ယခုနှစ်ရဲ့ အင်းယားလမ်းလျှောက်သင်္ကြန်ကတော့ တော်တော်လေး နာမည်ကြီးလူပြောများနေတဲ့ လည်ပတ်စရာနေရာ တစ်ခုလို့ ပြောရင်မမှားနိုင်ပါဘူး။ နှစ်စဉ်နှစ်တိုင်း သင်္ကြန်အချိန်အခါ ကျရောက်လာတာနဲ့ အင်ယားကန်ဘောင်တစ်လျှောက် ရေကစားမဏ္ဍပ်များစွာဖြင့် စည်ကားခဲ့သလို ယခုနှစ်မှာလည်း ထူးထူးခြားခြား လမ်းလျှောက်သင်္ကြန်ပွဲတော်ကိုပါ ထည့်သွင်းကျင်းပခဲ့တာကြောင့် ရန်ကုန်မြို့နေပြည်သူတွေအတွက်တော့ ပျော်စရာနေရာလေးတစ်ခု ထပ်မံတိုးခဲ့ရပြီပဲဖြစ်ပါတယ်။

တစ်နှစ်မှာ တစ်ခါသာကျင်းပတဲ့ ပျော်စရာလမ်းလျှောက်သင်္ကြန်ပွဲတော်ကို အားလုံးသွားရောက်လည်ပတ်ကြည့်ကြဖို့လည်း တိုက်တွန်းပါတယ်။ ဒါပေမယ့် အင်းယားလမ်းလျှောက်သင်္ကြန်ကို မရောက်သေးလို့ သွားရောက်လည်ပတ်ဖို့ စိတ်ကူးထားတဲ့သူတွေအနေနဲ့တော့ ဆောင်ရန်ရှောင်ရန်လေးတွေသိထားမယ်ဆိုရင် ပိုကောင်းပါတယ်နော်။ ဒါကြောင့် လမ်းလျှောက်သင်္ကြန် သွားကြမယ့်သူတွေအနေနဲ့ မဖြစ်မနေသိထားသင့်တဲ့အချက်လေးတွေ ပြန်လည်မျှဝေပေးလိုက်ပါတယ်။

(၁) လူစုမကွဲပါစေနဲ့

Source : Inya Splash Walk Yangon – 2019

လမ်းလျှောက်သင်္ကြန်ကို လာရောက်လည်ပတ်ကြတဲ့သူတွေ တော်တော်လေးများပါတယ်။ ဒါကြောင့် ကိုယ်နဲ့အတူတူသွားမယ့်သူတွေကို လူစုမကွဲစေဖို့အဓိက ဂရုစိုက်ပါ။ လူတွေအရမ်းများတဲ့အတွက် ကိုယ့်အဖွဲ့ လူစုကွဲသွားရင် တော်တော်လေးရှာရခက်မှာပါ။ ဒါကြောင့် ပျော်လည်းပျော် ကိုယ့်အဖွဲ့က လူတွေကိုလည်း အမြဲ Check လုပ်နေမှ အဆင်ပြေမှာပါ။

(၂) ကလေးတွေကို ဂရုစိုက်ပါ

Source : Inya Splash Walk Yangon – 2019

လမ်းလျှောက်သင်္ကြန်ကိုလာတဲ့ လူတွေအရမ်းများတဲ့အတွက် ကလေးငယ်လေးတွေနဲ့ သွားရင် တော်တော်လေးအခက်ခဲရှိနိုင်ပါတယ်။ အင်းယားလမ်းမတစ်လျှောက်ရော ဖျော်ဖြေရေးမဏ္ဍပ်ရှေ့တွေမှာ လူတွေတော်တော်တိုးရတာကြောင့် ကလေးငယ်လေးတွေအတွက်တော့ ဘယ်လိုမှအဆင်မပြေလောက်ပါဘူး။ ဒါပေမယ့် မဖြစ်မနေခေါ်သွားရမယ်ဆိုရင်လည်း ကိုယ်နဲ့မကွာ ခေါ်ထားပါ။ ကလေးပျောက်တဲ့သူတွေလည်း အများကြီးတွေ့နေရတာမလို့ပါ။

