အချစ်ဆိုတဲ့အရာက ရင်ထဲပန်းပွင့်လာတာ၊ ကြည်နူးတာ အစရှိတဲ့အရာတွေထက် အများကြီးပိုပါတယ်။ အချစ်ဟာ လူတစ်ယောက်ရဲ့ခန္ဓာကိုယ်အပေါ်မှာ အများကြီးသက်ရောက်မှုရှိစေပါတယ်။ လူတစ်ယောက်က အခြားတစ်ယောက်ယောက်ကို ချစ်မိနေပြီဆိုရင် ဟော်မုန်း၊ အမူအရာတွေသာမက ပြုမူနေထိုင်ပုံတွေပါ ပြောင်းသွားတတ်ပါတယ်။ ဒီနေ့ kwee page ကပြောပြပေးမယ့် အကြောင်းအရာကလည်း လူတစ်ယောက်က အခြားတစ်ယောက်ကို နှစ်သက်သဘောကျနေရင် ဖြစ်သွားတတ်တဲ့ အမူအရာတွေအကြောင်းပါပဲ။

ဟော်မုန်းတွေပြောင်းသွားတတ်တယ်

Source: Medical News Today

အချိုသောဟော်မုန်းတွေက ပြင်းထန်တဲ့စိတ်ခံစားမှုကို ဖြစ်ပေါ်စေပါတယ်။ ဟော်မုန်းတွေက လူတွေကို ကြည်နူးသွားအောင် ပျော်အောင်လုပ်ပေးကြတယ်။ ဒါကို လူတွေကထိန်းချုပ်လို့မရနိုင်ပါဘူး။ အမျိုးသားတစ်ယောက်က အမျိုးသမီးတစ်ယောက်ကို ချစ်ကျွမ်းဝင်တဲ့အချိန် ဖြစ်ပေါ်လာတဲ့ ပြောင်းလဲမှုနဲ့ အမျိုးသမီးတစ်ယောက်က အမျိုးသားတစ်ယောက်ကို ချစ်ကျွမ်းဝင်တဲ့အချိန် ဖြစ်ပေါ်လာတဲ့ ပြောင်းလဲမှုက မတူညီကြဘူး။

အမျိုးသားတွေက oxytocin ဟော်မုန်းတွေကြောင့် ပိုပြီး နူးညံ့သွားတယ်။ ရိုဆန်သွားတတ်ကြတယ်။ အမျိုးသမီးတွေက testosterone ဟော်မုန်းတွေကြောင့် စွမ်းအင်တွေပြည့်ဝနေသလို ခံစားရပြီး လိင်ပိုင်းဆိုင်ရာခံစားချက်တွေလည်း ပြင်းထန်လေ့ရှိကြပါတယ်။ ဒါပေမယ့် ဟော်မုန်းပမာဏ လျှော့ကျသွားတဲ့အချိန်မှာတော့ အမျိုးသမီးတွေက စိတ်ဝင်စားမှုနည်းတယ်လို့ ခံစားရပြီး အမျိုးသားတွေကျတော့ ရင်နှီးမှု မရှိတော့ဘူးလို့ ခံစားရစေပါတယ်။

အသံတွေပြောင်းသွားတယ်

Source: The-Fearless-Man

ချစ်မိသွားပြီဆိုရင် ရုပ်အမူအရာပဲ ပြောင်းလဲသွားတာမဟုတ်ပါဘူး။ စကားပြောတဲ့ အသံတွေပါ ပြောင်းသွားတတ်ကြတယ်။ လေ့လာမှုတွေအရ အမျိုးသမီးတွေရဲ့အသံဟာ ပိုပြီးနူးညံ့သွားတတ်သလို ပိုပြီးလည်း မြင့်သွားတတ်ကြပါတယ်။ တစ်ခြားတစ်ဖက်မှာလည်း အမျိုးသမီးတွေဟာ သူတို့ဒီလိုဖြစ်နေတာကို တခြားလူတွေမရိပ်မိအောင် အသံကို နိမ့်ပြီးစွဲဆောင်မှုရှိအောင် ပြောတတ်ကြပါတယ်။

မျက်နှာနီလာတယ်

Source: Stylist

မိမိချစ်ရတဲ့သူက ကိုယ့်ကို ပြုံးပြသွားမယ် ဘေးကနေဖြတ်သွားတဲ့အချိန်မှာ မျက်နှာတွေ မသိမသာ နီရဲလာတတ်ပါတယ်။ ဒါကို ကိုယ်တိုင်သတိမထားမိပေမယ့် ဘေးကလူတွေက သတိထားမိကြပါတယ်။

စိတ်ပညာရှင်တွေရဲ့အဆိုအရ ဒီလိုဖြင်လာခြင်းက သဘောကျစရာပိုကောင်းပြီး တစ်ဖက်သားကိုဆွဲဆောင်နိုင်ပါတယ်။ ဒါဟာ သဘာဝအလျှောက်ဖြစ်ပေါ်လာတဲ့ တုံ့ပြန်မူတစ်ခုဖြစ်ပြီး မိမိမှာဖြစ်ပျက်နေတာကို တစ်စုံတစ်ယောက်က ရှာတွေ့သွားမှာ စိုးရိမ်တာကြောင့် လို့ ပညာရှင်တွေကပြောထားကြပါတယ်။ ပြီးတော့ ဒီလို မျက်နှာတွေနီရဲလာတာကို ထိန်းချုပ်၍မရပဲ ဒါဟာ ရိုးသားမူရှိတဲ့လူတွေမှာ တွေ့ရတတ်တဲ့ အခြေခံအချက်တစ်ခုလည်းဖြစ်ပါတယ်။

မျက်လုံးကစကားပြောတယ်

Source: Body Language Central

Relationship အစပိုင်းမှာမျက်လုံးရဲ့ အခန်းကဏ္ဍက အရေးပါပါတယ်။ ချစ်ရတဲ့သူတွေနဲ့ အတူတူအချိန်ကုန်ဆုံးတဲ့အချိန်မှာ တစ်ယောက်အပေါ်တစ်ယောက်ချစ်ခင်မှု ကြင်နာမှု၊ ယုံကြည်မှုတွေကို မျက်လုံးရဲ့လှုပ်ရှားပုံ၊ ပြောင်းလဲပုံတွေကနေ တစ်ဆင့်သိမြင်နိုင်ပါတယ်။

စူပါပါဝါ

Source: Her Way

မဖြစ်နိုင်တဲ့အရာတွေကို လူတွေလုပ်ပြတာ သင်တို့တွေ့ဖူးကြပါလိမ့်မယ်။ အမေဖြစ်တဲ့သူတွေက သူတို့ရဲ့သားသမီးတွေအတွက်ဆိုရင် မထင်မှတ်ထားတဲ့အားအင်တွေ ပြည့်ဝနေတတ်ကြပါတယ်။

အချစ်နှင့်ကြောက်ခြင်းတို့က လူတွေကို စူပါ ပါဝါတွေ ပေးနိုင်စွမ်းပါတယ်။ ဒါဟာ ကိုယ်တွင်းမှာ oxytocin ဟော်မုန်းထုတ်လွှတ်မှုတွေကြောင့်ဖြစ်ပါတယ်။ ကိုယ်ချစ်မြတ်နိုးရတဲ့ သူတွေအတွက်ဆိုရင် ဘာမဆိုလုပ်ပေးနိုင်တယ်ဆိုတဲ့ အတွေးက လူတိုင်းနီးပါးမှာ ရှိကြပါတယ်။