ကျောင်းပြီးလို့ အလုပ်ဝင်မယ့်သူတွေနဲ့ အလုပ်ခွင့်အတွေ့အကြုံကိုပထမဆုံးယူမယ့်သူတွေအတွက် စိန်ခေါ်မှုတွေများစွာရှိနိုင်ပါတယ်။ ကျောင်းသင်ခန်းစာနဲ့ တကယ်လက်တွေ့အလုပ်ခွင်ဝင်တဲ့အခါ ကွာခြားမှုတွေက ဒုနဲ့ဒေးပါ။ ဒါကြောင့်ဒီနေ့မှာ ပထမဆုံးအလုပ်ခွင်က ကိုယ့်အတွက်အခက်အခဲတွေအများကြီးနဲ့ စိတ်ပျက်မသွားစေဖို့ ထိရောက်တဲ့ အကြံပြုချက်တစ်ချို့ကိုမျှဝေပေးသွားချင်ပါတယ်။

(၁) အတွေ့အကြုံကိုကြည့်ပါ

Source : Insider.co.uk

လုပ်ငန်းအတွေ့အကြုံမရှိသေးတဲ့အတွက် ကိုယ်ရဲ့ပထမဆုံးအလုပ်က မျှော်မှန်းထားသလောက် လစာကောင်းချင်မှကောင်းပါလိမ့်မယ်။ လက်ရှိအချိန်မှာက လစာထက် လုပ်ငန်းအတွေ့အကြုံက ကိုယ့်အတွက်ပိုအရေးကြီးပါတယ်။ ဒါကြောင့် ကိုယ်အနေနဲ့ သင်ယူလေ့လာလို့ရမယ့်နေရာ လုပ်ငန်းအတွေ့အကြုံ ပေါင်းသင်းဆက်ဆံရေးအတွေ့အကြုံတွေများများရမယ့်အလုပ်ကို ဦးစားပေးပါ။ ကျွမ်းကျင်မှုနှင့်အလုပ်အတွေ့အကြုံရင့်သန်လာရင် လစာကအလိုလိုများလာမှာပါ။

(၂) စနစ်တကျအလုပ်လျာက်ပါ

Souece : Study in Australia

အလုပ်တစ်ခုရဖို့ အတွက် ပထမဆုံးခြေလှမ်းက အလုပ်လျောက်ခြင်းဖြစ်ပါတယ်။ဒီလိုပထမအဆင့်မှာကတည်းက ကိုယ်ကိုယ်အထင်ကြီးစေမယ့် အရာလေးတွေလုပ်ဆောင်ရင် အလုပ်ခန့်ဖို့ ရာခိုင်နှုန်းကများသွားပါပြီ။ ဒါကြောင့် အလုပ်လျောက်တဲ့အခါ ကိုယ်ရေးအကျဉ်းကိုဖော်ပြတဲ့ CV ဖောင်ကိုသပ်သပ်ရပ်ရပ်နဲ့ မိမိရရှိထားတဲ့ တက္ကသိုလ်တစ်ခုခုကဘွဲ့ တက်ခဲ့ဖူးတဲ့သင်တန်းတွေအပြင် ကိုယ်ကျွမ်းကျင်တက်မြောက်တဲ့ Skill တွေကိုပြည့်ပြည့်စုံစုံရေးသားဖော်ပြဖို့ လိုအပ်ပါတယ်။

(၃) ဝတ်စားဆင်ယင်မှုကိုပြောင်းလဲပါ

Source : Men’s Journal

အလုပ်ခွင်ဝင်ပြီဆိုတာနဲ့ ဝတ်စားဆင်မှုကိုလည်း လိုက်ဖက်မှုရှိအောင်ပြင်ဆင်ဝတ်စားတက်ဖို့အရေးကြီးပါတယ်။ အင်တာဗျူးဖြေတာဖြစ်စေ အလုပ်ခန့်လိုက်လို့ ရုံးတက်တဲ့အခါမှာပဲဖြစ်စေ အဝတ်အစားကို သပ်သပ်ရပ်ရပ်နဲ့ ကြည့်ကောင်းအောင်ဝတ်ဆင်ဖို့လိုအပ်ပါတယ်။ ပထမဆုံးအလုပ်ဆင်းတဲ့နေ့မှာဘာဝတ်ရမလဲမသိရင် ပုဆိုးနှင့် ရှပ်အကီၤျ လက်ရှည်ကောင်းကောင်းလေးသာဝတ်သွားလိုက်ပါ။အဓိကကိုယ့်ရဲ့ဝတ်စားဆင်ယင်မှုက လူအများအမြင်မှာကန့်လန့်ဖြစ်မနေဖို့နဲ့ ကိုယ်တိုင်လည်းသက်တောင့်သက်သာရှိတဲ့ အဝတ်အစားမျိုးကိုရွေးချယ်ဝတ်ဆင်သင့်ပါတယ်။

(၄) စီနီယာတွေနဲ့ ရင်းနှီးအောင်ပေါင်းပါ

Source : Farmingdale State College

ကိုယ်ကဘယ်လောက်ပဲတစ်ယောက်တည်းနေတက်ပါတယ် အနေအေးပါတယ်ပြောပြောအလုပ်ခွင်ရောက်ပြီဆိုတာနဲ့ လူတွေနဲ့ ထိတွေ့ဆက်ဆံပြောဆိုရတော့မယ်ဆိုတာကိုသတိရပါ။ ကိုယ့်အရှေ့ကလုပ်ဖော်ကိုင်ဖက်စီနီယာတွေကို ခင်မင်အောင်ပေါင်းသင်းပါ။ မသိတာရှိရင် မရှက်မကြောက်ပဲမေးပါ။ အကူအညီတောင်းပါ။လေ့လာသင်ယူပါ။ ဒါဆိုရင်အလုပ်ခွင်မှာ မိတ်ဆွေအသစ်တွေတိုးပြီး သင့်ကိုပျော်ရွှင်တဲ့အလုပ်ခွင်တစ်ခုဖြစ်စေမှာသေချာပါတယ်။