Relationship တစ်ခုတည်ဆောက်ကြတဲ့ အခါလိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေဆိုတာ ရှိပါတယ်။ ဒီစည်းမျဉ်းတွေဟာ ဘယ်ပညာရှင်တွေကမှ ချမှတ်ပေးထားတဲ့ စည်းမျဉ်းစည်းကမ်းတွေတော့ မဟုတ်ပါဘူး။ ကိုယ်နဲ့ကိုယ်ချစ်သူကြားမှာ အဆင်ပြေပြေလက်တွဲနိုင်ဖို့ နှစ်ဦးသဘောတူ ညှိနှိုင်းချမှတ်ရတဲ့ အခြေခံစည်းမျဉ်းလေးတွေပဲ ဖြစ်ပါတယ်။ ဒီစည်းမျဉ်းတွေထဲကမှ ကွီးတွေအတွက် ဘယ်လိုစကားတွေဟာ ကိုယ့်ချစ်သူကောင်မလေးကို လုံးဝမပြောသင့်တဲ့ စကားတွေလဲဆိုတာကို ပြောပြပေးသွားမှာဖြစ်ပါတယ်။

(၁) လမ်းခွဲစကား

Source : bengalitantrikbaba.com

Relationship တစ်ခုမှာ အဆင်ပြေပျော်ရွှင်ရတဲ့အချိန်ရှိသလို ပြဿနာတွေနဲ့ ပျော်ရွှင်စရာမကောင်းတဲ့အချိန်တွေဆိုတာလည်း ကြုံတွေ့ရနိုင်ပါတယ်။ဒီလိုပြသနာတွေကြုံလာတိုင်း လွယ်လွယ် လက်လျော့တတ်တဲ့သူတစ်ယောက်လို လမ်းခွဲစကားကို လက်လွှတ်စပယ်ပြောဆိုမိတာမျိုးတွေ ရှောင်ကြဉ်ရပါမယ်။

(၂) ရည်းစားဟောင်းအကြောင်း

Source : CultureHook

ဘယ်လောက်ထိပွင့်လင်းတဲ့ စုံတွဲတွေဖြစ်ပါစေ သူမရဲ့အရင်ရည်းစားဟောင်းအကြောင်းကို နှိုက်နှိုက်ချွတ်ချွတ်မေးတာတွေဟာ သူမအတွက် အနေခက်စေသလို ဝမ်းနည်းမှုတွေကိုလည်း ဖြစ်ပေါ်စေနိုင်ပါတယ်။ ကိုယ့်အနေနဲ့ သူမမှာ ရည်းစားဟောင်းရှိခဲ့တာလည်း သိခဲ့သလို သူမကလည်း ပွင့်ပွင့်လင်းလင်း သူမရဲ့နောက်ကြောင်းတွေကို ပြောပြခဲ့တယ်ဆိုရင်တော့ ဒီအကြောင်းတွေနဲ့ပတ်သက်ပြီး လုံးဝထပ်မမေးသင့်ပါဘူး။

(၃) သွေးစစ်ရအောင်

Source : Shivology

ကိုယ်ဟာကျန်းမာရေးကို အလွန်ဂရုစိုက်တဲ့သူတစ်ယောက်ဖြစ်ပြီး ရောဂါပိုး ၁၀၀ % ကင်းရှင်းတဲ့ သူတစ်ယောက်ဖြစ်နေရင်တောင် သူမကိုသွေးစစ်ကြမယ်လို့ ဒဲ့ကြီးမပြောသင့်ပါဘူး။ ကျန်းမာရေးအရ ယုံကြည်စိတ်ချချင်တယ်ဆိုရင် အလိမ်မာနည်းလေးနဲ့ ပြောလို့ရပါတယ်။ ဥပမာ ” အချစ်ရေကိုယ်တို့ ချစ်သူသက်တမ်း ၁ လပြည့်တဲ့နေ့လေးမှာ သွေးလှူကြရအောင်” ဆိုတာမျိုးပေါ့။ သွေးလှူရင် ရောဂါရှိမရှိက မစစ်ချင်လဲစစ်ရတော့မှာပါ။ ဒီနည်းလမ်းဟာ ကိုယ့်ချစ်သူအပေါ် စော်ကားရာ အထင်သေးရာမကျစေဘဲ ကိုယ်သိချင်တဲ့အဖြေကို သိနိုင်မှာဖြစ်ပါတယ်။

(၄) သူငယ်ချင်းမိန်းကလေးတွေအကြောင်း

Source : bengalitantrikbaba.com

ချစ်သူစုံတွဲတွေကြားမှာ သူ့ဘက်ကိုယ့်ဘက် သူငယ်ချင်းတွေဆိုတာရှိပါတယ်။ ခင်မင်မှုအရဖြစ်စေ ကိုယ့်သူငယ်ချင်းတွေကြားမှာ ကိုယ့်ချစ်သူကို ထုတ်ဖော်ပြသချင်တာပဲဖြစ်စေ ကိုယ့်ချစ်သူကို သူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးတက်ကြပါတယ်။ အကယ်၍ သူမရဲ့ သူငယ်ချင်းကောင်မလေးတွေနဲ့ ကိုယ့်ကိုမိတ်ဆက်ပေးလာတဲ့အခါမှာ အဲ့ဒီသူငယ်ချင်းမိန်းကလေးတွေအကြောင်းကို သူမအားအသေးစိတ်မေးမြန်းတာတွေ စိတ်ဝင်တစားစပ်စုတာတွေ လုံးဝမလုပ်သင့်ပါဘူး။

(၅) တခြားသူနဲ့ နှိုင်းယှဉ်ပြောဆိုခြင်း

Source : relationshipsunscripted.com

မိန်းကလေးတွေရဲ့ ဓာတ်ခံကိုက တခြားသူနဲ့ နှိုင်းယှဉ်ပြောဆိုတာတွေကို လုံးဝကြိုက်နှစ်သက်မှု မရှိပါဘူး။ ဒီလိုနှိုင်းယှဉ်ပြောလာတဲ့အခါ သူရဲ့ အားနည်းချက်ကို လက်မခံနိုင်လို့ ဖေးမကူညီချင်စိတ်မရှိလို့ဆိုပြီး ဒေါသစိတ်တွေဝင်တတ်သလို စိတ်မကောင်းလည်းဖြစ်တတ်ကြပါတယ်။ ဒါကြောင့် ကိုယ်ချစ်သူအရှေ့မှာ မရည်ရွယ်ဘဲ ဘယ်သူကဘယ်လိုတော်ကြောင်း ကောင်းကြောင်းစတဲ့ ချီးမွှမ်းစကားတွေကို မပြောမိစေဖို့ ဂရုစိုက်ရပါမယ်။