စကားလေးတွေရဲ့စွမ်းအားက ချစ်သူနှစ်ဦးကြားက ဆက်ဆံရေးကို ပိုမိုခိုင်မာလာစေဖို့အတွက် ကူညီပေးနိုင်ပါတယ်။ ကိုယ်ချစ်သူကောင်မလေး ပြုံးပျော်နေတာ မြင်ချင်ရင် သူမနဲ့ တွေ့တဲ့အချိန်တိုင်းမှာ အခုပြောပြမယ့် စကားလေးတွေကို ပြောဖို့ အကြံပြုချင်ပါတယ်။ မိန်းကလေးတွေဆိုတာ ရိုမန်တစ်ဆန်တဲ့စကားလေးတွေနှစ်သက်သူတွေဖြစ်တာမလို့ ကိုယ်ချစ်သူကောင်မလေးနဲ့ တွေ့တဲ့အခါတိုင်း ဒီစကားလေးတွေသေချာပေါက်ပြောကြည့်ပါ။

(၁) မင်းကိုချစ်တယ်

Source : Freepik

ချစ်တယ်ဆိုတာ ရိုးရိုးရှင်းရှင်းလေးနဲ့ စွမ်းအားကြီးတဲ့စကားလုံးလေးပါ။ ကိုယ့်ချစ်သူစီကနေပြောလာတဲ့ ချစ်တယ်ဆိုတဲ့စကားက ဘယ်အချိန်နားထောင် နားထောင် ရင်ခုန်မှု ကြည်နူးမှု နွေးထွေးမှုတွေကို ခံစားရစေပါတယ်။ ဒါကြောင့် ချစ်သူကောင်မလေးကို ချစ်တယ်ဆိုတဲ့စကား မကြာခဏပြောပေးပါ။

(၂) ဒီနေ့အရမ်းလှနေတယ်

Source : Vix.com

မိန်းကလေးတွေက ကိုယ်ချစ်သူကောင်လေးရဲ့ မျက်လုံးထဲမှာ အလှဆုံးကောင်မလေးတစ်ယောက်ဖြစ်ချင်ကြတဲ့သူတွေချည်းပါပဲ။ ကိုယ်ချစ်သူနဲ့ တွေ့ဖို့ ချိန်းဆိုထားတဲ့နေ့ဆိုရင် သူတို့အနေနဲ့ အချိန်အကြာကြီးအလှတွေပြင်ပြီး စိတ်တိုင်းကျပြီဆိုမှ ထွက်လာကြတာပါ။ ဒါကလည်း ချစ်သူကောင်လေးရဲ့အမြင်မှာလှနေစေချင်လို့ပါ။ ဒါကြောင့် ဒီနေ့အရမ်းလှနေတယ်နော် ဆိုတဲ့စကားလေးက သူမတို့အကြားချင်ဆုံးစကားလေးတစ်ခွန်းဖြစ်တာကြောင့် ပြောဖြစ်အောင်ပြောလိုက်ပါ။

(၃) အချိန်တိုင်းသတိရတယ်

Source : Sport Soggy

လွမ်းတယ်သတိရတယ်ဆိုတာ ကိုယ်ချစ်သူအပေါ်အလေးအနက်ထားမှုကို ဖော်ပြတဲ့စကားလေးဖြစ်ပါတယ်။ မတွေ့ရတဲ့အချိန်တွေမှာ သူမကိုမေ့နေမလား သတိရောရပါ့မလားဆိုတဲ့ စိုးရိမ်စိတ်တွေက မိန်းကလေးတိုင်းလိုလိုဖြစ်တက်ကြပါတယ်။ ဒါကြောင့် ချစ်သူကောင်မလေးနဲ့ မတွေ့ရတဲ့အချိန်တွေမှာ အချိန်တိုင်းလွမ်းနေကြောင်း သတိရနေကြောင်းကို သူမသိအောင်ပြောပြလိုက်ပါ။

(၄) ကျေးဇူးတင်တယ်

Source : Christian Marriage Adventures

ချစ်သူနှစ်ဦးကြားမှာ မပြောဖြစ်တဲ့စကားလေးက ကျေးဇူးတင်ပါတယ်ဆိုတဲ့စကားလေးပါ။ ကျေးဇူးတင်ပါတယ်ဆိုတဲ့စကားကို တော်ရုံပြောဖို့မေ့နေတက်ကြပါတယ်။ တကယ်တော့ ကိုယ်ချစ်သူကောင်မလေးကို ကျေးဇူးတင်ပါတယ်ဆိုတဲ့စကားလေးလည်းပြောပေးသင့်ပါတယ်။ ဥပမာ ကောင်လေးတွေအများကြီးထဲကမှ ကိုယ့်ကိုရွေးချယ်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ် ၊ ကိုယ့်အနားမှာ သစ္စာရှိရှိနေပေးအတွက် ကျေးဇူးတင်ပါတယ် စသဖြင့်ပေါ့။