[Unicode]

ဒီဘက်ခေတ်လူငယ်တွေအနေနဲ့ အသက် (၂၀) ကျော်လာတာနဲ့ အမျှ အိပ်လိုက်စားလိုက် ဂိမ်းဆော့လိုက် ဖေ့ဘွတ်ခ်သုံးလိုက်နေလို့ မရတော့ပါဘူး။ လူငယ်တွေရဲ့ အခန်းကဏ္ဍက အရမ်းကိုအရေးပါလာပြီး ကုပ္မဏီကြီးတွေ ရာထူးအမြင့်ပိုင်းတွေမှာ လူငယ်တွေကပဲ ဦးဆောင်လာနေတာဖြစ်ပါတယ်။စာဖတ်ပရိသတ်တွေအနေနဲ့လည်း မိမိဘဝမှာအောင်မြင်တဲ့နေရာတစ်ခုကိုအရောက်လှမ်းနိုင်ဖို့ အသက် (၂၀) ကျော်လာတာနဲ့ အမျှ ပြောင်းလဲသင့်တဲ့ အတွေးအခေါ်ပိုင်းဆိုင်ရာ အယူအဆလေးတွေကို ပြောပြပေးချင်ပါတယ်။

(၁) ရင်ကျက်စွာတွေးခေါ်ပါ

Source : Shutterstock

ဘာပဲဖြစ်ဖြစ်အသက် (၂၀) ဆိုတဲ့အသက်အရွှယ်တစ်ခုက ကလေးဆန်ဆန်ဘဝကိုဖြတန်သန်းနေလို့မရတော့ပါဘူး။ရင့်ကျက်သင့်တဲ့နေရာမှာရင့်ကျက်စွာတွေးခေါ်တက်ဖို့လိုလာပါပြီ။အရာရာတိုင်းကို ပေါ့ပေါ့ပျက်ပျက်ဆုံးဖြတ်တက်တဲ့အကျင့်တွေကိုလည်း ဖျောက်ပြီး မိမိဘဝတိုးတက်ရေးအတွက် အသေးအမွှားလေးကအစ ရင့်ကျက်စွာတွေးခေါ်ဆုံးဖြတ်ရမှာဖြစ်ပါတယ်။

(၂) အချိန်ဖြုန်းတဲ့လုပ်ရပ်တွေရှောင်ကျဉ်ပါ

Source : The Motley Fool

လူငယ်ဘဝဆိုတာ အရမ်းကိုလေ့လာသင်ယူလို့အားကောင်းတဲ့အချိန်တစ်ခုပါ။ ဒီလိုအချိန်မှာ ဂိမ်းတွေပဲဆော့နေမယ် ၊ သူငယ်ချင်းတွေနဲ့ လမ်းမပေါ်မှာပဲ ပျော်ပါးနေမယ် စတဲ့လုပ်ရပ်တွေနဲ့ ကိုယ်ရဲ့ တန်ဖိုးရှိတဲ့အချိန်တွေကို အလဟသက်မဖြုန်းတီးမိဖို့လိုလာပါပြီ။ကိုယ့်အနေနဲ့ ဘဝအတွက် လက်နက်တွေကိုစုဆောင်းသင့်သလောက်စတင်စုဆောင်းပါ။သင်တန်းေတွေတက်မယ်။ဘာသာစကားတွေလေ့လာမယ်စသည်ဖြင့်အချိန်ကိုအကျိုးရှိရှိလုပ်ဆောင်တက်ဖို့လိုလာပြီဖြစ်ပါတယ်။

