယ်။ချစ်သူသက်တမ်းနုသေးတဲ့အချိန်မှာမိန်းကလေးတိုင်းလိုလိုပြောနေကြစကားတစ်ခုဖြစ်တဲ့အတွက် လုံးဝမယုံကြည်လိုက်ဖို့မှာချင်ပါတယ်။

(၄) တခြားဘယ်ယောကျာ်းလေးမှစိတ်မဝင်စားဘူး

Source : Shutterstock

ကိုယ်ကလွဲရင်ဘယ်ယောကျာ်းလေးမှစိတ်မဝင်စားဘူးဆိုတဲ့ မိန်းကလေးတစ်ယောက်ရဲ့ ဆိုရှယ်မီဒီယာအကောင့်ကိုတစ်ချက်စစ်ကြည့်ပါ။Exoတွေ BTS တွေ ဘာညာသာရကာကိုရီးယားအဆိုတော်ကောင်လေးတွေရဲ့ အကောင့်တွေကို Follow လုပ်ထားတာမျိုး ခပ်ချောချောကောင်လေးပုံတွေ ဘော်ဒီမိုက်တဲ့ကောင်လေးပုံတွေကို Love React ပေးထားတာတွေတစ်ပုံကြီ.တွေ့ရမယ်ဆိုတာအသေချာပါပဲ။လူတိုင်းလူတိုင်းချောတာလှတာမြင်ရင် သဘောကျတက်တဲ့အတွက် တခြားယောကျာ်းလေးတွေကို လုံးဝစိတ်မဝင်စားဘူးဆိုတာ နားထောင်ကောင်းရုံပြောတဲ့စကားသက်သက်ပါ။