လူတော်တော်များများက အားကစားလုပ်နေစဉ်အတွင်း နဲ့ အားကစားလုပ်ပြီးချိန်မှာ ရေများများသောက်ခြင်းဟာ မကောင်းဘူးလို့ယူဆထားကြတယ်။ ကျွင်းကျင်သူတွေကတော့ ခန္ဓာကိုယ်အနေနဲ့ လုံလောက်တဲ့ ရေပမာဏ မရရှိခဲ့ရင် ဆိုးကျိုးတွေရရှိနိုင်တယ်လို့ပြောထားကြပါတယ်။

Kwee ဒီနေ့ဆွေးနွေးပေးသွားမှာကတော့ အားကစားလုပ်ပြီး ရေလုံလောက်စွာမသောက်သုံးရင် ခန္ဓာကိုယ်မှာဖြစ်လာနိုင်တဲ့ အကျိုးဆက်တွေအကြောင်းပါ။

အသားအရေတွေ ခြောက်ကပ်လာမယ်

Source: Men’s Journal

အားကစားလုပ်ခြင်းက အသားအရေ နုပျိုခြင်းနဲ့အိုမင်ခြင်း အပေါ်မှာ သက်ရောက်မှုရှိပါတယ်။ အားကစားလုပ်ခြင်းက သွေးလည်ပက်မှုကိုကောင်းမွန်စေပြီး ကော်လဂျင် များများထုတ်ပေးခြင်းဖြင့် အသားအရေ တွန့်ခြင်းကို လျှော့ကျစေပါတယ်။

အဆီမကျပဲရေဓာတ်ဆုံးရှုံးမယ်

Source: Men’s Journal

တစ်ချို့လူတွေက အားကစားလုပ်နေစဉ်အတွင်းမှာ ရေမသောက်ဘူးဆိုရင် ဝိတ်မြန်မြန်ကျတယ်လို့ ယူဆထားကြတယ်။ အားကစားလုပ်ပြီးပြီးချင်းမှာ ဝိတ်ချိန်ကြည့်လိုက်ရင် ဝိတ်နည်းနည်းကျနေတာကို တွေ့ပါလိမ့်မယ်။ ဒါပေမယ့် အဆီပိုတွေ လောင်ကျွမ်းသွားတာမဟုတ်ပါဘူး။ ခန္ဓာကိုယ်အတွင်းမှာ ရှိတဲ့ ရေဓာတ်တွေ ဆုံးရှုံးသွားတာပါ။ ရေဓာတ်မလုံလောက်ခြင်းက အဆီပိုတွေလောင်ကျွမ်းမှုကို နှေးကွေးစေပါတယ်။ သွေးလည်ပတ်မှုကိုလည်း အနှောက်အယှက်ဖြစ်စေတာကြောင့် အသားအရေတွေ ခြောက်ကပ်လာပါလိမ့်မယ်။

အဆိပ်အတောက်တွေ ခန္ဓာကိုယ်ထဲမှာ ကျန်နေမယ်

Source: depositiphotos

အားကစားလုပ်တဲ့အချိန်မှာ ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ဟာ ချွေးတွေကနေတဆင့် အဆိပ်အတောက်တွေကို အရေပြားကနေဖြတ်ပြီး စစ်ထုတ်ပေးပါတယ်။ တကယ်လို့ ရေကိုလုံလောက်စွာမသောက်ဘူးဆိုရင် အဆိပ်အတောက်တွေကို စစ်ထုတ်ဖို့ ချွေးပမာဏ မလုံလောက်တာကြောင့် အဆိပ်အသောက်တွေက ခန္ဓာကိုယ်ထဲမှာ ကျန်နေခဲ့မှာပါ။

ကြွက်သားတွေ နာလာမယ်

Source: Shathayu Ayurveda

အားကစားလုပ်ပြီးရင် ကြွက်သားနာတာက ပုံမှန်ပါပဲ။ ဒါပေမယ့် ရေလုံလုံလောက်လောက်မသောက်ရင်တော့ ကြွက်သားနာတာဟာ ရက်ပေါင်းများစွာကြာနိုင်ပါတယ်။

အာရုံစူးစိုက်နိုင်မှု လျှော့ကျလာမယ်

Source: Healthline

ခန္ဓာကိုယ်အတွင်း ရေဓာတ် (၁) သို့ (၂) ရာခိုင်နှုန်းလောက် ဆုံးရှုံးသွားရင်တောင် တခုခုကို အာရုံစူးစိုက်နိုင်စွမ်း လျှော့ကျလာတတ်ပါတယ်။ ပြီးတော့ စိတ်ပင်ပန်းပြီး မောပန်းခြင်းကို ခံစားရနိုင်ပါတယ်။