ကျွန်တော်တို့ ဖြတ်သန်းနေရတဲ့ဘဝတွေဟာ တကယ်တော့ တိုတိုလေးရယ်ပါ။ ဒီလိုတိုတောင်းလှတဲ့ အချိန်ခဏတာလေး အတွင်းမှာ အသက်ရှင်ဖို့ ရုန်းကန်ကြရတာနဲ့ ကိုယ် တကယ်ဝါသနာပါရာ အလုပ်တွေကို စွန့်လွှတ်ပြီးနေကြရပါတယ်။

ဘဝမှာ အဆင်ပြေဖို့အတွက်ပဲ ရှေးရှုပြီး ဒီလိုအရာတွေကို ချုပ်တည်းနေရတာ များလာတဲ့အခါ ကိုယ်ပိုင်ဆုံးဖြတ်ချက် ကိုယ်ပိုင်အတွေးအခေါ် လွတ်လပ်စွာပျံသန်းခွင့် စတာတွေပျောက်ဆုံးလာတတ်ပါတယ်။ အသက်တွေကြီးလာမှ နောင်တမရ ရလေအောင် ဘဝမှာအနည်းဆုံး တစ်ခေါက်လောက် လုပ်ကြည့်သင့်တဲ့အရာတွေကို ပြောပြပေးသွားပါမယ်။

(၁) တစ်ယောက်တည်းခရီးသွားပါ

Source : KOA

တစ်ယောက်တည်း ခရီးသွားတဲ့အခါ ခရီးစဉ်တစ်လျှောက်လုံးအတွက် အစစအရာရာကို ကိုယ်တိုင်စီစဉ်ရပါတယ်။ ထိုအခါ ကိုယ့်ရဲ့ စီမံခန့်ခွဲမှု စွမ်းရည်တွေ မြှင့်တက်လာနိုင်ပါတယ်။ နောက်ပြီး ကိုယ့်ကိုယ်ကိုလည်း ယုံကြည်မှုပိုတိုးလာစေမှာ ဖြစ်ပါတယ်။

(၂) Passion ရှိတဲ့အလုပ်ကို ရွေးပါ

Source : jobs.ca

လူတစ်ရာမှာ တစ်ယောက်သာရနိုင်တဲ့ ဆရာဝန်ဘွဲ့ကို စွန့်လွှတ်ပြီး အနုပညာလောကထဲ ခြေစုံပစ်ဝင်ကာ အောင်မြင်နေကြတဲ့ အနုပညာရှင်တွေများစွာရှိပါတယ်။ အဲ့လိုပါပဲ Passion ရှိတဲ့အလုပ်ကိုရွေးချယ်တာဟာ ဘဝမှာပိုပြီး အောင်မြင်နိုင်ခြေ ရာခိုင်နှုန်း ပိုများပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ Passion ကဘာလဲဆိုတာ သိအောင်လုပ်ပြီး ကိုယ်တကယ် Passionate ဖြစ်တဲ့အလုပ်ကို ဆုံးဖြတ်ချရဲရဲချပြီး ရွေးချယ်ပါ။

(၃) အရင်က မလုပ်နိုင်ဘူးထင်ခဲ့တဲ့အရာတွေ လုပ်ကြည့်ပါ

Source : therelationshipblogger.com

ကိုယ့်အနေနဲ့ ဆေးလိပ်ဖြတ်ချင်ခဲ့တာ ကြာပြီ။ မကောင်းဘူးဆိုတာလဲ သိတယ်။ ဒါပေမယ့် မဖြတ်နိုင်ဘူး။ ဒီလိုမလုပ်နိုင်ဘူး ဆိုတဲ့အရာတွေကို လုပ်ကြည့်ပါ။ မဖြစ်နိုင်ဘူး ထင်ထားတဲ့အရာတွေကို အနည်းဆုံး (၂၁) ရက် တိတိပုံမှန် စမ်းသပ်လုပ်ဆောင်ကြည့်ရပါတယ်။ ဒါမှ အသားကျလာမှာဖြစ်ပါတယ်။ (၂၁) ရက် အောင်မြင်သွားတဲ့အခါ ၂ ဆတိုးပြီး (၄၂) ရက်ဆက်လက် လေ့ကျင့်ပါ။ ဒါဆိုရင် ဘဝမှာမလုပ်နိုင်ဘူးဆိုတဲ့အရာတွေ မရှိတော့ဘူးဆိုတာ ယုံကြည်လိုက်ပါ။

(၄) ပရဟိတလုပ်ပါ

Source : Shutterstock

ပရဟိတအဖွဲ့အစည်းတစ်ခုခုမှာ အဖွဲ့ဝင်တစ်ယောက်အဖြစ် ဝင်ထားသင့်ပါတယ်။ အသင်းအဖွဲ့နဲ့ လုပ်ကိုင်ရတာဟာ သင့်ကို ပေါင်းသင်းဆက်ဆံရေး ပိုမိုကောင်းစေလာနိုင်ပါတယ်။ ပြီးတော့ ပရဟိတအလုပ်ဆိုတာ မွန်မြတ်တဲ့အလုပ်တစ်ခုဖြစ်တာကြောင့် ပရဟိတလုပ်ငန်းတွေမှာ ဝင်ရောက်လုပ်အားပေးသင့်ပါတယ်။