ရုံးပိတ်ရက် အားလပ်ရက်တွေမှာ မိသားစုကိုအချိန်ပေးဖြစ်ပါရဲ့လား။ မိသားစုဝင်တွေက ကိုယ့်ဘဝထဲက အရေးကြီးဆုံးလူတွေဖြစ်တာကြောင့် မိသားစုကိုမဖြစ်မနေအချိန်ပေးသင့်ပါတယ်။ ဒီတစ်ခေါက်တော့ အားလပ်ရက်တွေကို မိသားစုနဲ့အတူ ပျော်စရာလည်းကောင်းပြီး အဓိပ္ပါယ်ရှိစွာဖြတ်သန်းနိုင်ဖို့န ည်းလမ်းကောင်းလေးတွေပြောပြပေးချင်ပါတယ်။

ရုပ်ရှင်ကြည့်ပါ

Source : News of the day

ရုပ်ရှင်ဝါသနာအိုးလေးတွေအတွက်တော့ အားလပ်ရက်လေးမှာ မိသားစုနဲ့ အတူ ရုပ်ရှင်ဇာတ်ကားကောင်းလေးတွေ ကြည့်ရှု့ခံစားဖို့ တိုက် တွန်းချင်ပါတယ်။ အိမ်က တီဗီရှေ့မှာ မိသားစုတွေအတူတူ ဝိုင်းဖွဲ့ပြီး ရုပ်ရှင်ကြည့်ပါ။ အိမ်မှာကြည့်တာဟာပိုပြီး စိတ်လွတ်လက်လွတ်ရှိသလို မိသားစုရဲ့နွေးထွေးမှုကိုပိုပြီး ခံစားရစေမှာဖြစ်ပါတယ်။ စားစရာမုန့်တွေအများကြီးနဲ့ ပျော်ပျော်ပါးပါး Movie Time လေးတစ်ခု ဖန်တီးလိုက်ပါ။

သစ်ပင်စိုက်ပါ

Source : Envato Elements

မိမိတို့ရဲ့ အိမ်ခြံဝန်းလေးထဲမှာ မိသားစုနဲ့အတူ တစ်နိုင်တစ်ပိုင် သစ်ပင်ပန်းပင်လေးတွေ စိုက်ပျိုးကြည့်ပါ။ သစ်ပင်ပန်းပင်လေးတွေစိုက်ပျိုးခြင်းဟာ တကယ်ကို စိတ်လက်ပေါ့ပါးလန်းစေတဲ့ အရာလေးတစ်ခုဖြစ်ပါတယ်။ ရာသီဥတုကလည်း ပူပြင်းလာတာကြောင့် အရိပ်ရစေပြီး အေးချမ်းတဲ့ မိသားစုနားခိုရာအိမ် ခြံဝန်းလေးဖြစ်စေဖို့ သစ်ပင်လေးစိုက်ပျိုးကြည့်ဖို့ အကြံပေးချင်ပါတယ်။

မုန့်လုပ်စားပါ

iStock

အားလပ်ရက်မှာ မိသားစုနဲ့ အတူသိုက်သိုက်ဝန်းဝန်း မုန့်လုပ်စားရတာလည်း ပျော်စရာကောင်းတဲ့အချိန်လေးတစ်ခု ဖြစ်ပါတယ်။ အပြင်ထွက်လဲအမြဲတမ်းစားနေရတဲ့ ဟော့ပေါ့တို့ အသားကင်တို့ကို ရိုးအီနေပြီဆိုတဲ့သူတွေအတွက် မြန်မာမုန့်လေးတွေ လုပ်စားကြည့်ဖို့ အကြံပေးချင်ပါတယ်။ အပြင်မှာ သွားစားထက်တာ မိသားစုနဲ့ အိမ်မှာချက်ပြုတ်စားသောက်တာဟာ ပိုပြီးအရသာမြိန်စေမှာဖြစ်ပါတယ်။

အိမ်သန့်ရှင်းရေးလုပ်ပါ

Source : Decor Tips

နားရက်လေးမှာ အလုပ်တွေခိုင်းတယ်လို့တော့ မထင်ပါနဲ့။ မိသားစုတွေအကုန်စုံတဲ့ အားလပ်ရက်လေးဖြစ်တာကြောင့် တစ်ယောက်တစ်လှည့်ဝိုင်းကူပြီး အိမ်သန့်ရှင်းရေးလုပ်မယ်ဆိုရင် အချိန်ခဏလေးအတွင်းမှာ သန့်ရှင်းသာယာတဲ့ချစ်စရာအိမ်လေးဖြစ်သွားမှာဖြစ်ပါတယ်။ စိတ်အပြောင်းအလဲလေး ဖြစ်သွားအောင် အိမ်တွင်း Decoration ပုံစံလေးတွေကိုလည်း အနည်းငယ်ပြောင်းလဲကြည့်ဖို့ အကြံပေးချင်ပါတယ်။