လမ်းလျှောက်ခြင်းဟာ လူတွေရဲ့အကောင်းဆုံး ဆေးတစ်ခွက်လို့ပြောလို့ရပါတယ်။ ပုံမှန်လမ်းလျှောက်ပေးတာ၊ အိပ်ရေးဝဝအိပ်ခြင်းနှင့် ကျန်းမာရေးနှင့်အညီစားသုံးခြင်း တွေကိုစနစ်တကျပြုလုပ်ပေးမယ်ဆိုရင် ဆရာဝန်ဆိုတာ တစ်နှစ်နေမှတစ်ခေါက်တောင် သွားတွေ့စရာမလိုပါဘူး။
တစ်ရက်ကို ၁၅-၃၀ မိနစ်ခန့် လမ်းလျှောက်ပေးတာက လူတစ်ယောက်ရဲ့ရုပ်ရည်သွင်ပြင်ကို ကြည့်ကောင်းလာစေတဲ့အပြင် ကျန်းမားရေးအတွက်လည်း အထောက်အကူဖြစ်စေပါတယ်။ ဒီနေ့တော့ လမ်းလျှောက်ခြင်းကနေ ရရှိနိူင်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေအကြောင်း ပြောပြပေးသွားမှာပါ။
ဦးနှောက်ကျန်းမာရေး
လေ့လာမူတွေအရ အေရိုးဘစ်အားကစားများပြုလုပ်ခြင်း ဥပမာ လမ်းလျှောက်ခြင်း ကိုပုံမှန်ပြုလုပ်ပေးပါက ရူးသွပ်ခြင်း ကိုကာကွယ်ပေးကာ မှတ်ညဏ်ချွတ်ယွင်းခြင်း ကိုလျှော့ချပေးပါတယ်။ ပြီးတော့ စိတ်ကျန်းမာရေးအတွက်လည်း အထောက်အကူပြုပါသေးတယ်။
အမြင်အာရုံ
ခြေထောက်နဲ့မျက်လုံးက ဘာမှမဆိုင်ဘူးလို့ထင်ရပေမယ့် လမ်းလျှောက်ခြင်းက မျက်လုံးကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ ပြီးတော့ မျက်လုံးပေါ်ကျရောက်တဲ့ ဖိအားတွေကို လျှော့ချပေးကာ ရေတိမ်ရောဂါဖြစ်ခြင်းကိုလည်း တိုက်ခိုက်ပေးပါတယ်။
နှလုံးကျန်းမာရေး
အမေရိကန် နှလုံးကျန်းမာရေးအဖွဲ့အစည်းရဲ့ ဖော်ပြချက်အရ လမ်းလျှောက်ခြင်းဟာ နှလုံးနဲ့ဆိုင်တဲ့ရောဂါတွေ (သို့) ရုတ်တရက် သတိလစ်ခြင်း ရောဂါတွေကို ကာကွယ်ပေးနိူင်တယ်လို့ သိရပါတယ်။ ပုံမှန်လမ်းလျှောက်ခြင်းက သွေးဖိအားကိုလျှော့ချပေးပြီးတော့ သွေးလည်ပတ်မူကို မြင့်တင်ပေးကာ နှလုံးကျန်းမာရေးကို အထောက်အကူပြုပေးပါတယ်။
အစာခြေစနစ်
တစ်ရက်ကို မိနစ် ၃၀ ခန့်လမ်းလျှောက်ပေးခြင်းက အူမကြီးကင်ဆာ ဖြစ်နိူင်ချေကို လျှော့ချပေးရုံသာမက အစာခြေစနစ်ကိုလည်း ကောင်းမွန်စွာအလုပ်လုပ်နိူင်အောင် ကူညီပေးပါတယ်။
အရိုးအဆစ်တွေသန်မာစေတယ်
လမ်းလျှောက်ခြင်းဟာ အဆစ်တွေကိုပိုမိုခိုင်မာစေပြီးတော့ အရိုးတွေ ကျိုးပဲ့ခြင်းကိုလည်း လျှော့ချပေးပါတယ်။ ကျွမ်းကျင်သူတွေကတော့ အဆစ်ရောင်ရမ်းနာကျင်ခြင်း ကိုလျှော့ချဖို့အတွက် တစ်ရက်ကို မိနစ် ၃၀ ခန့် လမ်းလျှောက်ပေးဖို့ အကြံပေးထားပါတယ်။
ခါနာခြင်း
ခါနာတဲ့ရောဂါရှိသူတွေအတွက်တော့ လမ်းလျှောက်ခြင်းက အကောင်းဆုံး ဆေးတခွတ်လို့ပြောရမှာပါ။ လမ်းလျှောက်ခြင်းဟာ ကျေားရိုထဲသွေးလည်ပတ်ခြင်းကို ကောင်းမွန်စေတဲ့အပြင် ကျေားရိုးကျန်းမာရေးအတွက် အရေးပါတဲ့ ကိုယ်နေဟန်ထားကိုလည်း ရရှိစေပါတယ်။
Source: Bright Side