ကလေးဆန်တဲ့ကောင်မလေးကိုချစ်သူတော်ထားရတဲ့ကွီးတွေရှိလား။အချိန်တိုင်းစိတ်ကောက် အချိန်တိုင်းရစ်နေလို့ ဘယ်လိုကိုင်တွယ်ထိန်းချုပ်ရမလဲ မသိတဲ့ကွီးတို့အတွက်နည်းလမ်းကောင်းလေးတွေပြောပြပေးချင်ပါတယ်။ကိုယ့်စကားတစ်ခွန်းအောက်မှာပြားပြားဝတ်ပြီးလိမ်မာသွားစေမယ့် နည်းလမ်းလေးတွေဖြစ်တာကြောင့် ကလေးဆန်တဲ့ကောင်မလေးတွေကို ချစ်သူတော်ထားရတဲ့ကွီးတွေ လက်တွေ့ကျင့်သုံးကြည့်လိုက်ပါနော်။

(၁) ချော့တစ်ခါခြောက်တစ်လှည့် လမ်းစဉ်ကျင့်သုံးပါ

Source : Shutterstock

ကလေးဆန်တဲ့ကောင်မလေးတွေကို ကိုင်တွယ်ထိန်းချုပ်ဖို့ ဆိုတာထင်သလောက်မလွယ်ပါဘူး။အမြဲတမ်းချော့နေရင်လည်းအကျင့်ပါပြီးဘာလုပ်လုပ်ကိုယ်ကပဲချော့ရမယ့်ကိန်းစိုက်သွားနိုင်သလို အမြဲတမ်းဖြဲခြောက်နေရင်လည်းကိုယ့်ကိုကြောက်တော့မှာမဟုတ်ပါဘူး။ဒါကြောင့်ပညာသားပါပါနဲ့အခြေနေအချိန်အခါကိုကြည့်ပြီး ချော့တစ်ခါခြောက်တစ်လှည့်လမ်းစဉ်ကိုကျင့်သုံးပေးသင့်ပါတယ်။အချိုလေးကျွေးလိုက်အခါးလေးကျွေးလိုက်လုပ်မှလည်း ရေရှည်မှာအဆင်ပြေမှာဖြစ်ပါတယ်။

 

(၂) လူကြီးလူကောင်းဆန်ပါ

Source : Shutterstock

ချစ်သူကောင်မလေးက ကလေးဆန်နေပေမယ့် ကိုယ်ကပါလိုက်ပြီးသူမနဲ့အပြိုင်အရွဲ့တိုက်နေလို့တော့ အဆင်ပြေမှာမဟုတ်ပါဘူး။ကိုယ်ကသူမကထိန်းချုပ်နိုင်ချင်ရင် သူမထက်ရင့်ကျက် ဖို့တော့လိုပါမယ်။သူမရဲ့ကလေးဆန်မှုတွေကိုအတက်နိုင်ဆုံးနားလည်ပေးပါ။သူမလေးစားထိုက်လောက်တဲ့ အပြုအမူအပြောအဆိုမျိုးတွေနဲ့ လူကြီးလူကောင်းဆန်စွာနေထိုင်မှသာ သူမကိုကောင်းကောင်းကိုင်တွယ်ထိန်းချုပ်လို့ရနိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့်အချိန်တိုင်းရုပ်တည်နဲ့ စာအုပ်ကြီးအတိုင်းမနေမိဖို့ တော့ သတိပြုသင့်ပါတယ်။

(၃) အလိမ်မာစကားတွေနဲ့ ဆုံးမသွန်သင်ပါ

Source : Shutterstock

ကလေးဆန်တဲ့ကောင်မလေးတွေက သူမကိုယ်တိုင်ကလေးဆန်နေပေမယ့်သူမကို ဆရာကြီးအထာနဲ့ ပြောဆိုဆက်ဆံတာမျိုး တွေတော့မကြိုက်ကြပါဘူး။သူမရဲ့ လုပ်ရပ်တွေ အပြောအဆို တွေကမှားနေရင်တော့ ဒေါသကိုရှေ့တန်းမတင်ပဲ အလိမ်မာစကားလေးတွေနဲ့ သွန်သင်ဆုံးမပါ။ကိုယ်ရဲ့ ဆုံးမစကားတွေကို နာခံလောက်မယ့် စကားချိုချိုလေးတွေနဲ့ ပြောပြပါ။အမှားကို ထောက်ပြဆုံးမတဲ့နေရာမှာ စကားအေးအေးလေးနဲ့ ပြောဆိုတာကတစ်ဖက်လူကိုပိုပြီးနားဝင်စေမှာဖြစ်ပါတယ်။မဟုတ်ရင်တော့ကိုယ့်စကားတွေကဘယ်ဖက်နားကဝင်ပြီးညာဖက်နားကပြန်ထွက်သွားပါလိမ့်မယ်။

 

(၄) ကိုယ်တိုင်လည်းမှန်ကန်အောင်နေထိုင်ပါ

Source : Shutterstock

ဒီအချက်ကအရမ်းကိုအရေးကြီးပါတယ်။မိန်းကလေးတွေအများစုက သူတို့ကိုအပြစ်တစ်ခုပြောတာနဲ့ ကိုယ့်ဘက်ကိုပြန်လည် မြှားဦးလှည့်တက်တဲ့အမျိုးပါ။ကိုယ်ဘက်မှာ Cover အပြည့်အဝယူမထားရင် သူတို့အပြစ်ကနေ ကိုယ့်အပြစ်တောင်ပြန်ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့်ကိုယ်တိုင် မှန်ကန်အောင်နေထိုင်ဖို့ကလည်းအရမ်းကိုအရေးကြီးပါတယ်။ကိုယ်တိုင်ကမှန်အောင်မနေဘူးဆိုရင် နင်တောင်လုပ်သေးတာပဲ ငါလည်းလုပ်မယ်ဘာဖြစ်လဲဆိုတဲ့ အကွက်တွေနင်းမှာဖြစ်ပါတယ်။