လူတွေရဲ့နေ့စဉ်ဘဝမှာ သဘာဝတရားကြီးကပေးထားတဲ့ နေရောင်ခြည်ဟာလည်း အရေးပါပါတယ်။ ဒါပေမယ့် အရာအားလုံးဟာ အချိန်နဲ့အမျှပြောင်းလဲနေလျက်ရှိတာပါ။ ဒါကြောင့် တစ်နေ့မှာလူတွေ နေရောင်ခြည်မရရှိနိုင်တော့ဘူးဆိုတာ ပြောလို့မရပါဘူး။
Kwee page ကဒီနေ့ပြောပြပေးမယ့်အကြောင်းကတော့ လူတစ်ယောက်နေရောင်ခြည်ကိုပုံမှန်ရရှိခြင်းမရှိတော့ရင်ဖြစ်လာမ့ယ့် အကျိုးဆက်တွေအကြောင်းပါ။
နှလုံးကျန်းမာရေးဆိုးရွားလာမယ်
နေရောင်ခြည်မရဘူးဆိုရင် လူတွေရဲ့ခန္ဓာကိုယ်ဟာ လိုအပ်တဲ့ ဗီတာမင် ဒီ ပမာဏကို ထုတ်လုပ်ပေးနိုင်တော့မှာမဟုတ်ပါဘူး။ ဗီတာမင် ဒီဟာနှလုံးရောဂါတွေကို ကာကွယ်ပေးတဲ့နေရာမှာ အရမ်းအရေးပါပါတယ်။ ခရမ်းလွန်ရောင်ခြည်ဟာ သွေးဖိအားကို ပုံမှန်ဖြစ်စေဖို့အတွက် ကူညီပေးပါတယ်။ ဒါကြောင့် လူတစ်ယောက်ဟာ နေရောင်ခြည်ပုံမှန်ရရှိခြင်းမရှိတော့ရင် နှလုံးသွေးကြောဆိုင်ရာပြသာနာတွေရှိနိုင်ခြေပိုများလာပါမယ်။
ခန္ဓာကိုယ်အနှံ့နာကျင်ကိုက်ခဲမှုတွေရှိလာမယ်
နေရောင်ခြည်မရရှိတော့ဘူးဆိုရင် ခန္ဓာကိုယ်အနှံ့နာကျင်ကိုက်ခဲမှုတွေရှိလာမှာတွေအတွက် ပြင်ဆင်ထားရဖို့လိုအပ်ပါတယ်။ နေရောင်ခြည်ဟာ ခန္ဓာကိုယ်ရဲ့ကြွက်သားတွေကို နွေးထွေးစေပြီ ရောင်ရမ်းခြင်းကြောင့်ဖြစ်တဲ့ နာကျင်မူတွေ ဥပမာ အဆစ်ရောင်ရောဂါ စတာတွေကို လျှော့ချပေးပါတယ်။
sunny emotions တွေမရရှိနိုင်တော့ဘူး
နေရောင်မရရှိဘူးဆိုရင် ခန္ဓာကိုယ်ထဲမှာ serotonin လို့ခေါ်တဲ့ ပျော်ရွှင်စေတဲ့ ဟော်မုန်းပမာဏ နည်းသွားပါလိမ့်မယ်။ ပျော်ရွှင်မှုက တခြားအရာတွေဆီကရရှိနိုင်တယ်ဆိုပေမယ့် နေရောင်ခြည်ကပေးတဲ့ ပျော်ရွှင်မှုဟာ သဘာဝကျပါတယ်။
ကိုယ်ခံအားနည်းလာမယ်
နေရောင်ခြည်ရရှိမှုနည်းသွားရင် သွေးဖြူဥပမာဏ လျှော့နည်းသွားပါတယ်။ ခန္ဓာကိုယ်ထဲမှာ သွေးဖြူဥနည်းသွားရင် ကူးစက်ရောဂါတွေကို တိုက်ခိုက်ဖို့ပိုမိုခက်ခဲသွားနိုင်ပါတယ်။
အခေါင်းပေါက်တွေပိုများလာမယ်
နေရောင်ခြည်ရရှိမှုနည်းခြင်းက သွားတွေကိုပါထိခိုက်စေပါတယ်။ နေရောင်ခြည်အရနည်းတဲ့သူတွေမှာ သွားဖက်ဆိုင်ရာပြဿနာ ဥပမာ သွားအခေါင်းပေါက်ဖြစ်နိုင်ခြေပိုမိုမြင့်မားပါတယ်။
နေရောင်ခြည်က လူတွေရဲ့ခန္ဓာကိုယ်အတွက်ကောင်းကျိုးတွေ အများကြီးရှိတယ်ဆိုပေမယ့် နေရောင်ခြည်နဲ့ ထိတွေ့မှုလွန်သွားတာမျိုးမဖြစ်အောင်တော့ သတိထားဖို့လိုအပ်ပါတယ်။ ခရမ်းလွန်ရောင်ခြည်ဟာ နေလောင်ဒဏ်ရာတွေဖြစ်စေပြီး အရေပြားရောဂါ၊ ကင်ဆာရောဂါတောင် ဖြစ်စေနိုင်ပါတယ်။ အရာအားလုံးက တော်သင့်ရုံပဲ ကောင်းပါတယ်။
Source: Bright Side