ကွီးတို့အနေနဲ့ ရေရှည်တွဲမဲ့ မိန်းကလေး အကြောင်းဘယ်လောက်သိထားပြီလဲ။ ကွီးတိုကတော့ သူ့အကြောင်းအတွင်းအပြင် အကုန်သိပြီးပြီလို့ ယူဆကောင်းယူဆနေပါလိမ့်မယ်။ ဒါပေမဲ့ တခုသိထားရမှာက long-term relationship တခုမှာ အမြဲတမ်းတယောက်ကိုတယောက်အသစ်အသစ်တွေ သင်ယူနေရတယ်ဆိုတာပါပဲ။အခုပြောပြပေးမှာကတော့ ကွီးတို့အနေနဲ့ သိထားသင့်တဲ့ ရေရှည်တွဲမဲ့ (long-term relationship) မိန်းကလေး ရဲ့အကြောင်းတွေပါ။

 

သူတို့ရဲ့အသက်မွေးဝမ်းကြောင်း ရည်မှန်းချက်

Source: Thought Catalog

ကွီးတို့ရဲ့ကောင်းမလေး ဘာအလုပ်လုပ်လဲဆိုတာ သိမယ်တော့ထင်ပါတယ်။ ဒါပေမဲ့ တနေ့နေ့မှာနောက်ထပ် အသက်မွေးဝမ်းကြောင်းအလုပ်တခုခုကို ပြောင်းဖို့ ဆန္ဒရှိမရှိသိထားဖို့လည်းလိုအပ်ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့ရည်မှန်းချက်အိပ်မက်တွေ အောင်မြင်ဖို့ကြိုးစားနေတဲ့အချိန်မှာ ကွီးတို့အနေနဲ့ ဘေးကနေ အကူအညီအကြံအညံတွေ ပေးဖို့လိုအပ်လို့ပါ။

 

အားလပ်ချိန်ကို ဘယ်လိုကုန်ဆုံးချင်လဲ

Source: Psychology Today

ကွီးတို့နှစ်ယောက်အားလပ်ချိန်ကိုတူတူ ဖြတ်သန်းကြတာတော့ဟုတ်ပါပြီ။ ဒါပေမဲ့ကွီးတို့ရဲ့ ကောင်းမလေး သူ့အားလပ်ချိန်မှာ ဘာတွေလုပ်ရတာ ဝါသနာပါလဲ သိပါသလား။ ကွီးနဲ့ အတူထိုင်ပြီး ရုပ်ရှင်ကြည့်ချင်တာလား။ ဂိမ်းကစားရတာ၊ စာဖတ်ရတာ ဝါသနာပါတာလား။ ဒါမှမဟုတ် ကွီးနဲ့တူတူ ရေကူးရတာ၊ အားကစားလုပ်ရတာ ဝါသနာပါတာလား။ ဒါတွေကိုသိထားဖို့လိုအပ်ပါတယ်။ ဒီလိုမှ မဟုတ်ပဲနဲ့ ကွီးလုပ်ချင်တာပဲ လုပ်နေရင်တော့ ကြာရင် ကောင်မလေးကစိတ်ပျတ်သွားပါလိမ့်မယ်။

 

သူတို့ရဲ့အကြိုက်ဆုံး အစားအစာ

Source: Men Wit

တစ်နေ့လုံးအလုပ် ပင်ပန်းလာပြီးအိမ်ပြန်လာတဲ့အချိန်မှာ အစားကောင်းသောက်ကောင်းတွေနဲ့ ကြိုဆိုနေတာလောက် ကျေနပ်စရာကောင်းတာမရှိပါဘူး။ ကွီးတို့အနေနဲ့ ကောင်မလေးရဲ့ အကြိုက်ဆုံးအစားအစာအပြင် အကြိုက်ဆုံးစားသောက်ဆိုင်တွေကိုပါ သိထားသင့်ပါတယ်။မိန်းကလေးတွေအတွက် သူတို့ကြိုက်တဲ့အစားအစာနဲ့ စပရိုက်လုပ်တာဟာ ရိုးသွားတယ်မရှိပါဘူး။ ဒါက သူတို့ကို ပျော်ရွှင်စေပါတယ်။

 

သူတို့ရဲ့နေ့ထူးနေ့မြတ်တွေ

Source: First Cry Parenting

ကွီးတို့အနေနဲ့ ကောင်မလေးရဲ့မွေးနေ့ ဒါမှမဟုတ်ကွီးနှစ်ယောက်ရဲ့ နှစ်ပက်လည်နေ့တွေကို မှတ်မိမယ်ထင်ပါတယ်။ သူတို့အတွက် အရေးကြီးတဲ့ နေ့ တွေကို ကွီးတို့အနေနဲ့ မှတ်မိထားဖို့လိုအပ်ပါတယ်။ အဲ့နေ့တွေရောက်ရင် ဘက်ဒေးကိတ်တွေ ခွဲပေးတာမျိုး ဒါမှမဟုတ် ဘုရားမှာ တခုခုလှူပြီး ကောင်းမှုကုသိုလ် ပြုတာမျိုးတွေ လုပ်ပေးလိုက်ပါ။ ဒါက ကွီးကောင်မလေးအပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာကို ပိုပြီးလေးနတ်စေပါတယ်။ ကွီးကောင်းမလေးကလည်း ကွီးအပေါ်အရင်ကထက် ပိုပြီးချစ်လာပါလိမ့်မယ်။

 

စပရိုက်လုပ်ပေးတာ ကြိုက်မကြိုက်

Source: Daily Mail

ဒါကလည်း အရေးကြီးပါတယ်။ ကွီးရဲ့ ကောင်မလေးက စပရိုက်လုပ်ပေးတာ မကြိုက်တဲ့သူဆိုပါစို့။ ကွီးက သူ့မွေးနေ့မှာ သူငယ်ချင်းတွေစုပြီး စပရိုက်ပါတီလုပ်ပေးလိုက်မယ်။ အဲ့ချိန်မှာ ကောင်းမလေးဖက်က မကြိုက်ဘူးပြောပြီး စိတ်ဆိုးဒေါသထွက်ပြီး ထွက်သွားရင် လူပုံအလယ်မှာ အရူးကြီးတယောက်ဖြစ်နေပါလိမ့်မယ်။ ဒါမှမဟုတ်ရင်လည်း ဒီလိုစပရိုက်ပါတီက သူ့အတွက် နေရထိုင်ရ ခတ်စေပါလိမ့်မယ်။ ဒါကြောင့် ကွီးရဲ့ကောင်းမလေးကို စရိုက်လုပ်ပေးတာ ကြိုက်မကြိုက် မေးထားဖို့လိုပါတယ်။