၁၅၀၀ အချစ်ကို သင့်အနေနဲ့ ဘယ်လိုအဓိပ္ပာယ် ဖွင့်ဆိုထားပါသလဲ။ အချစ်ဆိုသည်မှာ နှုတ်က ဘယ်လောက်ချစ်ကြောင်း တဖွဖွ ပြောနေတာထက် ကိုယ့်ရဲ့အပြုအမူကတဆင့် ဖော်ပြခြင်းသည် ပိုပြီး အဓိပ္ပာယ်ရှိပါတယ်။

မနက်ခင်း နိုးထလာတဲ့အခါ ဂွတ်မောနင်း မက်ဆေ့ချ်လေးတွေပို့မယ်၊ ညဘက်အိပ်ခါနီးကျရင် အိပ်ရာဝင်အနမ်းလေးတွေပေးမယ်၊ အမှတ်တရနေ့လေးတွေရောက်ရင် စပရိုက်အကြီးကြီးတွေ တိုက်မယ်စတဲ့ အသေးအဖွဲအရာများသည် သမီးရည်းစားများရဲ့နေ့စဉ်ဘဝထဲမှာ တဖြည်းဖြည်းနေရာယူလာတတ်ပါတယ်။

ဒီလိုကိုယ့်ချစ်သူနဲ့ တနေ့တာ ကုန်ဆုံးတဲ့အခါမှာ ကိုယ့်ရဲ့အပြုအမူတွေကိုလည်း သတိထားဖို့လိုအပ်ပါတယ်။ ကိုယ် မသိလိုက်မသိဘာသာ ပြုလုပ်မိတဲ့ အမှားတွေသည် သင်တို့ရဲ့အချစ်ကို ပျက်စီးသွားစေနိုင်ပါတယ်။

ကိုယ့်ချစ်သူကိုသာ တွယ်ကပ်လွန်းပြီး သူငယ်ချင်းများကို မေ့လျော့နေခြင်း

Forgetting time with friends

သင့်ရဲ့ဘဝမှာ သင့်ချစ်သူသည်လည်း အရေးကြီးသလို သင့်ရဲ့သူငယ်ချင်း မိတ်ဆွေအပေါင်းအသင်းများ၊ မိသားစုဝင်များသည်လည်း အရေးကြီးပါတယ်။ ကိုယ့်ရဲ့အာရုံကို ကိုယ့်ချစ်သူတစ်ယောက်တည်းအပေါ်မှာ ထားမယ့်အစား အခြားသော အရေးပါသူများအတွက်လည်း ထားသင့်ပါတယ်။ ဒါမှသာ သင်တို့ရဲ့အချစ်က ရေရှည်တည်မြဲမှာပါ။

ကိုယ့်ချစ်သူကို အပြစ်တင်ခြင်း

Using these 4 words when expressing yourself to your partner

“မင်းက မလုပ်ခင်မှာ ကိုယ့်ကို တိုင်ပင်သင့်တာပေါ့” “မင်းက အမြဲတမ်း အဲ့လိုချည်းပဲ” “ကိုယ် မှားသွားတယ်။ ဒါပေမဲ့ …” “မင်းက ကိုယ့်ကို ဘယ်တုန်းကမှ …” စတဲ့ စကားလုံးများသည် သင့်ကောင်မလေးကို စိတ်ထိခိုက်စေတဲ့အတွက်ကြောင့် ရှောင်ကြဉ်ရပါမယ်။

ကိုယ့်ချစ်သူရဲ့အနစ်နာခံခြင်းကို ထပ်တလဲလဲပြောနေခြင်း

 Focusing on your partner’s sacrifice in order to thank them

သင့်ကောင်မလေးက သူ အလုပ်ရှုပ်နေတဲ့ကြားထဲက သင့်အတွက် မွေးနေ့လက်ဆောင်ဝယ်ပေးဖို့ ပြင်ဆင်တဲ့အခါ သင် ဘယ်လိုမျိုး တုန့်ပြန်ပါသလဲ။

“ကျေးဇူးတင်လိုက်တာ ဒီလောက်ထိ ဒုက္ခခံစရာမလိုပါဘူး” လို့ ပြောမှာလား။ အဲ့လိုပြောမယ့်အစား သူ(မ)ရဲ့အပြုအမူက ဘယ်လောက်ထိ ချစ်ဖို့ကောင်းကြောင်း၊ သင်က ဘယ်လောက်ထိ ပျော်ရွှင်ရကြောင်းးသာ ပြောသင့်ပါတယ်။

အတူတူ အိပ်ရာမဝင်ခြင်း

Going to bed at different times

လက်ထပ်ပြီးသား ဇနီးမောင်နှံများအနေနဲ့ တစ်ချိန်တည်းမှာပဲ အတူတူ အိပ်ရာဝင်သင့်ပါတယ်။ လေ့လာတွေ့ရှိချက်များအရ သီးခြားစီ အိပ်ရာဝင်တဲ့ အိမ်ထောင်ဖက်များသည် သူတို့ရဲ့အချစ်တွေက တဖြည်းဖြည်း သွေးအေးသွားကြောင်းဖော်ပြထားပါတယ်။

အိပ်ရာဝင် နှုတ်ဆက်အနမ်းပေးဖို့ မေ့နေခြင်း

Forgetting to kiss goodnight

ချစ်သူစုံတွဲများအနေနဲ့ ဗွီဒီယိုကောလ်ပြောရင်းပဲဖြစ်ဖြစ်၊ ဖုန်းဆက်ရင်းပဲဖြစ်ဖြစ် အိပ်ရာဝင်အနမ်းပေးလို့ရသလို ဇနီးမောင်နှံများအနေနဲ့ အိပ်ရာဝင်ခါနီး နဖူးပေါ်တွင် ခပ်ဖွဖွလေး နမ်းကာ အိပ်ရာဝင်အနမ်းပေးလို့ရပါတယ်။ ဒီလိုအိပ်ရာဝင်အနမ်းပေးခြင်းအားဖြင့် သင်တို့ရဲ့အချစ်တွေက ပိုမိုခိုင်မာလာပါလိမ့်မယ်။

တကယ်လို့ အိပ်ရာဝင်အနမ်းပေးဖို့ မေ့သွားတဲ့အခါမှာတော့ သင်တို့ရဲ့အချစ်တွေသည် တဖြည်းဖြည်း သွေးအေးသွားပါလိမ့်မယ်။

Source: Brightside.me

Featured Image Source: Relevantmagazine.com