လက်ရှိမှာ COVID – 19 ရောဂါကြောင့် ရုံးတွေကျောင်းတွေပိတ်လိုက်ပြီး အိမ်မှာနေဖို့ လမ်းညွှန်ထားကြပါတယ်။အိမ်မှာနေခြင်းက ရောဂါပိုးကူးစက်ခံရခြင်းကိုကာကွယ်ဖို့အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်သလိုသင့်အတွက်အချိန်တွေလည်း များစွာပိုလာမှာဖြစ်တာကြောင့် အချိန်ရတုန်းအကျိုးရှိတဲ့ အရာလေးတွေလုပ်ဖို့ တိုက်တွန်းချင်ပါတယ်။

(၁) ကောင်းစွာအနားယူပါ

Source : Shutterstock

အရင်ဆုံး အနားယူခြင်းတွေနဲ့ စလိုက်ရအောင်။ အရင်က မနက်ပိုင်းတွေ စောစောမထချင်ခဲ့တဲ့ ရက်တွေရှိကြမှာပါ။အခုလိုချိန်မှာကောင်းစွာအိပ်စက်ဖို့ အခွင့်အရေးကောင်းပါပဲ။ ကောင်းကောင်းအိပ် ကောင်းကောင်းစားပြီး ခန္ဓာကိုယ်က ကိုယ်ခံအားပြည့်ဝအောင်နေထိုင်ပါ။ ရုပ်ရှင်တွေတမုန်းထိုင်ကြည့်ပါ။ကိုယ့်အတွက် သက်တောင့်သက်သာအဖြစ်ဆုံးနေထိုင်ပြီး ပင်ပန်းခဲ့သမျှ အနားယူလိုက်ပါ။

(၂) စာအုပ်တွေဖတ်ပါ

Source : Shutterstock

အိမ်မှာနေရလို့ ပျင်းနေပြီဆိုရင် စာအုပ်တွေကသင့်အတွက် အဖော်မွန်ကောင်းဆိုလည်း မမှားနိုင်ပါဘူး။စာဖတ်ခြင်းက အပျင်းပြေစေသလို ဗဟုသုတလည်းများစွာတိုးလာစေမှာပါ။ ရသစာပေ ဇာတ်လမ်းတို ဘာသာပြန်စာအုပ် အစုံအလင် မိမိကြိုက်နှစ်သက်ရာဖတ်နိုင်ပါတယ်။ အွန်လိုင်းကနေလည်း E Book တွေ ဒေါင်းလုတ်လုပ်ပြီး ဖတ်ရှု့လို့ရနိုင်တာကြောင့် အခုလိုအိမ်မှာနေတဲ့အချိန်အတွင်း ကိုယ့်ရဲ့တစ်နေ့တာမှာ သီးသန့်စာဖတ်ချိန်ကိုလည်းထည့်သွင်းထားဖို့ အကြံပြုချင်ပါတယ်။

(၄) လေ့လာပါ

Source : Shutterstock

နည်းပညာတိုးတက်ပြောင်းလဲလာတဲ့ခေတ်ကြီးမှာ အင်တာနက်ရှိရုံနဲ့ ကိုယ်သိချင်တဲ့ပညာရပ်တွေကို လွယ်ကူစွာလေ့လာနိုင်ပါပြီ။ အိမ်မှာနေတဲ့အချိန်အတွင်းမှာ ကိုယ်ဝါသနာပါတဲ့ ပညာရပ်တွေကိုလေ့လာဖို့ အကောင်းဆုံးပါပဲ။ အနည်းဆုံးတော့ ဘာသာစကားတစ်မျိုးမျိုးလေ့လာဖို့ တိုက်တွန်းချင်ပါတယ်။ဘာသာစကားသင်ယူရတာက ပျော်စရာကောင်းသလို ဗဟုသုတလည်းများစွာတိုးပွားစေလို အလုပ်အကိုင်အခွင့်အလမ်းတွေလည်း ပိုများစေမှာဖြစ်ပါတယ်။

(၄) အိမ်ကနေအလုပ်လုပ်ပါ

Source : Shutterstock

အလုပ်တွေကျောင်းတွေနားထားတော့ ဝင်ငွေအတွက်အခက်အခဲရှိနေကြမယ်ထင်ပါတယ်။ဒါပေမယ့်စိတ်မပူပါနဲ့။ ယနေ့ခေတ်မှာ အိမ်ကနေအလုပ်လုပ်လို့ရတဲ့ Freelance အလုပ်တွေရှိလာပါပြီ။ Content Writer ၊ Web Developer ၊ Desinger ၊ Video Editor စသည်ဖြင့် ကိုယ်ကျွမ်းကျင်ရာပညာရပ်နဲ့ အိမ်ကနေအလုပ်လုပ်လို့ရပါတယ်။ ဒါဆိုကိုယ်အတွက် ဝင်ငွေလည်းရ အိမ်မှာနေရင်းအပျင်းလည်းပြေစေမှာသေချာပါတယ်။

(၅) မိသားစုနဲ့ အချိန်ပေးပါ

Source : Shutterstock

အခုချိန်က မိသားစုကိုအချိန်ပေးဖို့ အကောင်းဆုံးအချိန်ပါပဲ။မိသားစုနဲ့ အတူတူ ဟင်းချက်စားမယ် တီဗီအစီအစဉ်တွေကြည့် အိမ်သန့်ရှင်းရေးလုပ်မယ် စတဲ့အရာတွေကို မိသားစုနဲ့ အတူတူလုပ်ဆောင်ပြီး အိမ်မှာနေတဲ့အချိန်တွေကို အမှတ်တရတွေ ပျော်ရွှင်ခြင်းတွေ ဖန်တီးလိုက်ပါနော်။