လူရယ်လို့ဖြစ်လာရင် တစ်ခါတစ်လေပျော်ရွှင်ရတဲ့နေ့တွေရှိသလို တစ်ခါတစ်လေ စိတ်ဓာတ်ကျဝမ်းနည်းရတဲ့နေ့တွေလည်းရှိပါတယ်။တစ်ခါတစ်လေ မိမိပိုင်ဆိုင်ထားတဲ့ဘဝကို အားမလိုအားမရလည်းဖြစ်တက်ကြပါတယ်။ဒီလိုမျိုးဘဝမှာမပျော်တော့ဘူးလို့ ခံစားရတာကသင်တစ်ယောက်ထဲမဟုတ်ပါဘူး။လူတိုင်းလိုလိုကြုံဖူးကြတဲ့အရာတစ်ခုပါ။အသက်ရှင်နေသ၍အခက် အခဲတွေ အနိမ့်အမြင့်အတက်အကျတွေကိုကြုံနေရအုန်းမှာဖြစ်တာကြောင့် ဘဝမှာမပျော်တော့ဘူးလို့ခံစားရတဲ့အခါ ဒီအချက်တွေလုပ်ဆောင်ကြည့်ဖို့ အကြံပြုချင်ပါတယ်။
(၁) အတိတ်ကိုအတိတ်မှာထားခဲ့ပါ
Source : Shutterstock
ကျွန်တော်တို့အားလုံးမှာ ကောင်းမွန်တဲ့အတိတ်တွေ ရှိသလို ဆိုးရွှားတဲ့အတိတ်တွေလည်းရှိခဲ့ဖူးပါတယ်။ လူတော်တော်များများက ဆိုးရွှားတဲ့အတိတ်ကဖြစ်ရပ်တွေကိုဘဲ ခေါင်းထဲစွဲထားတက်ပြီး ဖွဲမီးလိုတစ်ငွေ့ငွေ့လောင်ကျွမ်းနေစေတာပါ။တကယ်တော့ အတိတ်ဆိုတာ ကိုယ့်နောက်မှာကျန်နေခဲ့ပြီးဖြစ်တဲ့ အရိပ်တစ်ခုပါ။ သင်ကအခုအနာဂတ်ကိုရောက်နေပါပြီ။အတိတ်က မကောင်းတဲ့အရာတွေကို သင်ခန်းစာတစ်ခုအနေနဲ့ မှတ်ယူပြီး အနာဂတ်မှာအကောင်းမွန်ဆုံးနေထိုင်သွားသင့်ပါတယ်။ဒါဆိုသင်ဘဝကပျော်စရာကောင်းလာမှာသေချာပါတယ်။
(၂) တခြားသူတွေနဲ့ နှိုင်းယှဉ်မှုတွေကိုရပ်လိုက်ပါ
Source : Shutterstock
ဘယ်သူကမှကိုယ်ရဲ့သဘောတူညီမှမပါဘဲ ကိုယ့်ကို ညံ့ဖျင်းတဲ့လူတစ်ယောက်လို သတ်မှတ်လို့ မရပါဘူး။လူတော်တော်များများက ကိုယ့်ကိုယ်ကိုဘဲ သူများတွေနဲ့ နှိုင်းယှဉ်ပြီး သိမ်ငယ်စိတ်တွေမွေးမြူတက်ကြတာပါ။ကိုယ့်ကိုသိမ်ငယ်စေတာ အသုံးမကျသူတစ်ယောက်ဖြစ်စေတာ ကိုယ်ကိုယ်တိုင်ပါပဲ။ ဒါကြောင့်ဘယ်တော့မှကိုယ်ရဲ့ဖြစ်တည်မှုကိုတခြားသူတွေနဲ့ မနှိုင်းယှဉ်ပါနဲ့။ကိုယ့်ကိုယ်ကိုတန်ဖိုးထားပါ။ကိုယ့်ကိုယ်ကိုပဲ အာရုံစိုက်ထားပါ။ပိုပြီးပျော်ရွှင်ရတဲ့နေ့ရက်တွေကိုပိုင်ဆိုင်လာနိုင်မှာဖြစ်ပါတယ်။
(၃) မလုပ်ဖူးသေးတဲ့အရာတစ်ခုကိုလုပ်ကြည့်ပါ
Source : Shutterstock
ဘဝမှာသင်အနေနဲ့ ကိုယ့်အနေနဲ့ တစ်ကြိမ်တစ်ခါလောက်လုပ်ကြည့်ချင်ပေမယ့် အခြေအနေအကြောင်းကြောင်းကြောင့် မလုပ်ဖြစ်ခဲ့တဲ့ အရာတွေဆိုတာရှိမှာပါ။ဥပမာ တစ်ယောက်တည်းခရီး သွားတာ ခန္ဓာကိုယ်ဘော်ဒီကိုလုံးဝပြောင်းလဲပစ်တာ စသည်ဖြင့်ကောင်းမွန်တဲ့ အကျိုးရလဒ်လည်းရှိမယ် ကိုယ်အနေနဲ့ လုပ်ကြည့်ဖို့လည်းစိတ်အားထက်သန်တယ်ဆိုရင်တော့ အဲ့လိုအရာတစ်ခုကိုမဖြစ် မနေလုပ်ဆောင်ကြည့်ဖို့ အကြံပြုချင်ပါတယ်။ကိုယ်မလုပ်ဖူးသေးတဲ့အရာ ကိုယ်လုပ်ချင်တဲ့အရာတစ်ခုလုပ်ဆောင်ရတာဟာ ဘဝမှာစိတ်ကျေနပ်စရာအကောင်းဆုံးအချိန်တစ်ခုဖြစ်စေပါတယ်။
(၄) အိပ်မက်တွေနောက်လိုက်ကြည့်ပါ
Source : Shutterstock
ယနေ့ခေတ်လူတော်တော်များ ကိုယ့်ဘဝကိုမပျော်ရတဲ့ အဓိကအကြောင်းအရင်းတွေထဲမှာ ဝါသနာနဲ့ ဘဝထပ် တူမကျတဲ့ အကြောင်းအရာကလည်းအဓိကပါဝင်ပါတယ်။ကိုယ်ကဆရာဝန်ဘွဲ့ရပေမယ့် အနုပညာကိုဝါသနာပါသူတစ်ယောက်ဆိုရင်တော့ ဆရာဝန်အလုပ်ကိုကြာလေငြီးငွေ့လာလေဖြစ်လာမှာပါ။ဒါကြောင့် အရင်ဆုံးကိုယ်ဘာဝါသနာပါတယ်ဆိုတာတော့ သိဖို့လိုပါမယ်။ကိုယ်ဝါသနာပါတဲ့ အရာတစ်ခုကို သေးသေးလေးကပဲစတင်ပြီးလုပ်ကြည့်ပါ။ဒါဆိုသင်လဲတဖြေးဖြေးပျော်ရွှင်လာရမှာဖြစ်ပါတယ်။