လူအများစုဟာ တစ်နေ့ပင်ပန်းခဲ့သမျှ ဖြေဖျောက်ဖို့ ညဘက်မှာ ခြေပစ်လက်ပစ်အိပ်လိုက်တတ်ကြပါတယ်။ မအိပ်ခင်မှာ အများစု ဖုန်းသုံးကြမယ် ဆိုရှယ်မီဒီယာတွေကြည့်ကြမယ် ဂိမ်းတွေကစားကြမယ် စသည့်ဖြင့် ညဘက်အိပ်ရာဝင်ခါနီးအချိန်တွေကို ဒီလိုအချက်တွေနဲ့ပဲ ကုန်ဆုံးလေ့ရှိကြတာဖြစ်ပါတယ်။ သင့်အနေနဲ့ ပိုမိုအောင်မြင်ပျော်ရွှင်ရတဲ့ ဘဝတစ်ခုပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ အခုပြောပြမယ့်အချက်တွေကို ညအိပ်ရာဝင်ခါနီးတိုင်းမှာ ပြုလုပ်ဖို့ အကြံပြုချင်ပါတယ်။

(၁) တရားထိုင်ပါ

Young candid man sitting on a fitness mat

Photo : freepik

မအိပ်ခင် (၁၅) မိနစ်လောက် တရားထိုင်ခြင်း ပြုလုပ်ပေးပါ။ တရားထိုင်ခြင်းဟာ သင့်ရဲ့စိတ်အတွင်းက မကောင်းတဲ့ အဆိပ်အတောက်တွေကိုလည်း ဖယ်ရှားပေးပြီး တည်ငြိမ်အေးချမ်းမှုတွေ ဖြစ်ပေါ်လာစေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဦးနှောက်စွမ်းရည်ကိုလည်း မြှင့်တင်ပေးတာကြောင့် အကြံဉာဏ်ကောင်းတွေထွက်စေပြီး အာရုံစူးစိုက်မှု ပိုမိုကောင်းမွန်လာစေမှာဖြစ်ပါတယ်။

(၂) စာဖတ်ပါ

Handsome young man in office working while reading book

Photo : freepik

ဒီဘက်လူတွေမှာ စာဖတ်ခြင်းအလေ့အထ တော်တော်လေး ပျောက်ဆုံးလာတာတွေ့ရပါတယ်။ သင့်အနေနဲ့ ဘဝမှာပိုမိုအောင်မြင်ချင်တယ်ဆိုရင်တော့ ဗဟုသုတများစွာပေးနိုင်တဲ့ စာဖတ်ခြင်းအလေ့အကျင့်ကို ကျင့်သုံးလိုက်နာရမှာဖြစ်ပါတယ်။ မအိပ်ခင်မှာ စာအုပ်ဖတ်ခြင်းဟာ ပညာဗဟုသုတတိုးပွားစေတဲ့အပြင် မိနစ်ပိုင်းအတွင်း နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေမှာဖြစ်ပါတယ်။

(၃) မိသားစုနဲ့ စကားပြောပါ

Family Talking

Photo : freepik

ကိုယ်ရဲ့ ပျော်ရွှင်စရာတွေ ဝမ်းနည်းစရာတွေအားလုံးကို မျှဝေခံစားပေးနိုင်တာ မိသားစုပဲရှိပါတယ်။ အခုနောက်ပိုင်း တော်တော်များများအလုပ်ကနေ အိမ်ပြန်ရောက်တဲ့အခါ ရေမိုးချိုးစားသောက်ပြီး ဖုန်းတန်းပွတ်လေ့ရှိကြပါတယ်။ ကြာလာတဲ့အခါ နွေးထွေးတဲ့မိသားစုအသိုက်အမြုံတစ်ခု ခြောက်ကပ်တိတ်ဆိတ်လာပြီး မိသားစုဆိုတဲ့အဓိပ္ပါယ်ပျောက်ကွယ်သွားပါလိမ့်မယ်။ ဒါကြောင့်မိသားစုကို အချိန်ပေးပြီးစကားပြောပါ။

(၄) မနက်ဖြန်အတွက်ကြိုတင်ပြင်ဆင်ပါ

Young Man Putting Clothes on bed

Photo : freepik

လူတော်တော်များများ ကြိုတင်ပြင်ဆင်တဲ့အလေ့ကျင့်ကို မေ့ထားပြီး အနီးကပ်မှ အသဲသန်ပြုလုပ်တတ်ကြတာများပါတယ်။ ကိုယ့်ရဲ့ အရေးကြီးလုပ်ငန်းဆောင်တာတွေ စာရွက်စာတမ်းတွေ နောက်ဆုံး မနက်ဖြန်မှာ ဝတ်မယ့်အဝတ်အစားကအစ မအိပ်ခင်မှာ ကြိုတင်ပြင်ဆင်ထားမယ်ဆိုရင် မနက်ခင်မှာ အချိန်ပိုတွေ အများကြီးထွက်လာနိုင်သလို အလောသုံးဆယ်ပြုလုပ်ရတာတွေလည်း လျော့နည်းသွားမှာဖြစ်ပါတယ်။