ပျော်စရာကောင်းတဲ့  သင်္ကြန်အချိန်အခါလေးရောက်ဖို့ ရက်ပိုင်းပဲလိုပါတော့တယ်။ အခုချိန်မှာ တော်တော်များများလည်း မဏ္ဏပ်ထိုင်မယ် ရေပက်ခံထွက်မယ် ဘာသာရေးလုပ်မယ်စသည်ဖြင့် သင်္ကြန်အတွက် Plan တွေဆွဲပြီးကြလောက်မယ်ထင်ပါတယ်။ ဒါပေမယ့် ရေပက်ခံထွက်ရတာလည်း မကြိုက်သလို မဏ္ဍပ်ထိုင်ရတာလည်း သဘောမကျတဲ့ စာရေးသူနဲ့ဘဝတူ အိမ်တွင်းအောင်းမယ့်သူတွေလည်း အများကြီးရှိနေကြမယ် ထင်ပါတယ်။ ဒါကြောင့် သင်္ကြန်မှာ အိမ်တွင်းအောင်းရပေမယ့်လည်း သူများတွေနဲ့ တန်းတူပျော်ရွှင်နိုင်အောင် ဘာတွေလုပ်သင့်လဲ အတူတူဖတ်ကြည့်ရအောင်။

(၁) စာအုပ်ဖတ်ပါ

Source : CNBC.com

သင်္ကြန်ကာလဟာ ရက်ရှည်အားလပ်ဖြစ်တာကြောင့် အလုပ်တွေ အားလုံးခဏမေ့ထားပြီး စာအုပ်လေးတွေဖတ်ကာ အေးဆေးအနားယူသင့်ပါတယ်။အချစ်ဝတ္ထုစာအုပ်လေးတွေပဲဖတ်မလား စိတ်ဓာခွန်အားဖြစ်စေမယ့် စာအုပ်လေးတွေဖတ်မလား စသည်ဖြင့် ကိုယ်နှစ်သက်ရာကိုရွေးချယ်ဖတ်နိုင်ပါတယ်။ ကော်ဖီပူပူလေးတစ်ခွက်ရယ် စာအုပ်ကောင်းလေးတစ်အုပ်ရယ်နဲ့ သင်္ကြန်ပိတ်ရက်ကိုဇိမ်ကျကျဖြတ်သန်းလိုက်ပါ။

(၂) ရုပ်ရှင်ကြည့်ပါ

Source : Northern Virginia Magazine

စာအုပ်ဖတ်တာ ငြီးငွေ့လာရင် ရုပ်ရှင်ဇာတ်ကားကောင်းကောင်းလေးတွေ ပြောင်းကြည့်လို့ရပါတယ်။ တစ်နှစ်ပတ်လုံးအလုပ်မှာပင်ပန်းခဲ့သမျှ အခုလိုသင်္ကြန်ပိတ်ရက်လေးမှာ အတိုးချအနားယူလိုက်ပါ။ မုန့်တွေအများကြီးဝယ် အခန်းမီးလေးပိတ်ပြီး ကိုယ်ကြိုက်တဲ့ ရုပ်ရှင်ဇာတ်လမ်းကောင်းလေးတွေ တစ်ကားပြီးတစ်ကားကြည့်ရင်း Chill လိုက်ပါ။

(၃) မုန့်လုပ်စားပါ

Source : Ethnic Seattle

သင်္ကြန်ပိတ်ရက်မှာ မိသားစုနဲ့ ပျော်ပျော်ပါးပါး မုန့်လုပ်စားပါ။ သင်္ကြန်တွင်းမှာ စားကိုစားသင့်တဲ့ မုန့်လေးတွေကတော့ မုန့်လုံးရေပေါ် ၊ ရွှေရင်အေး ၊ သင်္ကြန်ထမင်း စတဲ့ရာသီစာလေးတွေကို ပျော်ပျော်ပါးပါး လုပ်စားသင့်ပါတယ်။ ဒါမှမဟုတ် ဟောပေါ့ ၊ အသားကင် စတဲ့အစားအသောက်လေးတွေလည်း မိသားစုသိုက်သိုက်ဝန်းဝန်း စာသောက်ရင်း သင်္ကြန်ကို ပျော်ရွှင်စွာဖြတ်သန်းလိုက်ပါ။

(၄) ရေကစားနေသူတွေကို ထိုင်ကြည့်ပါ

Source : The Independent

ကိုယ်တိုင်ရေကစားရတာမကြိုက်ပေမယ့် သူများတွေရေဆော့ နေတာလေးတွေတော့ ထိုင်ကြည့်ရတာသဘောကျတယ်ဆိုတဲ့ သူတွေရှိလား။ ရှိတယ်ဆိုရင်တော့ စာရေးသူနဲ့  High Five လာလုပ်ပါနော်။ ကိုယ်တိုင်တော့ ရေမဆော့ချင်ဘူး။ ရေဆော့နေတဲ့ သူတွေထိုင်ကြည့်ရတာနဲ့တင် အပျော်တွေကူးစက်နေတာဖြစ်ပါတယ်။ ဒါကြောင့်အိမ်ရှေ့မှာခုံလေးတစ်လုံးချပြီး ရေဆော့နေတဲ့ကလေးတွေ ရေပက်ခံကားတွေထိုင်ကြည့်ပါ။

(၅) ပြည့်ပြည့်ဝဝအိပ်စက်ပါ

Source : SteemKR

တစ်နှစ်ပတ်လုံး မနက်အစောကြီးထရတာတွေ အိပ်ရေးမဝခဲ့တာတွေကို သင်္ကြန်မှာ အတိုးချပြီး အိပ်စက်လိုက်ပါ။သင်္ကြန်ပိတ်ရက်လို နှစ်ခါပြန်မရတဲ့ ဒီလိုအခွင့်အရေးကောင်းကြီးကို ပြည့်ပြည့်ဝဝအိပ်စက်ခြင်းနဲ့ ကောင်းစွာအသုံးချလိုက်ပါ။ အရသာရှိတာတွေစားလိုက် ပြန်အိပ်လိုက် လုပ်ပါ။