မိန်းကလေးအများစုက စကားပြောလိမ်မာပါးနပ်ပြီး တော်ကီညှက်တဲ့ ကောင်လေးတွေကို သဘောကျတတ်ကြသလို အခွင့်အရေးလည်း ပိုပေးတတ်ကြပါတယ်။ သို့သော်လည်း သူတို့မကြိုက်တဲ့ စကားခုခုပြောမိလို့ကတော့ မိုးမီးလောင်ပြီလို့သာ မှတ်လိုက်ပါ။ ဒါကြောင့် သင့် ချစ်သူကောင်မလေးရဲ့ အမျက်တော်ရှတာ မခံချင်ရင်တော့ ကောင်မလေးတွေ လုံးဝမကြိုက်တဲ့ စကားတွေကို သိထားဖို့လိုပါမယ်။

(၁) ဝလာသလိုပဲ

Source : Washington Post

အရင်ကထက် တကယ်ဝလာရင်တောင် ဝယ်တယ်လို့ အပြောမခံနိုင်တဲ့ မိန်းကလေးတွေရဲ့ ထူးဆန်းအံ့သြဖွယ်အကျင့်တစ်ခုပါ။ ဝလာတယ်ပြောမိတဲ့နေ့ကတော့ ကောင်လေးတွေအတွက် တကယ့်ကို ကွိုင်အကြီးအကျယ်ရှာခံရမယ့် နေ့တစ်နေ့ပါပဲ။ ဒါကြောင့် ကိုယ့်ချစ်သူကောင်မလေး ဝလာတယ်ဆိုရင် ဝလာတယ်ပဲမှတ်ပါ။ ယောင်လို့တောင် ထုတ်မပြောမိပါစေနဲ့။

(၂) အပျင်းထူလိုက်တာ

Source : Fanpop

တစ်ချို့သော မိန်းကလေးတွေက ပျင်းရတာတောင် ပျင်းတယ်လို့ ခံယူထားကြသူတွေပါ။ ဒါပေမယ့် သူတို့ကို အပျင်းထူလိုက်တာလို့တော့ သွားမပြောမိပါစေနဲ့။ သူတို့ကို ပျင်းတယ်လို့ ပြောမိရင် သိပ်ကို ဒေါသထွက်ကြသလို မုဆိုးမလေးမဂင်္ဂါ ကြည့်ရတဲ့အတိုင်း ဇာတ်သိမ်းဘယ်စီနေမှန်းမသိတဲ့ အဆုံးမရှိသော အကြောင်းပြချက်တွေနဲ့ ပျင်းတာမဟုတ်ကြောင်း ရှင်းပြပါလိမ့်မယ် ။

(၃) ပိုက်ဆံဖြုန်းတယ်

Source : Beauty Journal – Sociolla

မိန်းကလေးတွေရဲ့ အဘိဓာန်မှာ ပိုက်ဆံသုံးတယ်ဆိုတဲ့အသုံးအနှုန်းပဲရှိပါတယ်။ ပိုက်ဆံဖြုန်းတယ်ဆိုတာကို လုံးဝလက်မခံကြသလို သူတို့အတွက် အမုန်းဆုံးစကားတစ်ခုလည်းဖြစ်ပါတယ်။ Discount မြင်တာနဲ့ဝယ် ၊ လိုအပ်လည်းဝယ် ၊ မလိုအပ်လည်း ဝယ်တတ်ကြပေမယ့် သူတို့အတွက်တော့ ပိုက်ဆံဖြုန်းတယ်လို့ လုံးဝမခံယူထားကြပါဘူး။

(၄) အရမ်းစားတယ်နော်

Source : Complete Wellbeing

မိန်းကလေးတွေကို အရမ်းစားတယ်လို့များပြောမိလို့ကတော့ ကိုယ့်ပါးစပ်နဲ့ကိုယ် စားတာ ဘာဖြစ်လဲဆိုတဲ့ ခွန်းတုန့်ပြန်စကားတွေနဲ့ ကပ်ကပ်လန်အောင် ရန်တွေ့ခံရပါလိမ့်မယ်။ မိန်းကလေးတွေဟာ အချိန်တိုင်း တစ်ခုမဟုတ်တစ်ခု စားနေရမှ ကျေနပ်ကြတဲ့သူတွေပါ။ ဒါကြောင့် သူစားရင် ကိုယ်ငတ်သလိုပဲလို့သာ နှလုံးသွင်းထားလိုက်ပါ ကွီးတို့ရေ။

(၅) ဒါလေးတောင်မသိဘူးလား

Source : rd.com

မိန်းကလေးအများစုက ဦးဆောင်နိုင်တဲ့ကောင်လေးတွေကို ကြိုက်ပေမယ့် ဆရာလုပ်တာတော့ လုံးဝမကြိုက်ကြပါဘူး။ သူတို့ကိုအသုံးမကျသလို ဆက်ဆံတဲ့စကားမျိုးဟာ အသည်းပေါက်ဆုံး ဒေါပွစေတဲ့စကားတွေပဲဖြစ်ပါတယ်။ ဒါကြောင့် သူတို့ မသိတဲ့အရာတွေရှိခဲ့ရင်တောင် သေချာလေးပြောပြပါ။ အသုံးမကျသလို မဆက်ဆံပါနဲ့။