အသက်ရှင်နေထိုင်တဲ့ ကာလတလျောက်လုံးမှာ ကျန်းမာပျော်ရွှင်တဲ့ နေ့ရက်တွေကို ပိုင်ဆိုင်ချင်ပါသလား။ တစ်နေ့တာလုံး ကျန်းမာခြင်းတွေနြ့ လန်းဆန်းတက်ကြွနေစေချင်တယ်ဆိုရင် မနက်ခင်းမှာလုပ်ဆောင်ရမယ့်အရာတွေရှိပါတယ်။ ဘာတွေလဲဆိုတာဆက်ဖတ်ကြည့်လိုက်ပါအုန်းနော်။

(၁) ရေသောက်ပါ

Source : Adobe Stock

အိပ်ယာကနိုးပြီးဆိုတာနဲ့ အရင်ဆုံးရေတစ်ခွက်သောက်လိုက်ပါ။ ရေသောက်ခြင်းက ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားသန့်စင်ပေးပြီး ဝမ်းမှန်စေဖို့ ကူညီပေးပါတယ်။

(၂) ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပါ

Source : Fitness Challenge

တစ်ညတာလုံး အိပ်စက်ထားတဲ့အခါ ခန္ဓာကိုယ်မှာ ညောင်းညာမှုတွေကို ခံစားရတက်ပါတယ်။ အိပ်ယာနိုးနိုးချင်း ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းလုပ်တာဟာ ခန္ဓာကိုယ်တစ်ခုလုံးက အကျောအချဉ်တွေကိုပြေလျော့စေပြီး ပေါ့ပါးလန်းဆန်းစေပါတယ်။

(၃) တရားထိုင်ပါ

Source : Shutterstock

တစ်နေ့တာလုံးကို စိတ်ဖိစီးမှုကင်းကင်းနဲ့ ဖြတ်သန်းချင်တယ်ဆိုရင်တော့ မနက်အိပ်ယာနိုးပြီးချိန်မှာ တရားထိုင်ပေးပါ။ တရားထိုင်ခြင်းက စိတ်နဲ့ ခန္ဓာကိုယ်ကိုအေးချမ်းစေပြီး စိတ်ကြည်လင်လန်းဆန်းစေပါတယ်။ (၁၅) မိနစ်လောက်တရားထိုင်ပေးရင် လုံလောက်ပါတယ်။

(၄) တစ်ကိုယ်ရေသန့်ရှင်းမှုလုပ်ပါ

Source : Shutterstock

မနက်ခင်းမှာ အေးလို့ ပျင်းလို့ နောက်ကျလို့ စတဲ့အကြောင်းပြချက်တွေနဲ့ တစ်ကိုယ်သန့်ရှင်းမှုကို ကျော်မသွားသင့်ပါဘူး။ မျက်နှာသစ်ခြင်း သွားတိုက်ခြင်းလုပ်ငန်းစဉ်တွေကိုမဖြစ်မနေလုပ်ဆောင်ပေးသင့်ပါတယ်။ မနက်ခင်းရေချိုးတာကလည်း ကျန်းမာရေးနဲ့ ပိုညီညွှတ်ပြီး စိတ်ရောကိုယ်ပါလန်းဆန်းစေပါတယ်။

(၅) မနက်စာစားပါ

Source : Shutterstock

လူတစ်ယောက်မှာ မနက်စာကအရေးကြီးဆုံးပါပဲ။ မနက်စာကိုမပျက်မကွက်စားသုံးမယ်ဆိုရင် တစ်နေ့တာလုံး အားအင်ပြည့်နေစေမှာဖြစ်သလို ကျန်းမာရေးအတွက်လည်း အထူးကောင်းမွန်စေပါတယ်။ဒါကြောင့် အဟာရရှိတဲ့မနက်စာတစ်မျိုးမျိုး မဖြစ်မနေစားသုံးပေးပါ။