လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀-၁၀၀ ကျော်တုန်းက သိပ္ပံပညာရှင်တွေဟာ လူတွေတစ်ယောက်နဲ့တစ်ယောက် အဝေးကြီးမှာရှိနေကြတဲ့အချိန် ဆက်သွယ်နိုင်တဲ့ ကိရိယာတွေ ရှိလာလိမ့်မယ်လို့ ပြောဆိုခဲ့ကြဖူးပါတယ်။ ဒါပေမယ့် ဘယ်သူကမှ ဒါကိုတကယ်ဖြစ်လာလိမ့်မယ်လို့ မတွေးခဲ့ကြဘူး။ အခုတော့ ဖုန်းတွေ အင်တာနက်တွေ ရှိနေပါပြီ။

ဒီနေတော့ kwee page ကနေလာမယ့် နှစ်ပေါင်း (၂၀) အတွင်း ကွယ်ပျောက်သွားကောင်း သွားနိုင်တဲ့အရာတွေအကြောင်းပြောပြပေးသွားမှာပါ။

ပလက်စတစ်

လာမယ့် နှစ်ပေါင်း (၂၀) အတွင်းပျောက်ကွယ်သွားနိုင်တဲ့ ပစ္စည်းတွေမှာ ပလက်စတစ် နဲ့ပြုလုပ်ထားတဲ့ရေသန့်ဘူးတွေ အမှိုက်အိတ်တွေပါဝင်ပါတယ်။ ယနေ့ခေတ်မှာ ပြောင်းဖူးမှုန်နဲ့ ပြုလုထားတဲ့ အမှိုက်အိတ်တွေ နဲ့ ရက်ပေါင်း (၈၀) အတွင်း ပျက်စီးသွားနိုင်တဲ့ biodegradable ရေဘူးတွေ ဝယ်ယူရရှိနိူင်ပါပြီ။ သူတို့ရဲ့ ထုတ်လုပ်မူက ဈေးနှုန်းမြင့်မားပေမယ့် ပတ်ဝန်းကျင်ကိုဂရုစိုက်တဲ့သူတွေအများစုကတော့ လာမယ့်ကာလအတွင်းမှာ တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြပါလိမ့်မယ်။ ဒီလိုအခြေအနေရောက်လာပြီဆိုရင်တော့ ပလတ်စတစ် တွေဟာလာမယ့် နှစ်ပေါင်း (၂၀) အတွင်းပျောက်ကွယ်သွားနိုင်ပါတယ်။

Personal space (ပုဂ္ဂိုလ်ရေး လွတ်လပ်ခွင့်)

ဒီအချက်တော့ မလွဲဧကန် ဖြစ်လာနိုင်တဲ့ကိစ္စတခုဖြစ်ပါတယ်။ ဆိုရှယ်မီဒီယာ၊ အင်တာနက်၊ search engines တွေ၊ လုံခြုံရေးကင်မရာတွေ၊ မျက်နှာဖက်တဲ့စနစ်တွေကြောင့် လူတွေရဲ့ Personal space (ပုဂ္ဂိုလ်ရေး လွတ်လပ်ခွင့်) တွေတဖြည်းဖြည်းနဲ့ ဆုံးရှုံးလာနေကြပါတယ်။ လူတစ်ယောက်က အခြားလူတွေမသိအောင် တခုခုလုပ်ဖို့ အခုဆိုရင် တော်တော်လေး ခက်ခဲတဲ့အခြေအနေတွေမှာ ရောက်နေပါပြီ။

ရွှေ

လူတွေနေထိုင်နေတဲ့ ကမ္ဘာကြီးမှာ ရွှေပမာဏဟာ အကန့်အသက်နဲ့ပဲတည်ရှိနေပါတယ်။ US Geological Survey ရဲ့လေ့လာမှုတွေအရ တန်ပေါင်း ၅၀,၀၀၀ ခန့်မြေကြီးထဲမှာကျန်နေပြီး တန်ပေါင်း ၂.၅ သန်းခန့် နှစ်စဉ်တူးဖော်နေကြပါတယ်။ ဒီနှုန်းအတိုင်းဆိုရင် နောင်လာမယ့် (၁၇) နှစ်အတွင်း ရွှေတွေကုန်ခမ်းသွားနိုင်ခြေရှိပါတယ်။

ကားပိတ်တာတွေ

ဒီအချက်ကတော့ ယုံရခက်ပါတယ်။ ဒါပေမယ့် လာမယ့်နှစ်တွေမှာ ကားတွေဟာ ကုန်းပေါ်ကမသွားတော့ပဲ လေပေါ်ကသွားနိုင်တဲ့ စနစ်တွေတပ်ဆင်အသုံးပြုလာနိုင်မှာဖြစ်ပါတယ်။ ပြီးတော့ ကားတွေမှာတပ်ဆင်ထားတဲ့ ကွန်ပြူတာတွေက ကားအရှင်းဆုံးဖြစ်တဲ့ လမ်းကိုရွေးချယ်ပေးနိုင်တာကြောင့် ကားကြပ်မူကို ရှောင်ရှားလာနိုင်ကြပါတော့မယ်။ နောက်ထပ်အချက်တခုကတော့ မီးပွိုင့်စနစ်တွေ အဆင့်မြှင့်လာပြီး ယာဉ်တွေကို ကောင်းမွန်စွာထိန်းချုပ်လာနိုင်တော့မှာဖြစ်တာကြောလည်း ကားပိတ်တာတွေက အနာဂတ်မှာ ကင်းရှင်းသွားနိုင်ပါတယ်။

Source: Bright Side