(၃) ကိုယ့်ကိုယ်ကိုဆန်းစစ်ပါ

Source : Shutterstock

အသက် (၂၀) ကျော်လာတာနဲ့ အမျှ ကိုယ်ဘဝမှာ ကိုယ်ကဘာဖြစ်တာလဲ။ ဘယ်လိုလုပ်ငန်းနဲ့ အသက်မွေးဝမ်းကြောင်းလုပ်ချင်တာလဲ စသည်ဖြင့်မိမိဘဝအနာဂတ်အတွက် စတင်မေးခွန်းထုတ်ဖို့လိုလာပါပြီ။ယောင်လည်လည်ပဲ သူများကွန်ပြူတာသင်တန်းတက်လို့လိုက်တက်လိုက်တာမျိုး ၊ အင်္ဂလိပ်စာသင်တန်းတက်လို့လိုက်တက်လိုက်တာမျိုးတွေမလုပ်ပါနဲ့။ကိုယ်ဘဝမှာတကယ်ပဲဘယ်လိုလမ်းကြောင်းပေါ်စတင်လျောက်လှမ်းချင်တယ်ဆိုတာကိုဆန်းစစ်ပြီး လက်တွေ့အကောက်အထည်ဖော်ဖို့ လုပ်ဆောင်သင့်ပါပြီ။

(၄) ရည်မှန်းချက်ထားပါ

Source : Shutterstock

ကိုယ်ဖြစ်ချင်တဲ့အရာကိုယ်လျောက်ချင်တဲ့လမ်းကြောင်းတစ်ခုကိုသိပြီဆိုရင်တော့ ရည်မှန်းချက်ကြီးကြီးသာထားပြီး ကိုယ့်ရဲ့ အိပ်မက်တွေကို စတင်လုပ်ဆောင်ပါ။လက်ရှိအသက် (၂၀) ကနေနောက်တစ်နှစ်အတွင်းမှာ ဘယ်လိုနေရာဘယ်လိုရာထူးမျိုးရရှိရမယ်ဆိုတဲ့ရည်မှန်းချက်မျိုးထားပြီးကြိုးစားပါ။ရည်မှန်းချက်ထားပြီးကြိုးစားသူနဲ့ ရည်မှန်းချက်မထားပဲ ကြိုးစားသူတို့မှာ အောင်မြင်တာချင်းတူရင်တောင်ခံစားရမယ့် အသီးအပွင့်တွေက ရည်မှန်းချက်ထားသူမှာပိုပြီးများပါတယ်။

[Zawgyi]

ဒီဘက္ေခတ္လူငယ္ေတြအေနနဲ႔ အသက္ (၂၀) ေက်ာ္လာတာနဲ႔ အမွ် အိပ္လိုက္စားလိုက္ ဂိမ္းေဆာ့လိုက္ ေဖ့ဘြတ္ခ္သံုးလိုက္ေနလို႔ မရေတာ့ပါဘူး။ လူငယ္ေတြရဲ႕ အခန္းက႑က အရမ္းကိုအေရးပါလာၿပီး ကုပၼဏီႀကီးေတြ ရာထူးအျမင့္ပိုင္းေတြမွာ လူငယ္ေတြကပဲ ဦးေဆာင္လာေနတာျဖစ္ပါတယ္။စာဖတ္ပရိသတ္ေတြအေနနဲ႔လည္း မိမိဘဝမွာေအာင္ျမင္တဲ့ေနရာတစ္ခုကိုအေရာက္လွမ္းႏိုင္ဖို႔ အသက္ (၂၀) ေက်ာ္လာတာနဲ႔ အမွ် ေျပာင္းလဲသင့္တဲ့ အေတြးအေခၚပိုင္းဆိုင္ရာ အယူအဆေလးေတြကို ေျပာျပေပးခ်င္ပါတယ္။

(၁) ရင္က်က္စြာေတြးေခၚပါ

Source : Shutterstock

ဘာပဲျဖစ္ျဖစ္အသက္ (၂၀) ဆိုတဲ့အသက္အရႊယ္တစ္ခုက ကေလးဆန္ဆန္ဘဝကိုျဖတန္သန္းေနလို႔မရေတာ့ပါဘူး။ရင့္က်က္သင့္တဲ့ေနရာမွာရင့္က်က္စြာေတြးေခၚတက္ဖို႔လိုလာပါၿပီ။အရာရာတိုင္းကို ေပါ့ေပါ့ပ်က္ပ်က္ဆံုးျဖတ္တက္တဲ့အက်င့္ေတြကိုလည္း ေဖ်ာက္ၿပီး မိမိဘဝတိုးတက္ေရးအတြက္ အေသးအမႊားေလးကအစ ရင့္က်က္စြာေတြးေခၚဆံုးျဖတ္ရမွာျဖစ္ပါတယ္။

