ဘဝဆိုတာ အမြဲတမ်းကြီးဖြောင့်ဖြူးနေတယ်လို့တော့ မရှိပါဘူး။ အဆင်မပြေမှုတွေ စိတ်ဓာတ်ကျစရာတွေလည်း တချိန်မဟုတ်တချိန်ကြုံလာရနိုင်ပါတယ်။ ဒီလိုအဆင်မပြေမှုတွေ စိတ်ဓာတ်ကျစရာတွေကြုံလာတဲ့အချိန်မျိုးမှာ သင်ကိုယ်တိုင်သတိမထားမိပဲ စိတ်ဓာတ်ကျခြင်းကို ပိုဆိုးသွားနိုင်တဲ့အရာတွေ လုပ်မိတက်ပါတယ်။ ဒါကြောင့် ဒီနေ့မှာတော့ စိတ်ဓာတ်ကျနေချိန်မှာရှောင်ကျဉ်ရမယ့် အရာတွေကို မျှဝေပေးလိုက်ပါတယ်။
(၁) ဆိုရှယ်မီဒီယာတွေအလွန်အကျွံမသုံးပါနဲ့

Source : Unsplash
လူအများစုက စိတ်ဓာတ်ကျတဲ့အချိန် စိတ်ညစ်တဲ့အချိန်တွေမှာ သူတို့ရဲ့အချိန်တော်တော်များများကို ဖုန်းတွေ ဆိုရှယ်မီဒီယာတွေပေါ်မှာပဲ အချိန်ကုန်ဆုံးလေ့ရှိကြပါတယ်။ ဆိုရှယ်မီဒီယာသုံးတာက လုံးဝမကောင်းဘူးလို့ မဆိုလိုပေမယ့် အချိန်တိုင်းဆိုရှယ်မီဒီယာတွေသုံးနေခြင်းကတော့ သင့်ကိုပိုပြီး စိတ်ဖိစီးမှုတွေခံစားရစေနိုင်ပါတယ်။
(၂) တခြားသူတွေနဲ့မနှိုင်းယှဉ်ပါနဲ့

Source : iStock
ကိုယ်ထက်အဆင်ပြေတဲ့သူတွေနဲ့ ကိုယ့်ကိုယ်ကိုနှိုင်းယှဉ်တာက စိတ်ဓာတ်ကျခြင်းကို ပိုဆိုးသွားစေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ထက်သာတဲ့သူတွေကို ကိုယ်နဲ့ နှိုင်းယှဉ်ပြီး ကိုယ့်ဘဝကိုယ်အလိုမကျဖြစ်နေတဲ့ ခံစားချက်တွေကိုရပ်တန့်ဖို့အကြံပြုချင်ပါတယ်။
(၃) ကိုယ့်ကိုယ်ကိုမလိမ်ပါနဲ့

Source : Jokes of the day
လူတိုင်းက အချိန်တိုင်းသန်မာနေသူတစ်ယောက်မဖြစ်နိုင်ပါဘူး။ စိတ်ဓာတ်ကျတဲ့အချိန်လည်းကျမှာပါပဲ။ကိုယ့်ကိုယ်ကို ငါကသန်မာတဲ့ သူတစ်ယောက် တော်ရုံစိတ်ဓာတ်ကျတဲ့ သူမဟုတ်ဘူးဆိုတာမျိုးနဲ့ လိမ်နေရင်တော့ စိတ်ဓာတ်ကျခြင်းက ပိုဆိုးနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ရဲ့လက်ရှိအခြေအနေကို အရှိတိုင်းလက်ခံပါ။ ကိုယ့်နဲ့အရင်းနှီးဆုံးမိသားစုဝင်တွေ သူငယ်ချင်းတွေကိုပြောပြပြီးရင်ဖွင့်ပါ။ အကူညီတောင်းပါ။
(၄) အတွေးမလွန်ပါနဲ့

Source : Shutterstock
တစ်နေရာတည်းမှာထိုင်ပြီး အတွေးလွန်နေခြင်းက စိတ်ဓာတ်ကျခြင်းကို ပိုဆိုးစေပါတယ်။ ဒါကြောင့် တောင်ရောက်မြောက်ရောက်နေတဲ့အတွေးတွေကို ရပ်လိုကပါ။ အပြင်ထွက်ပြီးလေကောင်းလေသန့်ရှုလိုက်ပါ။ လမ်းလျောက်ထွက်ပါ။ သဘာဝတရားကြီးနဲ့ ထိတွေ့လိုက်တာက စိတ်ဓာတ်ကျခြင်းတွေကို သက်သာစေမှာပါ။
