ဒီနေ့ခေတ်မှာတော့ ကားတွေကို ဒုတိယနေအိမ်လုပ်နေရတဲ့ လူတွေ အတော်များလာပြီ ဖြစ်ပါတယ်။ ဒီတော့ ကားပေါ်မှာ တစ်နေ့တစ်နေ့ အချိန်ကုန်ရပြီး ကားနဲ့ အနေများတဲ့သူတွေအတွက် ကားပေါ်မှာ အမြဲလို ဆောင်ထားသင့်တဲ့ ပစ္စည်းစာရင်းလေးတွေ ညွှန်းပေးလိုက်ပါတယ်။

(၁) လေဖိအားတိုင်းကိရိယာ

man and car

Photo: Unsplash
ကားဘီးတွေမှာ ပျမ်းမျှ တစ်လကို တစ်လက်မပတ်လည်မှာ လေပေါင်ဖိအား ၁ ကနေ ၃ အထိ ကျတတ်ပါတယ်။လမ်းနဲ့ တိုက်ရိုက်ထိတွေ့နေရတဲ့ ကားဘီတွေရဲ့ ကျန်းမာရေးကို လျစ်လျူရှုထားလို့ မရပါဘူး။ တကယ်လို့ သုံးလုံးလောက်ကြာအောင် လေဖိအား မတိုင်းခဲ့ရင် လေပေါင်ကျတာ 9psi အထိ ဖြစ်သွားနိုင်ပါတယ်။ ဒါက ကားကုမ္ပဏီတွေက ထောက်ခံချက်ပေးထားတဲ့ လေဖိအားရဲ့ ၄ ပုံ ၁ ပုံ ဝန်းကျင်ပမာဏ ဖြစ်ပါတယ်။ ကားမောင်းနေတဲ့သူတွေအတွက် နေရာတိုင်းမှာ လေပေါင်တိုင်းနိုင်ဖို့ အခက်အခဲ ရှိနိုင်တာကြောင့် သွားလေရာ Air Pressure Gauge လေး သယ်သွားတာ အကောင်းဆုံးပါပဲ။

(၂) အ‌ဝတ်အစား အသုံးအဆောင်

man travel

Photo: Unsplash

ကားနဲ့ သွားတယ်ဆိုတာ နေပူမယ် ၊ မိုးရွာမယ် ၊ နှင်းကျမယ် ရာသီသုံးပါးနဲ့ ထိတွေ့မှု ရှိနေတာပါပဲ။ ဒါကြောင့် ကားပေါ်မှာ အဝတ်အစားအပိုတစ်စုံစာ ၊ အနွေးထည် ၊ စောင်နဲ့ ထီးတစ်လက်တော့ ဆောင်ထားသင့်ပါတယ်။ အလွယ်တကူ အဝတ်လဲလို့ ရမယ့် ပုဆိုး ဒါမှမဟုတ် Shower Towel အကြီးတစ်ထည်လောက်လည်း ပါသင့်ပါတယ်။ နောက်ထပ် အသုံးဝင်မယ့် အသုံးအဆောင်တွေကတော့ ခရီးသွားရင်း သုံးနိုင်မယ့် အားသွင်းကြိုး Travel Charger နဲ့ Wet Tissues တို့လို တိုလီမိုလီလေးတွေပါပဲ။

(၃) ငွေ

money money

Photo: Unsplash

ကားနောက်ဖုံးထဲမှာ အရေးပေါ် သုံးလို့ရအောင် ငွေလေး ၃-၄ သောင်းလောက်ဖြစ်ဖြစ် ထည့်သွားဖို့လည်း အကြံပေးချင်ပါတယ်။ အရေးပေါ်ဆိုတဲ့အတိုင်း လိုရမယ်ရ သုံးစရာ ပေါ်လာမှ သုံးဖို့ပါ။ ကားနောက်ဖုံးမှာ ပိုက်ဆံအပိုလေး ဝှက်ထားတာက တကယ်လိုလာတဲ့အခါ သိပ်ကို အသုံးဝင်ပါလိမ့်မယ်။

(၄) ရေဗူးနဲ့ မုန့်တချို့

snacks

Photo: Unsplash

ကားပေါ်မှာ ရေသန့်ဗူး ၂ ဗူး ၃ ဗူးလောက် ပုံမှန်သယ်သွားဖို့လည်း ပြောချင်ပါတယ်။ ရေဆာတဲ့အခါ အလွယ်တကူ သောက်လို့ရအောင်ပါ။ ကြာကြာစားသောက်လို့ ၇မယ့် Snacks တွေ ၊ Energy Bars လို မုန့်တွေနဲ့ အခြောက်အခြမ်းစားနိုင်မယ့် မြေပဲဆားလှော်လို ဗာဒံစေ့လှော်လိုမျိုးလည်း သယ်သွားသင့်ပါတယ်။