လုပ်ငန်းခွင်အတွင်းမှာ ကိုယ်ကိုယ်တိုင် သတိမထားမိဘဲ ပြုမူမိနေတဲ့ အပြုအမူမှားတွေရှိပါတယ်။ ကိုယ်ကသတိမထားမိဘဲ ပြုမူနေတာဖြစ်ပေမယ့်လည်း လုပ်ဖော်ကိုင်ဖက်တွေနဲ့ အထက်လူကြီးတွေကတော့ အဲဒီအပြုအမူမှားတွေကို သတိထားမိကြပါတယ်။ ဒီတော့ ကိုယ်သတိမထားမိဘဲ ဒီအပြုအမူတွေ လုပ်နေမိသလားဆိုတာ ဆန်းစစ်ကြည့်ကြရအောင်။

အချိန်နောက်ကျတတ်ခြင်း

Source: Human Resources Online

အခုခေတ်ကြီးမှာ အရေးကြီးဆုံးက အချိန်တိကျဖို့ ဆိုပေမယ့်လည်း လူတိုင်းက အချိန်နောက်ကျတာကို ထမင်းစားရေသောက်လို ဖြစ်နေကြပါပြီ။ အကြောင်းပြချက်ကတော့ ကားလမ်းတွေ ပိတ်နေလို့ပါဆိုတဲ့ တစ်ခုတည်းသော အကြောင်းပြချက်နဲ့ နောက်ကျနေကြတာပါ။ တစ်ကြိမ် နှစ်ကြိမ်မှာ ပြဿနာမရှိပေမယ့်လည်း အကြိမ်များစွာ နောက်ကျနေပြီဆိုရင်တော့ ပြဿနာရှိသွားပါပြီ။

အသေးအမွှားကိစ္စများအပေါ် အာရုံထားခြင်း

Source: ExecuNet

လုပ်ငန်းခွင်မှာ ပြဿနာဆိုတာ ကြုံရစမြဲပါပဲ။ ဒီလိုပြဿနာတွေအများကြီး ကြုံနေရတဲ့ လုပ်ငန်းခွင်လို နေရာမျိုးမှာ အသေးအမွှားကိစ္စလေးတွေအပေါ် အာရုံထားနေမယ်ဆိုရင်တော့ ဒါဟာ စိတ်အနှောင့်အယှက်ဖြစ်စရာဖြစ်သွားပါပြီ။ အလုပ်တွေကို နေ့စဉ်နဲ့အမျှ လုပ်နေကြရတာဖြစ်တဲ့အတွက် ဘယ်သူကမှ အသေးအမွှားကိစ္စရပ်တွေအပေါ် အာရုံမထားနိုင်ကြပါဘူး။

မနာလိုပြိုင်ဆိုင်မှုများခြင်း

Source: CareerAddict

လုပ်ငန်းခွင်အတွင်း ပြိုင်ဆိုင်ချင်ရင်တော့ အလုပ်တွေပေါ်မှာ ပြိုင်ဆိုင်ကြဖို့ သင့်ပါတယ်။ မဟုတ်တဲ့အသုံးအဆောင်ပစ္စည်းတွေ၊ လုပ်ငန်းခွင်နဲ့ မသက်ဆိုင်တဲ့နေရာတွေမှာ လိုက်ပြိုင်နေမယ်ဆိုရင်တော့ ပြိုင်ဆိုင်နေသူတွေလည်း ပူလောင်ရသလို မြင်နေတွေ့နေရတဲ့ လုပ်ဖော်ကိုင်ဖက်တွေလည်း အာရုံနောက်ရပါတယ်။

ဘဝင်မြှင့်ခြင်း

Source: Uncova

လုပ်ငန်းခွင်အတွင်းမှာ အသားလွတ်ဘဝင်မြင့်နေလို့ မရပါဘူး။ လူတိုင်းဟာ နေ့စဉ်နဲ့အမျှ ကြိုးစားနေကြလို့ လူတိုင်းကိုလည်း အထင်သေးနေလို့မရပါဘူး။ လူတွေကို အထင်သေးပြီး ကိုယ့်ကိုယ်ကိုယ် ဘဝင်မြင့်နေမယ်ဆိုရင် နောက်ကောက်ကျန်ခဲ့ပါလိမ့်မယ်။