လူတွေနေထိုင်နေတဲ့ကမ္ဘာကြီးဟာ အန္တရာယ်တွေနဲ့ ပြည့်နှက်နေတဲ့နေရာကြီးပါ။ ဒါပေမယ့် အန္တရာယ်ရှိတယ်လို့ လူတွေထင်ထားကြတဲ့ တချို့သောအရာတွေဟာ ထင်ထားသလောက် အန္တရာယ်မရှိတာကို တွေ့ရပါတယ်။ ဥပမာ အန္တရာယ်ရှိတယ်လို့ လူတွေထင်ထားကြတဲ့ ငါးမန်းထက် ပိုပြီး နွားတွေက ပိုပြီးအန္တာရာယ်ရှိနေတာမျိုးပေါ့။
ဒီနေ့မှာ kwee ကနေ အန္တရာယ်မရှိဘူးလို့လူတွေထင်ထားတဲ့အရာတွေဟာ အန္တရာယ်ရှိတယ်လို့ လူတွေထင်ထားတဲ့အရာတွေထက် ပိုပြီးအန္တရာယ်ရှိတဲ့အကြောင်း ပြောပြပေးသွားမှာပါ။
ငါးမန်း (သို့) နွား
ငါးမန်းတွေဟာ လူတွေရဲ့ပါးစပ်ဖျားမှာ နာမည်းဆိုးနဲ့ကျော်ကြားတဲ့သတ္တဝါဖြစ်ပါတယ်။ Jaws ဆိုတဲ့ရုပ်ရှင်ဇာတ်ကားဟာ ငါးမန်းတွေကြောက်စရာကောင်းကြောင်း ရိုက်ကူးပြထားတာပါ။ ဒါပေမဲ့ ငါးမန်းတွေဟာ လူတွေထင်ထားသလောက် အန္တရာယ်မများပါဘူး။
နွားတွေက ငါးမန်းတွေထက်ပိုပြီး အန္တာရာယ်များတာပါ။ လေ့လာမူတွေအရ နွားတွေကြောင့် ဒဏ်ရာရတဲ့အရေအတွက်ဟာ ငါမန်းတွေကြောင့် ဒဏ်ရာရတဲ့အရေအတွက်ထက် အဆ (၂၀) ပိုမိုများပြားပါတယ်။
ရိုလာကိုစတာစီးခြင်း (သို့) ဂေါက်ရိုက်ခြင်း
ရိုလာကိုစတာစီးတာက အန္တရာယ်များတယ်လို့လူတွေသိထားကြပေမယ့် လေ့လာမူတွေအရ ဂေါက်ရိုက်ခြင်းက ပိုပြီးအန္တရာယ်ရှိနေပါတယ်။ ဂေါက်ရိုက်တဲ့သူတွေအများစုဟာ အဆစ်အမြစ်နာတဲ့ ရောဂါနှင့်အူကြတဲ့ ရောဂါတွေကို ခံစားရလေ့ရှိတတ်ပေမယ့် ဒီအကြောင်းတွေကို သတင်းအဖြစ်ကြေညာခြင်း မရှိကြပါဘူး။
လေထီးခုန်ခြင်း (သို့) ကားမောင်းခြင်း
စစ်တမ်းတွေအရ မော်တော်ကားမောင်းခြင်းဟာ လေယာဉ်ပေါ်ကနေပြီးတော့ လေထီခုန်ခြင်းထက်ပိုပြီး အန္တရာယ်ရှိတယ်လို့ ပြောထားပါတယ်။ အမေရိကန် လေထီးအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ အကြိမ် ၁ သိန်း လေထီးခုန်ရာမှာ ၁ ကြိမ်လောက်သာ မတော်တဆမူဖြစ်လေ့ရှိကြောင်း ပြောဆိုထားပါတယ်။ ဒါက လူတယောက်အနေနဲ့ တနှစ်မှာ ၁၇ ကြိမ်လေထီးခုန်ပြီးမတော်တဆဖြစ်နိူင်ခြေက ကားမောင်းတာကြောင့် ဒဏ်ရာရနိူင်ခြေက အခွင့်အရေးပိုမိုများပြားကြောင်း တွေ့ရပါတယ်။
မိချောင်း (သို့) ရေချိုးကန်ဖြင့်ရေချိုးခြင်း
စစ်တမ်းများအရ မိချောင်းတွေရှိတဲ့ ရေကန်ထဲရေဆင်းချိုးခြင်းက ရိုးရိုးအိမ်မှာရေချိုးခြင်းထက် ပိုပြီးအန္တရာယ်ကင်းကြောင်း သိရပါတယ်။ အဓိကအကြောင်းအရင်းကတော့ လူတွေရဲ့ဂရုမစိုက်ခြင်းကြောင်း ဖြစ်ပါတယ်။စစ်တမ်းများအရ မိချောင်းတွေကြောင့် သေတဲ့လူဦးရေထက် အိမ်မှာရေချိုးနေရင်းသေတဲ့ လူဦးရေကပိုများကြောင်း သိရပါတယ်။
မိုးကြိုးပစ်ခြင်း (သို့) အိပ်ယာပေါ်မှလှိမ့်ကြခြင်း
၂၀၀၄ မှ ၂၀၁၄ ခုနှစ်အထိ ကောက်ခဲ့တဲ့စစ်တမ်းများအရ အိပ်ယာပေါ်ကလှိမ့်ကြပြီးဒဏ်ရာရတဲ့ လူဦးရေဟာ မိုးကြိုးပစ်ခြင်းကြောင့် ဒဏ်ရာရတဲ့ လူဦးရေထက်ပိုများကြောင်း သိရပါတယ်။ တနှစ်ကို မိုးကြီးပစ်ခြင်းကြောင့် လူဦးရေ ၂၅၀၀၀၀ ခန့်ဒဏ်ရာရနေကြပါတယ်။ ဒါပေမယ့် အိပ်ယာပေါ်က လှိမ့်ကြပြီး ဒဏ်ရာရတဲ့ ဦးရေက ပိုမိုများပြားပါတယ်။ အထူးသဖြင့် သက်ကြီးရွယ်အိုတွေပါ။
တောင်တတ်ခြင်း (သို့) အဝလွန်ခြင်း
ဒီအချက်ကတော့ ကျန်းကျန်းမာမာနေ ဖို့အတွက်ပြောချင်တာပါ။ စစ်တမ်းတွေအရ တောင်တတ်ခြင်းဟာ အဝလွန်ခြင်းထက် ပိုပြီးအန္တာရာယ်ကင်းကြောင်း တွေ့ရပါတယ်။ တကယ်လို့ တောင်တတ်တဲ့အချိန်မှာ အန္တရာယ်ကင်းစေဖို့ စည်းကမ်းတွေအကုန်လုံး လိုက်နာမယ်ဆိုရင် အသက်အန္တရာယ်အတွက် စိတ်ချရပါတယ်။ ဒါပေမယ့် အစားအသောက် မဆင်မခြင်စားခဲ့မယ်ဆိုရင်တော့ အဝလွန်ခြင်းရဲ့ နောက်ဆက်တွဲ ရောဂါတွေကြောင့် သေနိူင်ခြေများပါတယ်။
Source: Bright Side