ပျော်ရွှင်တဲ့ အိမ်ထောင်ရေးတစ်ခုကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ တစ်ယောက်ကိုတစ်ယောက်နားလည်ပေးနိုင်မှဖြစ်မှာပါ။ နှစ်ယောက်သားတိုင်တိုင်ပင်ပင်နဲ့ တစ်ယောက်ကိုတစ်ယောက် လေးစားမှုရှိမှ အိမ်ထောင်ရေးကသာယာနိုင်မှာပါ။ဒီနေ့ kwee page က လက်မထပ်ခင် စုံတွဲတွေကြားဆွေးနွေးသင့်သောအရာတွေအကြောင်း ပြောပြပေးသွားမှာပါ။

အားနည်းချက်များ

Source: HuffPost

တစ်ခါတစ်လေ ကိုယ့်ပါတနာရဲ့ အပြစ်အနာဆာကို လက်ခံနိုင်ဖို့အတွက် နှစ်ချီပြီးကြာတတ်ပါတယ်။ ဒါပေမယ့် တစ်ချို့စုံတွဲတွေဟာ တစ်ယောက်ရဲ့အားနည်းချက်ကို တစ်ယောက်က စတွဲကတည်းက သိထားကြတယ်။ ဒီလိုသိထားခြင်းအားဖြင့် တစ်ယောက်ရဲ့အားနည်းချက်ကို တစ်ယောက်ကို လက်ခံပေးနိုင်အောင် ကြိုးစားဖို့အခွင့်အရေးရနိုင်ပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် တစ်ယောက်အပေါ်တစ်ယောက် စိတ်ပျက်မသွားအောင် တားဆီးနိုင်ပါတယ်။

မိဘ ကလေး နှင့် အိမ်မွေးတိရိစ္ဆာန်များ

Source: Animal Care Hospital of Morris

လက်မထပ်ခင် မမေးမဖြစ်မေးရမယ့်မေးခွန်းတွေကတော့ ကလေးဘယ်နှစ်ယောက်ယူမှာလဲ။ ဘယ်အချိန်မှာ ကလေးယူဖို့အကောင်းဆုံးဖြစ်မလဲ။ မိဘတွေနဲ့ အတူတူနေမှာလာ (သို့) အိမ်ခွဲပြီးနေကြမှာလာ။ ခွေး (သို့) ကြောင်မွေးမှာလာ စတဲ့မေးခွန်းတွေက အရေးကြီးပါတယ်။

ငွေကြေး

Source: Directions Credit Union

စုံတွဲတွေတော်တော်များများဟာ ငွေကြေးကို သေချာတွက်ချက်မူမရှိဘဲ အတူတူမျှဝေသုံးစွဲတတ်ကြတယ်။ ဒါပေမယ့် ဒီနေ့ခေတ်မှာ ဝင်ငွေတွေက တစ်ယောက်နဲ့တစ်ယောက်မတူညီကြတော့ဘူး။ တကယ်လို့ တစ်ယောက်ကိုတစ်ယောက် ငွေကြေးထောက်ပံ့မှုတွေပေးတော့မယ်ဆိုရင်တော့ သေချာဆွေးနွေးတိုင်ပင်ဖို့လိုအပ်ပါတယ်။ နှစ်ဦးစလုံးအတွက် အဆင်ပြေတဲ့ စည်းကမ်းချက်တွေ ချမှက်ပြီး ငွေကြေးကိုသုံးစွဲသင့်ပါတယ်။

ယဉ်ကျေးမှုနှင့်ဘာသာရေး

Source: Wikimedia Commons

မိသားစုတစ်ခုမှာ ကလေးမွေးဖွားပြီးချိန်တွင် ဘာသာရေးနှင့်ပက်သက်ပြီးသဘောထားကွဲလွဲမှုတွေဖြစ်လေ့ရှိကြောင်း ကျွင်းကျင်သူတွေက ပြောထားကြပါတယ်။ မိဘတိုင်းလိုလိုက သူတို့လူမျိုးနဲ့သက်ဆိုင်တဲ့ ယဉ်ကျေးမူကို သူတို့သားသမီးတွေကို ကျင့်သုံးစေချင်ကြတယ်။ ဒါကြောင့် လူမျိုးမတူတဲ့သူနဲ့ လက်ထပ်ဖို့ဖြစ်လာခဲ့ရင် သေချာတိုင်ပင်ပြီး ကလေးတွေအတွက် အစီအစဉ်တွေချမှက်ထားသင့်ပါတယ်။

ယုံကြည်မှုနှင့်သဝန်တိုမှု

Source: shutterstock

Relationship တစ်ခုမှာအဓိက ကြတာကတော့ ယုံကြည်မှုပါပဲ။ ယုံကြည်မှုမရှိဘူးဆိုရင် relationship ကိုအဆုံးသက်လိုက်တာအကောင်းဆုံးပါ။ ပြီးတော့ သဝန်တိုမူဆိုတာကလည်း ယုံကြည်မှုနဲ့ ဆက်စပ်နေတဲ့ အချက်ပါပဲ။ သဝန်တိုမှုဆိုတာ ကိုယ့်ရဲ့ပါတနာကို ယုံကြည်မှုမရှိလို့ပါပဲ။ ဒါကြောင့် တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှုရှိဖို့ အရေးကြီးပါတယ်။ သဝန်တိုတဲ့ ကိစ္စနဲ့ပက်သက်ပြီးတော့လည်း နှစ်ယောက်သား သေချာဆွေးနွေးတိုင်ပင်ပြီး ညှိနိူင်းယူသင့်ပါတယ်။