မကြာခင်မှာ နှစ်သစ်ကူးသင်္ကြန်ရုံးပိတ်ရက်တွေ လာတော့မှာ ဖြစ်တာကြောင့် အားလပ်ရက် ခရီးထွက်ကြမယ့် သူတွေလည်း ခုထဲကကြိုတင် ပြင်ဆင်နေကြမယ် ထင်ပါတယ်။ သင်္ကြန်နားနီးလေ ကားလက်မှတ်တွေ Hotel တွေက အစစအရာရာ အခက်ခဲရှိတာကြောင့် ကြိုတင်ပြင်ဆင်ထားတာတော့ အကောင်းဆုံးပါပဲ။

အခုလိုခရီးထွက်ကြတဲ့အခါ ယောကျာ်းလေးတော်တော်များများ အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ ပေါ့ပေါ့ပါးပါးပဲ သွားတတ်ကြတာများပါတယ်။ ခရီးသွားတဲ့အခါ မဖြစ်မနေယူသွားသင့်တဲ့ ပစ္စည်းလေးတွေကိုတော့ အကြောင်းကြောင်းကြောင့် မေ့လျော့နေတတ်ကြပါတယ်။ ဒီတစ်ခေါက်မှာတော့ ယောကျာ်းလေးတွေ ခရီးသွားတဲ့အခါ ဘယ်လိုပစ္စည်းလေးတွေကို မပါမဖြစ် ယူဆောင်သွားသင့်လဲဆိုတာ ပြောပြပေးသွားမှာပါ။

(၁) နေကာမျက်မှန်

Source : Panama Jack

ခရီးသွားတဲ့အခါ ကိုယ်နဲ့ အလိုက်ဖက်ဆုံး နေကာမျက်မှန်တစ်လက်တော့ ဆောင်သွားသင့်ပါတယ်။ နေကာမျက်မှန်ဟာ ခရမ်းလွန်ရောင်ခြည်ဒဏ်ကို ကာကွယ်ပေးနိုင်သလို ဓာတ်ပုံတွေ ရိုက်တဲ့ အခါမှာလည်း ရှိုးထုတ်လို့အကောင်းဆုံးအရာလေးတစ်ခုဖြစ်ပါတယ်။

(၂) နေလောင်ခံခရင်မ်

Source : The Cheat Sheet

ခရီးသွားတဲ့အခါ နောက်ထပ်ယူသွားသင့်တဲ့ ပစ္စည်းတစ်ခုက နေလောင်ခံခရင်မ်ဖြစ်ပါတယ်။ နေ့လည်နေ့ခင်းလျောက်လည်တဲ့အခါတွေမှာ နေလောင်ခံခရင်မ် လိမ်းပြီး သွားမယ်ဆိုရင် အသားရေပျက်စီးထိခိုက်မှာလည်း စိုးရိမ်စရာမလိုတော့ပါဘူး။

(၃) မုတ်ဆိတ်ရိတ်စက်

Source : shaversguru.com

ယောကျာ်းလေးအများစုဟာ ၂ ရက် ၃ ရက်အတွင်း မုတ်ဆိတ် ပြန်ထွက်လာလေ့ ရှိတာကြောင့် ခရီးသွားတဲ့အခါ မုတ်ဆိတ်ရိတ်စက်ကို ဆောင်သွားသင့်ပါတယ်။ မုတ်ဆိတ်ရိတ်စက် မယူသွားချင်ရင်လည်း တစ်ခါသုံးမုတ်ဆိတ်ရိတ်ဓားတွေ အလွယ်တကူဝယ်ထည့်သွားဖို့ အကြံပေးချင်ပါတယ်။

(၄) အတွင်းခံ

Source : Treebo

ခရီးသွားတဲ့အခါ အတွင်းခံဘောင်းဘီ ၂ ထည် ၃ ထည်လောက် အပိုထည့်သွားသင့်ပါတယ်။ ခရီးမှာရေကူးတာဖြစ်စေ တခြား အကြောင်းကြောင်းကြောင့် လိုအပ်လာတာနဲ့ ကြုံတွေ့ နိုင်တာကြောင့် အပန်းလည်းမကြီးတဲ့အတွက် အပိုဆောင်သွားသင့်တဲ့ ပစ္စည်းတစ်ခုပါ။

(၅) Power Bank

Source : Travel + Leisure

အားလုံးသိတဲ့အတိုင်း ယနေ့ခေတ်ခရီးသွားတဲ့အခါ ဖုန်းတွေ ကင်မရာတွေဟာ မပါမဖြစ်အရာတွေဖြစ်လာပါတယ်။ သင်ဟာ ကင်မရာရိုက်ရတာ ဝါသနာပါသူဆိုရင်တော့ Power Bank တစ်လုံးတော့ ဆောင်သွားသင့်ပါတယ်။ ရှုခင်းလှလှလေးတွေဆီရောက်တော့မှ ဖုန်းအားကုန်နေရင်တော့ အဆင်မပြေနိုင်ပါဘူးနော်။