သင့် အလုပ်မှာ လုပ်နေရတာ မပျော်သလို ခံစားနေရပါသလား။ တစ်ရက် တစ်ရက်၊ တစ်ပတ် တစ်ပတ်က ငြီးငွေ့ဖွယ်ကောင်းလာပြီး ရုံးသွားရမှာကို စိုးထိတ်နေမိနေပြီလား။ နေ့ရက်တိုင်းကတော့ ပန်းခင်းတဲ့လမ်းတွေလို သာယာလှပနေမှာမဟုတ်ပါဘူး။
စိတ်ဖိစီးမှုတွေ စိတ်ရှုပ်စရာတွေ စုပုံလာတဲ့အခါ သင့်ရဲ့လုပ်ငန်းခွင်ကနေ အပြီးတိုင်နှုတ်ဆက်ချင်စိတ်တွေ ပေါက်လာပါလိမ့်မယ်။ ဒီလိုကနေ တဖြည်းဖြည်း သင့်ရဲ့ပရော်ဖက်ရှင်နယ် လုပ်ငန်းခွင်ဘဝက ရှုံးနိမ့်လာပါလိမ့်မယ်။
ဒီလိုအရှုံးနဲ့ ရင်ဆိုင်ရတဲ့ အကြောင်းအရင်းအချို့ရှိပါတယ်။ ထိုအချက်များကို ရှောင်ကြဉ်နိုင်မယ်ဆိုရင်တော့ အောင်မြင်ပျော်ရွှင်ရတဲ့ လုပ်ငန်းခွင်ဘဝက သင့်အတွက်ပဲဖြစ်ပါလာပါလိမ့်မယ်။
အချိန်အတော်ကြာသည်အထိ တိုးတက်မှုမရှိဘူးလား
Photo Source: Financialbin.com
သင့်လုပ်ငန်းခွင်မှာ လုပ်နေရတာ နှစ်ချို့နေပေမယ့် ရာထူးတက်လာခြင်းမရှိဘဲ တစ်နေရာတည်းမှာပဲ ရှိနေတုန်းပဲလား။ သင့်ရဲ့အရည်အချင်းတွေကရော တစ်ရက်ထက် တစ်ရက် တိုးတက်မှုရှိရဲ့လား။ သင့်ရဲ့အရည်အချင်းက တစ်ရက်ထက် တစ်ရက် တိုးတက်မှု မရှိဘူးဆိုရင်တော့ သင့်အတွက် မကောင်းပါဘူး။ လေ့လာသင်ယူလိုစိတ် မြင့်မားပြီး တိုးတက်မှုရှိတဲ့သူကိုသာ အလုပ်ရှင်တွေက နှစ်သက်ကြတာဖြစ်ပါတယ်။
သင့် လုပ်ငန်းခွင် ပတ်ဝန်းကျင်က အဆိပ်အတောက်ပတ်ဝန်းကျင်မျိုးဖြစ်နေပြီလား
Photo Source: Forbes.com
သင့် လုပ်ဖော်ကိုင်ဖက်များက စိတ်ထားပြည့်ဝပြီး အသင်းအဖွဲ့စိတ်ဓာတ်မရှိကြဘဲ တစ်ယောက်နဲ့ တစ်ယောက် ပြိုင်ဆိုင်နေပြီး သင် လုပ်သမျှအလုပ်တွေကို သူတို့ချည်းပဲ လုပ်နေရသလို အမှတ်ဝင်ယူတတ်သူတွေလား။ သင့်ကိုပဲ လှိမ့်ခိုင်းနေပြီး အနိုင်ကျင့်တတ်သူတွေလား။ လုပ်ငန်းခွင်ထဲမှာ အလုပ်လုပ်မနေဘဲ အတင်းထိုင်ပြောတတ်သူတွေလား။ ဒါဆိုရင်တော့ သင့်ရဲ့လုပ်ငန်းခွင်ပတ်ဝန်းကျင်က အဆိပ်အတောက်ပတ်ဝန်းကျင်မျိုးဖြစ်နေပါပြီ။ ထိုအခြေအနေအတွက်အကောင်းဆုံးအဖြေကတော့ ထိုပတ်ဝန်းကျင်ကနေ ရုန်းထွက်ခြင်းပဲဖြစ်ပါတယ်။
အလုပ်အတွက် မိမိကိုယ်ပိုင်အချိန်များကိုပါ ဖဲ့ပေးနေရပြီလား
Photo Source: Freepik.com
ဒီအခြေအနေမျိုးကိုတော့ အလုပ်ကြိုးစားတဲ့သူတွေဆီမှာ တွေ့ရတတ်ပါတယ်။ သင်က အလုပ်မပြီးရင် စားမဝင် အိပ်မပျော်ဘူး။ အနားမယူနိုင်တဲ့ စိတ်မျိုးရှိတတ်ကြပါတယ်။ အလုပ်များ သတ်မှတ်ချိန်မတိုင်မှီ စောလျင်စွာ ပြီးချင်တဲ့အတွက်ကြောင့် ကိုယ့်ရဲ့အားလပ်ချိန်တွေထဲက ဖဲ့ပေးကြပါတယ်။ အချိန်ကြာလာတော့ သင့်ရဲ့ကိုယ်ပိုင်ဘဝ၊ အားလပ်ချိန်၊ ကျန်းမာရေးများလည်း ဆုတ်ယုတ်လာတတ်ပါတယ်။
ဒီလိုအခြေအနေမျိုး ကြုံတွေ့ရတဲ့အခါ ဘယ်လိုဖြေရှင်းသင့်သလဲ။
Photo Source: CareerAddict.com
သင်က သင့်ရဲ့အလုပ်ကို အမှန်တကယ် ချစ်မြတ်နိုးတယ်။ သင့်ရဲ့သူဌေးကလည်း သင် အလုပ်လုပ်တာကို ကြိုက်နှစ်သက်တယ်။ သင့်ရဲ့လုပ်ဖော်ကိုက်ဖက်များနဲ့လည်း တွဲဖက်လုပ်ကိုင်ရတာ အဆင်ပြေတယ်ဆိုရင်တော့ ထိုအလုပ်က မထွက်ပါနဲ့။ အလုပ်အတွက် စိတ်ဖိစီးမှုကို တတ်နိုင်သလောက် ဖြေဖျောက်ရပါမယ်။ အလုပ်ကို စောလျင်စွာ မပြီးလို့ဆိုပြီးလည်း စိတ်မညစ်ပါနဲ့။ သတ်မှတ်ထားတဲ့အချိန်တွင် အချိန်မှီပြီးဖို့ကသာ အဓိကပါ။ သင့်ရဲ့အလွန်အကျွံ ပြီးပြည့်စုံချင်တဲ့စိတ်ကို အနည်းငယ် ပြောင်းလဲလိုက်ပါ။ သင့်ရဲ့သူဌေးနှင့် လုပ်ဖော်ကိုက်ဖက်များကိုလည်း ပွင့်ပွင့်လင်းလင်းပြောပြပါ။ အကူအညီတောင်းကြည့်ပါ။
ဒါဆိုရင်တော့ သင့်မှာ အောင်မြင်ပျော်ရွှင်ရတဲ့ လုပ်ငန်းခွင်ဘဝလေး ပိုင်ဆိုင်သွားနိုင်ပါပြီ။
Source: Careercontessa.com