လူတစ်ယောက်နဲ့ တစ်ယောက်စကားပြောတဲ့အခါလိုက်နာသင့်တဲ့အခြေခံသဘောတရားတွေယဉ်ကျေးမှုဆိုတာတွေရှိပါတယ်။တစ်ချို့သောလူတွေမှာဘာကြောင့်အပေါင်းအသင်းနည်းတာလည်း မိတ်ဆွေသူငယ်ချင်းနည်းပါးရတာလည်းဆိုရင် အဆိုပါ အခြေခံယဉ်ကျေးမှုကျင့်ဝတ်တွေကိုမလိုက်နာလို့ပဲဖြစ်ပါတယ်။ဒီတစ်ခေါက်မှာတော့ ခင်မင်ရသူတွေနဲ့ ပြောဆိုဆက်သွယ်တဲ့အခါ ရှောင်ကျဉ်ရမယ့် အရာတွေကိုပြောပြပေးချင်ပါတယ်။

(၁) စိတ်ဝင်တစားနားမထောင်ခြင်း

Source : The Correspondent

လူတစ်ယောက်နဲ့တစ်ယောက်စကားပြောဆိုတဲ့အခါ အပြည့်အဝ အာရုံစိုက်နားထောင်ခြင်းကလည်း ယဉ်ကျေးမှုတစ်ခုဖြစ်ပါတယ်။ဒီလိုမှမဟုတ်ပဲ အာရုံတွေလွင့်နေတာမျိုး အဝေးကို ငေးကြည့်နေတာမျိုးစသည်ဖြင့် စိတ်မဝင်စားတဲ့ပုံပေါက်နေမယ်ဆိုရင်တော့ စကားပြောနေတဲ့သူအပေါ်ကိုလည်းလေးစားမှု မရှိရာရောက်သလို ကိုယ်ရဲ့ လူကြီးလူကောင်းမဆန်မှုကိုလည်းပေါ်လွင်စေမှာဖြစ်ပါတယ်။ဒါကြောင့်လူနှစ်ယောက်ပဲဖြစ်စေ အများနဲ့ဖြစ်စေ စကားပြောတဲ့အခါ စိတ်ဝင်တစားနားထောင်ပေးပါ။

(၂) အရွှန်းဖောက်လွန်းခြင်း

Source : horoscopes.lovetoknow.com

စကားပြောဆိုတဲ့အခါမှာ ပြောတဲ့သူနဲ့နားထောင်သူကြား ရင်းနှီးမှုပိုတိုးစေဖို့ ဟာသလေးတွေနဲ့ အပြန်အလှန်အရွှန်းဖောက်လေ့ရှိကြပါတယ်။ဒါပေမယ့်လည်း တစ်ဖက်လူ ပြောသမျှစကားတိုင်းကိုလိုက်ပြီး အရွှန်းဖောက်တာ စနောက်တာမျိုးကျတော့ အပျော်သဘောနောက်ပြောင်တဲ့ အဆင့်မဟုတ်တော့ပဲ တစ်ဖက်လူကိုလှောင်ပြောင်ရာရောက်စေပါတယ်။တစ်ဘက်လူအနေနဲ့လည်းဒေါသထွက်စရာဖြစ်စေနိုင်တာကြောင့် မလိုလားအပ်တဲ့ ပြဿနာတွေ စိတ်ခုမှုတွေဖြစ်သွားစေနိုင်ပါတယ်။

(၃) စကားဖြတ်ပြောခြင်း

Source : amansquest.com

လူတစ်ယောက်ပြောလက်စ စကားကိုရပ်တန့်သွားစေတဲ့အထိ စကားဖြတ်ပြောခြင်းက အရမ်းကိုယဉ်ကျေးမှုမရှိတဲ့အပြုအမူ မျိုးဖြစ်ပါတယ်။ဒီလိုစကားဖြတ်ပြောခြင်းက တစ်ဖက်လူကိုလုံးဝလေးစားမှုမရှိရာရောက်စေမှာဖြစ်ပါတယ်။တစ်ဖက်လူရဲ့ စကားကိုဆုံးတဲ့အထိ သေချာဂရုတစိုက်နားထောင်ပြီးမှသာ ကိုယ်ပြောချင်တဲ့စကားကိုပြန်လည်ပြောဆိုသင့်တာဖြစ်ပါတယ်။

(၄) ဖုန်းသုံးနေခြင်း

Source : amansquest.com

လူတွေရဲ့နေ့စဉ်ဘဝမှာ ဖုန်းတွေကမပါမဖြစ်အရာတစ်ခုဖြစ် လာခဲ့ပြီး အချိန်တော်တော်များများကိုလည်းဖုန်းတွေပေါ်မှာပဲ ကုန်ဆုံးလာကြတာတွေ့ရပါတယ်။လူတွေအတွက်စမတ်ဖုန်းတွေကအရေးပါတယ်လို့ဆိုပေမယ့်လည်း ပြင်ပလောကမှာရှိတဲ့ မိသားစုသူငယ်ချင်း မိတ်ဆွေတွေလောက်တော့ အရေးပါနိုင် မှာမဟုတ်ပါဘူး။ကိုယ်ချစ်ရတဲ့သူငယ်ချင်းတွေမိတ်ဆွေတွေနဲ့ တွေ့ဆုံစကားပြောနေချိန်မှာတော့ ဖုန်းတွေကိုခပ်ဝေးဝေးမှာပဲထားသင့်ပါတယ်။