လူတိုင်းလူတိုင်းရဲ့ဘဝမှာ ဘယ်အရာနဲ့မှအစားထိုးလို့မရတဲ့ တန်ဖိုးအကြီးအမားဆုံး အရာတစ်ခုရှိကြပါတယ်။အဲ့ဒါကတော့ အချိန်ပါပဲ။အချိန်ကိုငွေနဲ့ ပေးဝယ်လို့မရသလို ဘယ်အရာနဲ့မှလည်း အစားထိုးလဲလှယ်လို့ မရနိုင်ပါဘူး။ဒါကြောင့်ကိုယ်ပိုင်ဆိုင်တဲ့အချိန်တွေကို အကျိုးမဲ့ သက်သက်ကုန်ဆုံးစေတာဟာ အင်မတန်မှနှမြောဖို့ကောင်းပါတယ်။
ဒါပေမယ့်လည်း ကျွန်တော်တို့ရဲ့တစ်နေ့မှာ တန်ဖိုးရှိလှတဲ့အချိန်တွေကို အလဟားသက်ကုန်ဆုံးသွားစေတဲ့အကြောင်းအရာတွေကလည်းရှိနေပြန်ပါတယ်။ဒီအရာတွေကိုအတက်နိုင်ဆုံးရှောင်ကျဉ်ပြီး ကိုယ်ရဲ့အချိန်တွေကို အကျိုးရှိရှိအသုံးချနိုင်ဖို့ အကြံပြုချင်ပါတယ်။
(၁) ဆိုရှယ်မီဒီယာတွေ အသုံးများခြင်း
Source : Shutterstock
လူတွေရဲ့ နေ့စဉ်ဘဝမှာ ဆိုရှယ်မီဒီယာတွေကတော်တော်လေးနေရာယူထားပါတယ်။Bus ကားစီးရင်ပဲဖြစ်စေ ထမင်းစားရင်ပဲဖြစ်စေ နောက်ဆုံး Toilet ဝင်ရင်တောင်မှာ ဖုန်းတွေ ဆိုရှယ်မီဒီယာတွေကိုအသုံးပြုနေကြပါတယ်။ ဒီလိုမျိုးဆိုရှယ်မီဒီယာကို စွဲစွဲလန်းလန်းအသုံးပြုခြင်း အချိန်ကုန်လို့ ကုန်မှန်းမသိဖြစ်စေပြီး သင့်ကျန်းမာရေးကိုပါဆိုးရွှားစွာထိခိုက်စေနိုင်ပါတယ်။
(၂) တစ်နေ့တာ အချိန်ဇယားမရှိခြင်း
Source : Shutterstock
အောင်မြင်နေသူအများစုကတော့ သူတို့ရဲ့ နေ့စဉ်ဘဝမှာ ဘာလုပ်ရမယ်ဆိုတဲ့ To Do List တွေရှိ တက်ကြပါတယ်။ အိပ်ယာနိုးလို့ မျက်စိနှစ်လုံးစဖွင့် ချိန်ကစပြီး တစ်နေ့တာကုန်ဆုံးလို့ အိပ်ယာပြန်ဝင်တဲ့အထိ ဘာတွေလုပ်ဆောင်ရမယ်ဆိုတဲ့ အချိန်ဇယားဆွဲထားတာမျိုးမရှိရင် အချိန် တော်တော်များများက အလဟားသက်ကုန်ဆုံးသွားမှာဖြစ်ပါတယ်။
(၃) မကောင်းတဲ့အတွေးတွေ တွေးနေမိခြင်း
Source : Shutterstock
တစ်ခါတစ်လေတွေးမိတွေးရာ လျောက်တွေးရာကနေ အချိန် ၁နာရီ ၂နာရီလောက်ကုန်သွားတာမျိုးဖြစ်ဖူးကြမယ်ထင်ပါတယ်။အများစုကတော့ကောင်း မွန်တဲ့အတွေးတွေကို နာရီနဲ့ချီပြီးမတွေးတောကြပါဘူး။Negative ဆန်တဲ့အတွေးတွေ အဆင်မပြေမှုတွေ စိတ်ရှုပ်ထွေးစရာတွေ စိုးရိမ်စိတ်တွေ စတဲ့အကြောင်း အရာတွေဘဲ အချိန်ကုန်လို့ကုန်မှန်းမသိတွေးတောတက်ကြတာပါ။ဒီလိုမကောင်းတဲ့အတွေးတွေကြားမှာနစ်မွန်းနေခြင်းက အချိန်ပုတ်သလို သင့်ရဲ့ စိတ်ကိုပိုပြီးဝန်ထုပ်ဝန်ပိုးဖြစ်စေကာ ပင်ပန်းစေမှာဖြစ်ပါတယ်။
(၄) အဆင်မပြေတဲ့ အချစ်ရေးမှာနစ်မွန်းနေခြင်း
Source : Shutterstock
စုံတွဲတိုင်းမှာအဆင်မပြတဲ့အချိန်ပြဿနာဖြစ်ရတဲ့အချိန်တွေဆိုတာရှိပေမယ့် နေ့စဉ်ရက်ဆက် အဆင်မပြေမှုတွေနဲ့ ကြုံတွေ့နေရပြီဆိုရင်တော့ ရှေ့ဆက်သင့် မဆက်သင့်ပြန်စဉ်းစားဖို့လိုအပ်ပါတယ်။အဆင်မပြေတဲ့ RS တစ်ခုမှာနစ်မွန်းနေခြင်းက အချိန်ကုန်စေသလို သင့်ရဲ့တစ်နေ့တာမှာလည်းအနှောက်အယှက်တွေ စိတ်ဖိစီးမှုတွေများစွာဖြစ်စေမှာဖြစ်ပါတယ်။