ရည်မှန်းချက်ကြီးတဲ့ ယောင်္ကျားတွေဟာ Gentleman လို့ ခေါ်တဲ့ ဂုဏ်သရေရှိ ယောင်္ကျားတစ်ယောက်ဖြစ်လာဖို့ အမြဲပဲ မျှော်လင့်ချက်ထားတတ်ကြပါတယ်။ တကယ့် Gentleman ဆိုတာ ရှင်းရှင်း ပြောရရင် အမျိုးကောင်းသားဆိုတဲ့ အဓိပ္ပါယ်ပါပဲ။ ဒီထက် ယောင်္ကျားတစ်ယောက်ကို ဂုဏ်မြင့်စေတဲ့ အသုံးအနှုန်းလည်း ရှိမယ် မထင်ပါဘူး။ ဒါဆို Gentleman ဖြစ်လာဖို့ ဘယ်လို လုပ်ရမလဲ။ Gentleman တစ်ယောက်ဟုတ်မဟုတ်ဆိုတာ ဘာတွေနဲ့ တိုင်းတာနိုင်မလဲ။ Gentleman တစ်ယောက်မှာ ဘယ်လို အရည်အချင်းတွေ ရှိတတ်သလဲ။

(၁) သွားပုတ်လေလွင့်မပြောဘူး

successful-entrepreneurs-analyzing-perspectives

Photo: Freepik

Gentleman ကောင်းတစ်ယောက်ဟာ နှုတ်စည်းစောင့်တဲ့သူဖြစ်ပါတယ်။ ရိုင်းရိုင်းစိုင်းစိုင်း ဆဲဆိုကြိမ်းမောင်းတဲ့အလုပ် သူဘယ်တော့မှ မလုပ်သလို သူတစ်ပါးဂုဏ်သိက္ခာထိခိုက်စေမယ့် အတင်းအဖျင်းတွေ ပြောတာမျိုးလည်း ရှောင်ကြဉ်သူ ဖြစ်ပါတယ်။ ပေးထားတဲ့ ကတိတစ်လုံးကိုလည်း တန်ဖိုးထားတဲ့သူဖြစ်လို့ သူ့ကို လူတွေက ယုံကြည်ကြသလို သူပြောတဲ့စကားဆိုလည်း လူတွေက အလေးအနက်ထားကြပါတယ်။

(၂) အားနည်းသူကို ဦးစားပေးတယ်

team-business-people-stacking-hands

Photo: Freepik

လူကြီးလူကောင်းဆန်တဲ့သူဟာ အခွင့်အရေးတစ်ခုကြုံတဲ့အခါ ကလေးသူငယ် ၊ အမျိုးသမီး ၊ သက်ကြီးရွယ်အိုနဲ့ ကိုယ့်ထက် အားနည်းသူကို ဦးစားပေးတယ်။ အခက်အခဲ ကြုံတဲ့အခါ ဝင်ဖြေရှင်းပေးပါတယ်။ ရထားပေါ် ၊ ကားပေါ်မှာ ပစ္စည်းတွေ မနိုင်မနင်းသယ်လာသူကို ကူသယ်ပေးတာမျိုး ၊ လမ်းကူးဖို့ အခက်တွေ့နေတဲ့ သက်ကြီးရွယ်အိုတွေနဲ့ ကလေးတွေကို ကူပြီး လမ်းရှင်းပေးတာမျိုးဟာ Gentleman ဆန်တဲ့အပြုအမူပဲ ဖြစ်ပါတယ်။

(၃) ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုနဲ့ မာနထောင်လွှားမှု ခွဲခြားနားလည်တယ်

handsome-man-suit

Photo: Freepik

ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုဆိုတာ ကိုယ့်ကိုယ်ကိုယ် စိတ်ချသေချာတဲ့စိတ်နဲ့ နေထိုင်တာ ဖြစ်ပြီး မာနထောင်လွှားမှုဆိုတာ ကိုယ့်ကိုယ်ကိုယ် အရှိတရားထက် အလွန်အကျွံပို ထင်မြင်နေမိတာြဖစ်ပါတယ်။ ဒီအချက်ကို Gentleman တွေက နားလည်ပါတယ်။ နားလည်တာကြောင့်ပဲ ဘဝတိုးတက်အောင်မြင်ပြီး လူတွေအကြား လေးစားခံထိုက်သူဖြစ်အောင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု Confidence ရှိရှိနဲ့ နေထိုင်ကြပါတယ်။ ဘဝင်မြင့်တဲ့စိတ်နဲ့ နေသူဟာ လူတွေအကြား ကဲ့ရဲ့ရှုတ်ချစရာဖြစ်လာပြီး တစ်နေ့ ကျရှုံးမှုနဲ့ပဲ ရင်ဆိုင်ရတတ်ပါတယ်။

(၄) သဘောထားပွင့်လင်း ရိုးဖြောင့်တယ်

diverse-excited-best-friends-giving-high-five-together-cafe-meeting

Photo: Freepik

တကယ်ထက်မြက်တဲ့ Gentleman ဆိုတာ တခြားသူတွေရဲ့ အမြင်ကို ကြားသိရဖို့ ကိုယ့်စိတ်ကို ဖွင့်ထားသူမျိုး ဖြစ်ပါတယ်။ ကိုယ်မှန်တယ် ထင်တာနဲ့ပဲ အရာအားလုံးကို တရားလက်လွတ် ခေါင်းမာမာနဲ့ ဆုပ်ကိုင်မထားတတ်ဘဲ အမြဲလေ့လာသင်ယူမှုအသစ်တွေ လုပ်နေတဲ့သူမျိုးမှ Gentleman လို့ ခေါ်တာပါ။ တစ်ဖက်ပိတ် အတွေးဟောင်းတွေနဲ့ နေထိုင်ရင်း သိပ်အငြင်းသန်ရင်တော့ Gentleman ဖြစ်လာမှာ မဟုတ်ပါဘူး။

(၅) ယဉ်ကျေးမှု နားလည်တယ်

Handshake Business Men Concept

Photo: Freepik

Gentleman တစ်ယောက်ဟာ သူ့နေရာနဲ့သူ သပ်သပ်ရပ်ရပ် ဝတ်စားတတ်သူ ၊ ဓလေ့ထုံးစံတွေကို အလေးအနက်ထား လိုက်နာသူ ဖြစ်ပါတယ်။ လူအချင်းချင်း ဆက်ဆံရေးမှာ ပြေပြစ်ညက်ညောသူဖြစ်ပြီး တစ်ဖက်လူကိုလည်း လေးလေးစားစား ဆက်ဆံတတ်ပါတယ်။ သူစိမ်းတစ်ယောက်နဲ့ လက်ဆွဲနှုတ်ဆက်တဲ့အခါမှာလည်း စိတ်ပါလက်ပါ အားပါးတရ လက်ဆွဲနှုတ်ဆက်သလို Eye Contact လို့ ခေါ်တဲ့ အကြည့်ချင်းဆုံပြီး အသိအမှတ်ပြုတတ်ပါတယ်။
ဒီလို အချက်တွေလောက် ပြည့်စုံအောင် လုပ်ထားရင်ကို ယောင်္ကျားတစ်ယောက်ဟာ ပထမတန်းစားယောင်္ကျားစာရင်းဝင် Gentleman ဖြစ်ဖို့ နီးစပ်လာမယ်လို့ ပြောချင်ပါတယ်။