ညစ်နေတဲ့စိတ်တွေကို ဆေးကြောသန့်စင်ပေးပြီး အမြန်ဆုံး ပြန်လည်ရွှင်လန်းတက်ကြွစေမယ့် နည်းလမ်းကောင်းတစ်ချို့ပြောပြပေးချင်ပါတယ်။ စာဖတ်သူအနေနဲ့ တစ်ခါတစ်လေမှာ စိတ်မရွင်မလန်းဖြစ်နေပြီး ဘာမှလုပ်ချင်ကိုင်ချင်စိတ်မရှိဘူးဖြစ်နေတယ်ဆိုရင်တော့ အခုပြောပြမယ့်နည်းလမ်းလေးတွေသုံးကြည့်ပါ။
(၁) တမှေးအိပ်လိုက်ပါ

Source : Freepik
ခဏတဖြုတ်တမှေးအိပ်စက်လိုက်ခြင်းက စိတ်နဲ့ ခန္ဓာကိုယ်ပြန်လည်အားပြည့်စေနိုင်ပြီး တက်ကြွလန်းဆန်းလာစေပါတယ်။ ၁၅ မိနစ် မိနစ် ၂၀ လောက်အိပ်စက်ပေးရုံနဲ့ ခန္ဓာကိုယ်စွမ်းအင်တွေ ပြန်လည်ပြည့်ဝလာမှာပါ။ တမှေးအိပ်စက်တဲ့အခါ အများဆုံး မိနစ် ၂၀ ထက်ပိုပြီးမအိပ်ဖို့တော့ သတိထားသင့်ပါတယ်။
(၂) လမ်းလျောက်ပါ

Source : istock
ခဏတဖြုတ်လမ်းလျောက်ပြီး ခန္ဓာကိုယ်ကိုလှုပ်ရှားလိုက်ခြင်းက စိတ်မကြည်မလင် မရွင်မလန်းဖြစ်နေခြင်းတွေကို လျော့ကျသက်သာစေနိုင်ပါတယ်။ ဒါကြောင့် ခြံထဲဆင်းပြီး လမ်းလျောက်တာမျိုး လေကောင်းလေသန့်လေးတွေရတဲ့နေရာတစ်ခုမှာ လက်ဆတ်တဲ့လေကို ရှုရှိုက်ရင်း ၅ မိနစ်လောက်လမ်းလျောက်တာမျိုး ပြုလုပ်ပေးပါ။
(၃) ရေအေးဖြင့်ရေချိုးပါ

Source : Dreamstime
ရေအေးဖြင့်ရေချိုးခြင်းက လန်းဆန်းတက်ကြွခြင်းတွေကိုပေးစွမ်းပြီး ညစ်နွမ်းနေတဲ့စိတ်တွေကို ပြေလျော့သက်သာစေနိုင်ပါတယ်။ ရေအေးနဲ့ရေချိုးလိုက်တဲ့အခါ စိတ်ဖိစီးမှုတွေလည်းလျော့ကျသွားမှာဖြစ်ပြီး သင့်စိတ်နဲ့ ခန္ဓာကိုယ်ကို အမြန်ဆုံးပြန်လည်လန်းဆန်းတက်ကြွလာစေနိုင်ပါတယ်။
(၄) သီချင်းဖွင့်ပြီးကလိုက်ပါ

Source : Shutterstock
စိတ်မရွင်မလန်းဖြစ်နေပြီဆိုရင် မြူးမြူးကြွကြွ သီချင်းလေးတွေဖွင့်ပြီး စည်းချက်နဲ့အတူလိုက်ကကြည့်ပါ။ သီချင်းဖွင့်ပြီးကတာက ပျော်ရွှင်စရာလည်းကောင်းပြီး စိတ်ဖိစီးမှုဟော်မုန်းတွေကိုလျော့ကျစေပါတယ်။ သင့်ရဲ့စိတ်ခံစားမှုကိုလည်း အချိန်တိုးအတွင်း ပြန်လည်တိုးတက်ကောင်းမွန်လာစေမှာဖြစ်တာကြောင့် စိတ်မရွင်မလန်းဖြစ်နေတဲ့အခါ သီချင်းဖွင့်ပြီးကလိုက်ပါ။
