ပုံမှန် ခရီးသွားဧည့်သည်တွေရဲ့ ထိုင်ခုံမှာ ထိုင်လိုက်တာနဲ့ လေယာဉ်ရဲ့ဘေးပတ်ပတ်လည်မှာ ဘာဖြစ်နေလဲ အဆင်ပြေလား မပြေဘူးလား ဆိုတာကိုတော့ သေချာ လေ့ကျင့်ထားတဲ့ လေယာဉ်မှူးတွေနဲ့ လေယာဉ်ဝန်ထမ်းတွေဘဲ သိနိုင်ပါတယ်။
ရေခဲများဖြစ်ပေါ်လာခြင်း

အရမ်းအေးတဲ့ ရာသီဥတုမှာ ရေခဲဒဏ်ကို ခံန်င်ဖို့တွက် လေယာဉ်ရဲ့ မျက်နှာပြင် ကို အထူးဓာတုပစ္စည်းတွေနဲ့ ဖွဲစည်းထားပါတယ်။ အရမ်းအေးလာတဲ့ အခါ လေယာဉ်က လိုအပ် တဲ့အပူချိန်ကို မထိန်းထားနိုင်တဲ့အခြေအနေမျိုးဆို လေယာဉ်ပျက်ကျတဲ့ထိ ဖြစ်လာနိုင်ပါတယ်။ လေယာဉ်မူးတွေဟာ လေယာဉ်မှန်ပြတင်းပေါက်တွေမှာ ရေခဲတွေဖြစ်ပေါ်လာခြင်းကို မကြာခဏ သတိထားစောင့်ကြည့်တက်ကြပြီး အထူအပါးကိုလည်း ခန့်မှန်းတွက်ချက်ရလေ့ရှိကြတယ်။
မသင်္ကာဖွယ် အနံ့အသက်များ

ပုံမှန်ခရီးသွား ဧည့်သည်တွေရဲ့နေရာမှာ ထူးဆန်းတဲ့ မီးခိုးနံ့ (သို့) တခြားပုံမှန်မဟုတ်တဲ့ အနံ့တခုခု ရခဲ့မယ် ဆိုရင် လေယာဉ်မူးတွေက ချက်ခြင်းသိနိူင်ပါတယ်။ တစ်ချို့ မသင်္ကာဖွယ်ကောင်းတဲ့ အန္တရာယ်အနံ့အသက်ကိုလည်း လေယာဉ်မှူးတွေက ကြိုတင်ပြီးရနေလေ့ရှိကြတယ်။
ပြတင်းပေါက်ဘေးမှ အလင်းဝင်ရောက်မှု ပုံစံ

ပြတင်းပေါက်ဘေးက ဖြတ်ဝင်လာတဲ့ အလင်းတန်းတွေကို ကြည့်ခြင်းဖြင့် လေယာဉ်ရဲ့ ဦးတည်ရာ လမ်းကြောင်း မှန်မမှန် ကို သိနိုင်ပါတယ်။ ဒီလိုအလင်းတန်းကို ကြည့်ခြင်းအားဖြင့် လေယာဉ်ရဲ့ ဦးတည်ချက် နဲ့ တခြားကို အန္တရာယ်တွေကိုလဲ ကြိုတင် ခန့်မှန်းကြပါတယ်။
နောက်ကျခြင်း

တစ်ခါတစ်လေ ကိုယ်စီးလာတဲ့ လေယာဉ်ဟာ ပုံမှန်ကြာသင့်တဲ့ အချိန်ထက် နောက်ကျပြီးမှ လိုရာကိုရောက်လေ့ရှိပါတယ်။ ပုံမှန်ခရီးသွားတစ်ယောက်အနေနဲ့ ဒီလိုလေယာဉ်ကြန့်ကြာမှုဟာ ဘာကြောင့်လဲဆိုတာကို တိတိကျကျ သိရလေ့မရှိပါဘူး။ ဒါပေမယ့်လေယာဉ်မှူးတွေက ဒါဟာ စက်ချို့ယွင်းမှုလား လေကြောင်းလမ်းပြသာနာ လားဆိုတာကို ချက်ခြင်းသိနိုင်ပါတယ်။
အရေးပေါ်ထွက်ပေါက်

ပုံမှန် ခရီးသွားသူတွေဟာ လေယာဉ်အရေးပေါ်ထွက်ပေါက်ကို သတိထားပြီးမှတ်သားထားတာ တော်တော်ရှားပါတယ်။ John Chesire ဆိုတဲ့ အငြိမ်းစားလေယာဉ်မှူးကတော့ လေယာဉ်အရေးပေါ်ထွက်ပေါက်နဲ့ မိမိထိုင်တဲ့နေရာအကွာအဝေးကို အမြဲလေ့လာကြောင်းပြောပါတယ်။ ဒါဟာ အန္တရာယ်နဲ့ ရင်ဆိုင်လာရပြီဆိုလျှင် အမြန်ဆုံးဖြေရှင်းနိုင်တဲ့နည်းလမ်းဖြစ်တယ်လို့လဲ သူကပြောပါသေးတယ်။
Source: Bright Side
