ကျွန်တော်တို့အားလုံးက အောင်မြင်ချင်ကြတဲ့သူတွေချည်းပါပဲ။ ဒါပေမဲ့ အောင်မြင်မှုဆီ အရောက်လှမ်းဖို့ ဘာတွေလိုအပ်မလဲ။ ဘာတွေရှောင်ကြဉ်ရမလဲဆိုတာကိုတော့ ရေရေရာရာ မသိကြပါဘူး။ ဒါ့ကြောင့်လည်း အောင်မြင်မှုပန်းတိုင်ဆီ အရောက်မလှမ်းနိုင်ကြသေးတာပဲဖြစ်ပါတယ်။
အောင်မြင်ချင်ပန်းတိုင်ဆီ လျှောက်လှမ်းချင်တဲ့ ယောကျာ်းများအတွက် ရှောင်ကျဉ်သင့်တဲ့ အရာတချို့ကို ဝေမျှပေးချင်ပါတယ်။ ထိုအရာများကို စွန့်လွှတ်နိုင်မှသာ သင် အလိုရှိရာပန်းတိုင်ဆီ အရောက်လှမ်းနိုင်မှာဖြစ်ပါတယ်။
သံသယ
Photo Source: Harveker.com
မိမိရဲ့အရည်အချင်း၊ မိမိရဲ့လုပ်ဆောင်နိုင်စွမ်းကို သင်ကိုယ်တိုင် သံသယဝင်နေမယ်ဆိုရင်တော့ သင် ဘာကိုမှ ရရှိနိုင်မှာမဟုတ်ပါဘူး။ လူသားတိုင်းက ကိုယ့်ကိုယ်ကို သံသယဝင်တတ်ကြပါတယ်။ သံသယအနည်းငယ်ခန့်က မိမိကိုယ်ကို အာရုံစိုက်နိုင်အောင်၊ ကြီးပွားတိုးတက်အောင် ကူညီပေးနိုင်ပါတယ်။ ဒါပေမဲ့ သံသယလွန်ကဲလာရင်တော့ မကောင်းပါဘူး။
ဘာ့ကြောင့်လဲဆိုတာကို သင် ကိုယ်တိုင် နားမလည်ဘူး
Photo Source: Pixabay.com
အောင်မြင်ချင်တယ်ဆိုရုံနဲ့ မလုံလောက်ပါဘူး။ ဘာ့ကြောင့် အောင်မြင်ချင်တာလဲဆိုတာကိုပါ သိထားသင့်ပါတယ်။ ကိုယ့်ရဲ့မိသားစုကို ထောက်ပံ့နိုင်ဖို့လား။ ငွေရေးကြေးရေး ကိစ္စကြောင့် စိတ်ပူရတာမျိုး မလိုချင်လို့လား စသည်ဖြင့် အောင်မြင်ချင်ရတဲ့အကြောင်းအရင်းကို ပြတ်ပြတ်သားသား သိနားလည်ဖို့လိုအပ်ပါတယ်။ ဒါမှ အောင်မြင်မှုလမ်းကြောင်းဆီ ဘယ်လိုသွားရမလဲဆိုတာ သိမှာပါ။
စိတ်ဆန္ဒ ပြင်းပြမှုမရှိခြင်း
Photo Source: Entrepreneur.com
ဘဝကြီးက သင့်အတွက် အခွင့်အရေးတွေကို ပန်းကန်ပြားတစ်ချပ်ထဲ ရော့ အင့် ဆိုပြီးတော့ အဆင်သင့်ပေးလာမှာမဟုတ်ပါဘူး။ ကံကောင်းလာမယ့်အချိန်ကို ထိုင်စောင့်နေလို့ကတော့ တဖြည်းဖြည်း အသက်သာကြီးလာပါလိမ့်မယ်။ လူ တစ်ရာမှာ တစ်ယောက်ကသာ ကြက်ကန်းဆန်အိုးတိုးပြီး အောင်မြင်လာကြတာပါ။ ကျန်တဲ့ ၉၉ ယောက်ကတော့ အောင်မြင်မှုကို ရယူပိုင်ဆိုင်နိုင်အောင် အပတ်တကုတ် ကြိုးစားကြရတာဖြစ်ပါတယ်။
ပျင်းရိပျင်းတွဲဖြစ်နေမယ်ဆိုရင်တော့ သင် ရောက်နေတဲ့ နေရာမှာပဲ ရပ်တန့်နေမှာဖြစ်ပါတယ်။ အောင်မြင်တိုးတက်ချင်တယ်ဆိုရင်တော့ ဇွဲရှိတဲ့ လိပ်ငယ်လေးလို့ တရွေ့ရွေ့ဖြင့် ရွေ့လျားသွားဖို့ လိုပါတယ်။
ပတ်ဝန်းကျင်နဲ့လည်း သက်ဆိုင်ပါတယ်
Photo Source: Lifewire.com
သင် နေထိုင်နေတဲ့ ပတ်ဝန်းကျင်ကလည်း သင့်ကို အောင်မြင်လာအောင် ကူညီပေးနိုင်သလို ပျင်းရိစိတ်ဝင်လာအောင်လည်း ဖန်တီးနေပါတယ်။ သင်က တချိန်လုံး တီဗွီကြည့်နေတဲ့လူအနား၊ ဂိမ်းဆာ့နေတဲ့လူအနား အချိန်ဖြုန်းနေလို့ကတော့ သင် ကိုယ်တိုင်လည်း အောင်မြင်ဖို့ ခက်ခဲပါတယ်။
တကယ်လို့ သင်က ကြိုးစားတဲ့သူအနား၊ လုံ့လ၊ ဝီရိယရှိတဲ့လူအနားမှာ အချိန်ကုန်ဆုံးရင်တော့ သင်လည်း သူတို့လိုပဲ ကြိုးစားချင်စိတ်တွေ ဝင်လာပြီး မိမိကိုယ်ကို တွန်းအားပေးလာပါလိမ့်မယ်။ ဒါ့ကြောင့် သင့်ရဲ့ပတ်ဝန်းကျင်ကို အကောင်းမြင်စိတ်ရှိသူ၊ ကြိုးစားသူများဖြင့်သာ ဝန်းရံထားပါ။ သူများရဲ့အောင်မြင်မှုကိုလည်း မနာလိုမဖြစ်ဘဲ ထိုအောင်မြင်မှုကို မိမိဆီ ကူးစက်လာအောင် ကြိုးစားရပါမယ်။
Source: Bettermarketing.pub