စိတ်ညစ်စရာအကြောင်းအရာတွေဟာ နေ့စဉ်နဲ့ အမျှ အချိန်နဲ့ အမျှ စက္ကန့်နဲ့ ကြုံလာနိုင်တဲ့အရာတွေပါ။ စိတ်ညစ်ခြင်းတွေဟာ မဖိတ်ခေါ်ပဲရောက်လာနိုင်သလို မမျော်လင့်ပဲလည်း တွေ့ကြုံရနိုင်ပါတယ်။ဒီတစ်ခေါက်မှာတော့ စိတ်ညစ်နေချိန်မှာ သင့်ကိုပိုပြီး ဖိအားဖြစ်စေမယ့်အရာတွေရှောင်ရှားနိုင်ဖို့ပြောပြပေးချင်ပါတယ်။

(၁) ကိုယ့်ကိုယ်ကို ထိခိုက်နာကျင်စေခြင်း

Source : How Africa

တစ်ခါတစ်လေ စိတ်ညစ်တဲ့အချိန်တွေမှာ ချောင်ပိတ်ပြီး ကိုယ်ကိုယ်ကိုထိခိုက်နာအောင်လုပ်မိတာမျိုးတွေရှိတက်ပါတယ်။တကယ်တော့ အဖြေဟာ ဒီလိုလုပ်ရုံနဲ့ ထွက်မလာပါဘူး။ ကိုယ်ကိုယ်ကိုနာကျင်စေလိုက်လို့ စိတ်ညစ်စရာတွေကလည်း အပြီးတိုင်ပျောက်ကွယ်သွားမှာမဟုတ်ပါဘူး။

(၂) တစ်ယောက်တည်းနေခြင်း

Source : Freepik

စိတ်ညစ်ရင်တစ်ယောက်တည်းနေတာပိုကောင်းတယ်လို့ပြောကြပါတယ်။တကယ်တော့ ဒါဟာအခိုက်အတန့်တစ်ခုအထိပဲမှန်တာပါ။ တကယ်စိတ်ညစ်တဲ့အချိန်တိုင်း တစ်ယောက်နေခြင်းက ပိုပြီးအထီးကျန်ဆန်စေသလို စိတ်ဖိစီးမှုတွေ စိတ်ဓာတ်ကျခြင်းတွေ အလုံးအရင်းနဲ့ကိုဝင်လာနိုင်ပါတယ်။အကောင်းဆုံးကတော့ဘော်ဒါတွေနဲ့ စိတ်ပြေလက်ပျောက်အချိန်ကုန်ဆုံးစေတာမျိုးလုပ်သင့်ပါတယ်။

(၃) စိတ်လိုက်မာန်ပါလုပ်ခြင်း

Source : Wundergroundmusic.com

စိတ်ညစ်ညစ်နဲ့ မထူးဇာတ်ခင်းမယ် စိတ်လိုက်မာန်ပါလုပ်မယ်ဆိုရင် ခံစရာရှိကိုယ်ပဲနှစ်ဆပိုခံရမှာပါ။ ကိုယ်သိထားရမှာတစ်ခုက အနာရှိရင်ဆေးရှိသလို ပြဿနာရှိရင်လည်းဖြေရှင်းနိုင်မယ့် နည်းလမ်းဆိုတာရှိပါတယ်။ စိတ်ညစ်နေချိန်မှာ အများစုက စဉ်းစားဆင်ခြင်နိုင်စွမ်းတွေလျော့ကျနေတက်ပါတယ်။အတက်နိုင်ဆုံး ပြဿနာရဲ့ အရင်းအမြစ်ကိုသေချာပြန်သုံးသပ်ပြီး ဖြေရှင်းဖို့နည်းလမ်းကိုဖြေးဖြေးချင်း စဉ်းစားသင့်ပါတယ်။

(၄) ကျန်းမာရေးထိခိုက်စေခြင်း

Source  : Shutterstock

ဘယ်လောက်ပဲစိတ်ညစ်နေပါစေ ကိုယ့်ရဲ့ ကျန်းမာရေးကိုတော့ လျစ်လျူရှုထားလိုက်လို့မရပါဘူး။ ဥပမာ ကိုယ့်ကျန်းမာရေးကို မငဲှ့ဘဲ အရက်တွေ အလွန်အကျွံသောက်လိုက်တာမျိုး အိပ်ရေးပျက်ခံပြီးစိတ်ဖိစီးမှုဒဏ်က ရုန်းမထွက်တာမျိုး စတဲ့အရာတွေကို လုံးဝရှောင်ကျဉ်သင့်ပါတယ်။ အနည်းဆုံးတော့ ကိုယ့်ကိုယ်ကိုချစ်တက်ဖို့လိုပါတယ်။ကျန်းမာရေးထိခိုက်စေတဲ့အထိတော့ ပစ်စလက်ခတ်မနေဖို့ အကြံပြုချင်ပါတယ်။