(၃) ကားပါကင်

Source : Inya Splash Walk Yangon – 2019

လမ်းလျှောက်သင်္ကြန် ကျင်းပတဲ့နေရာအနီးတစ်ဝက်မှာ ကားရပ်စရာနေရာ လုံးဝမရှိပါ။ ကားပါတဲ့သူတွေအနေနဲ့ ကားရပ်စရာနေရာအတွက် တော်တော်လေး အခက်အခဲဖြစ်မယ်ထင်ပါတယ်။ လမ်းလျှောက်သင်္ကြန်ဆိုတဲ့အတိုင်း ကိုယ့်ကားရပ်ခဲ့တဲ့ နေရာပြန်ရောက်ဖို့ အမုန်းလမ်းလျှောက်ရမှာပါ။ ဖြစ်နိုင်ရင်တော့ ကားကို ယူမသွားဘဲ အကြိုအပို့လုပ်ပေးမယ့်သူရှိရင်တော့ အဆင်ပြေနိုင်ပါတယ်။

(၄) ပိုက်ဆံများများထည့်သွားပါ

Source : Inya Splash Walk Yangon – 2019

လမ်းလျှောက်သင်္ကြန်ကျင်းပတဲ့ လမ်းမကြီးတစ်လျှောက် စားစရာမုန့်ဆိုင်တွေ အရမ်းများတဲ့အတွက် အစားတလိုင်းတွေ ပိုက်ဆံများများထည့်သွားပါ။စားစရာတွေကတော့ တကယ့်ကို အစုံအလင်ပါပဲ။ ရေကစိုစိုနဲ့ လမ်းလျှောက်ရတဲ့အတွက် ဗိုက်ဆာမှာတော့ ကျိန်းသေပါပဲ။ မုန့်တွေကလည်း အကုန်လုံးစားချင်စရာကောင်းတာမို့ ပိုက်ဆံများများထည့်သွားမှ အဆင်ပြေနိုင်မှာပါ အစားတလိုင်းတို့ရေ။

(၅) ရေသေနတ်လေးဆောင်သွားပါ

Source : Inya Splash Walk Yangon – 2019

လမ်းလျှောက်သင်္ကြန်မှာ ရေပတ်ခံထွက်ရင်း ကိုယ်တိုင်လည်း ရေပြန်ပတ်ရတာ တကယ်ကိုပျော်စရာကောင်းပါတယ်။ ဒါကြောင့် ရေေ သနတ်လေးတွေဆောင်သွားပါ။ ကောင်မလေးတွေကိုလည်း လိုက်ပတ်လို့ရပါတယ်။ အိုးမဲသုတ်တဲ့သူတွေနဲ့ တွေ့ရင်တော့ ပတ်ပြေးပါ။

ဒီနှစ် အင်းယားလမ်းလျှောက်သင်္ကြန်က တော်တော်လေးစည်ပြီး နိုင်ငံကျော်အဆိုတော်တွေရဲ့ ဖျော်ဖြေရေး မဏ္ဍပ်တွေနဲ့ အရမ်း ပျော်ဖို့ကောင်းတာကြောင့် တစ်ရက်လောက်တော့ သွားလည်ဖို့ တိုက်တွန်းချင်ပါတယ်။ အထက်ကပြောခဲ့တဲ့အချက်လေးတွေကို သိထားရင်တော့ တော်တော်လေး အဆင်ပြေမှာပါ။ လူတွေကတော့ အရမ်းများတာမလို့ လူသိပ်မတိုးချင်ရင်တော့ နေလည် ၁၂ နာရီကနေ ၃ နာရီအထိ ဖျော်ဖြေးရေး အစီအစဉ်တွေ ရပ်နားထားတဲ့အတွက် အဲ့ဒီအချိန်တွေဟာ လူချောင်ပါတယ်နော်။ အဲ့ဒီအချိန်အတွင်း လမ်းလျောက်သင်္ကြန်ပွဲတော်မှာ လူသိပ်မတိုးစရာမလိုတာကြောင့် ဟိုဘက်ထိပ်နဲ့ ဒီဘက်ထိပ်ကို အေးအေးဆေးဆေးလမ်းလျှောက်လည်လို့ ရနိုင်မှာဖြစ်ပါတယ်။ အားလုံးပဲပျော်စရာကောင်းတဲ့ နှစ်သစ်အချိန်အခါလေးဖြစ်ပါစေ။