(၂) အခ်ိန္ျဖဳန္းတဲ့လုပ္ရပ္ေတြေရွာင္က်ဥ္ပါ

Source : The Motley Fool

လူငယ္ဘဝဆိုတာ အရမ္းကိုေလ့လာသင္ယူလို႔အားေကာင္းတဲ့အခ်ိန္တစ္ခုပါ။ ဒီလိုအခ်ိန္မွာ ဂိမ္းေတြပဲေဆာ့ေနမယ္ ၊ သူငယ္ခ်င္းေတြနဲ႔ လမ္းမေပၚမွာပဲ ေပ်ာ္ပါးေနမယ္ စတဲ့လုပ္ရပ္ေတြနဲ႔ ကိုယ္ရဲ႕ တန္ဖိုးရွိတဲ့အခ်ိန္ေတြကို အလဟသက္မျဖဳန္းတီးမိဖို႔လိုလာပါၿပီ။ကိုယ့္အေနနဲ႔ ဘဝအတြက္ လက္နက္ေတြကိုစုေဆာင္းသင့္သေလာက္စတင္စုေဆာင္းပါ။သင္တန္းေေတြတက္မယ္။ဘာသာစကားေတြေလ့လာမယ္စသည္ျဖင့္အခ်ိန္ကိုအက်ဳိးရွိရွိလုပ္ေဆာင္တက္ဖို႔လိုလာၿပီျဖစ္ပါတယ္။

(၃) ကိုယ့္ကိုယ္ကိုဆန္းစစ္ပါ

Source : Shutterstock

အသက္ (၂၀) ေက်ာ္လာတာနဲ႔ အမွ် ကိုယ္ဘဝမွာ ကိုယ္ကဘာျဖစ္တာလဲ။ ဘယ္လိုလုပ္ငန္းနဲ႔ အသက္ေမြးဝမ္းေၾကာင္းလုပ္ခ်င္တာလဲ စသည္ျဖင့္မိမိဘဝအနာဂတ္အတြက္ စတင္ေမးခြန္းထုတ္ဖို႔လိုလာပါၿပီ။ေယာင္လည္လည္ပဲ သူမ်ားကြန္ျပဴတာသင္တန္းတက္လို႔လိုက္တက္လိုက္တာမ်ဳိး ၊ အဂၤလိပ္စာသင္တန္းတက္လို႔လိုက္တက္လိုက္တာမ်ဳိးေတြမလုပ္ပါနဲ႔။ကိုယ္ဘဝမွာတကယ္ပဲဘယ္လိုလမ္းေၾကာင္းေပၚစတင္ေလ်ာက္လွမ္းခ်င္တယ္ဆိုတာကိုဆန္းစစ္ၿပီး လက္ေတြ႕အေကာက္အထည္ေဖာ္ဖို႔ လုပ္ေဆာင္သင့္ပါၿပီ။

(၄) ရည္မွန္းခ်က္ထားပါ

Source : Shutterstock

ကိုယ္ျဖစ္ခ်င္တဲ့အရာကိုယ္ေလ်ာက္ခ်င္တဲ့လမ္းေၾကာင္းတစ္ခုကိုသိၿပီဆိုရင္ေတာ့ ရည္မွန္းခ်က္ႀကီးႀကီးသာထားၿပီး ကိုယ့္ရဲ႕ အိပ္မက္ေတြကို စတင္လုပ္ေဆာင္ပါ။လက္ရွိအသက္ (၂၀) ကေနေနာက္တစ္ႏွစ္အတြင္းမွာ ဘယ္လိုေနရာဘယ္လိုရာထူးမ်ဳိးရရွိရမယ္ဆိုတဲ့ရည္မွန္းခ်က္မ်ဳိးထားၿပီးႀကိဳးစားပါ။ရည္မွန္းခ်က္ထားၿပီးႀကိဳးစားသူနဲ႔ ရည္မွန္းခ်က္မထားပဲ ႀကိဳးစားသူတို႔မွာ ေအာင္ျမင္တာခ်င္းတူရင္ေတာင္ခံစားရမယ့္ အသီးအပြင့္ေတြက ရည္မွန္းခ်က္ထားသူမွာပိုၿပီးမ်ားပါတယ္။