New Year Resolution မှာ ဒီနှစ်ထဲ ရည်းစားထားဖို့ စဉ်းစားထားရင် ကိုယ်ကြိုက်မယ့် မိန်းကလေးမှာ ဒီအချက်တွေ ရှိသလား အရင်ဆုံး ကြည့်ထားသင့်ပါတယ်။

(၁) ကြင်နာတတ်သလား

Photo: themodernman

မိန်းကလေးတော်တော်များများက အကြင်နာတရားကြီးတဲ့သူတွေပါ။ အခုပြောတဲ့ ကြင်နာမှုဆိုတာကတော့ ဒေါသမကြီးတာ ၊ ထက်မြက်ရင်တောင် စွာတေးမလန်တာ နောက်ဆုံး တိရစ္ဆာန်ချစ်တတ်တာကအစ ကြည့်ဖို့ပါပဲ။

(၂) EQ ကောင်းသလား

Photo: Unsplash

အချစ်မှာ မျက်စိ မရှိဘူးလို့ ပြောကြပါတယ်။ ရှေ့ရေးကို မတွေးဘဲ ချစ်မိရင်တော့ ချောက်ထဲကို ခြေလွတ်လက်လွတ် ခုန်ချလိုက်သလို တွင်းနက်ထဲ ပြုတ်ကျသွားဖို့ များပါတယ်။ ဒီတော့ ကိုယ်နဲ့ လက်တွဲမယ့် Girl Friend ဟာ EQ လို့ ခေါ်တဲ့ စိတ်ခံစားမှုပိုင်းမှာ အသိဥာဏ်မြင့်မားသလားဆိုတာ စုံစမ်းသင့်ပါတယ်။

EQ မြင့်တယ်ဆိုတာ လူမှုရေး နားလည်တာလို့ အကြမ်းဖျဉ်းပြောလို့ရပါတယ်။ပညာအရမ်းတတ်စရာမလိုပါဘူး။ Emotional Intelligent ဖြစ်ရင် ချစ်ခရီးအဆင်ပြေချောမွေ့ ပျော်ရွှင်ရပါလိမ့်မယ်။

(၃) ဖွင့်ထားတဲ့ စိတ်ရှိလား

Photo: inboundwriter

စွန့်စားချင်တဲ့ စိတ် ၊ ရှာဖွေဖော်ထုတ်လိုတဲ့ စိတ် နဲ့ မတူကွဲပြားတဲ့ အမြင်အမျိုးမျိုးကို ချဉ်းကပ်သုံးသပ်ချင်တဲ့ စိတ်ရှိတဲ့ မိန်းကလေးလား စုံစမ်းပါ။ လောကကို စူးစမ်းလိုတဲ့ စိတ် ၊ အသစ်အသစ် ဆန်းသစ်မှုတွေအတွက် ဖွင့်ထားတဲ့ စိတ်ရှိတဲ့ မိန်းကလေးဟာ သင့်ဘဝရှေ့ရေးအတွက် လက်တွဲဖော်ကောင်းလည်း ဖြစ်လာပါလိမ့်မယ်။

(၄) သူငယ်ချင်းတွေကိုချစ်တတ်လား

Photo: Pexels

သူငယ်ချင်းတွေကို ခင်မင်တတ်ပြီး သူငယ်ချင်းတွေရဲ့ အချစ်ရထားတဲ့ မိန်းကလေးမျိုးဟာ လူမှုဆက်ဆံရေးကောင်းတဲ့သူလို့ ယေဘုယျပြောလို့ရပါတယ်။ နောင်ရေးအတွက် တစ်ခါတည်း စိတ်အေးချင်တယ်ဆိုရင် သူ့သူငယ်ချင်းတွေကို တကယ်ချစ်တတ်ပြီး သူငယ်ချင်းတွေရဲ့ ချစ်ခြင်းရထားတဲ့ မိန်းကလေးနဲ့ ရည်းစားထားသင့်ပါတယ်။