အိမ်ထဲမှာ နေရတာ ဒီနှစ်ဟာ အကြာဆုံးဖြစ်မှာပါ။ ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် သီးသန့်နေထိုင်မှုပုံစံသစ်မှာ အသားကျဖို့ မဖြစ်မနေ လိုအပ်လာပါတယ်။ အိမ်မှာ နေရတာ ကြာလာတာနဲ့အမျှ ပျင်းရိပြီး အထီးကျန်တယ်လို့ ခံစားလာပါလိမ့်မယ်။ Social Distancing နေနေချိန်မှာ အပြင်ထွက်စရာမလိုဘဲ အိမ်ထဲမှာတင် အပျင်းလည်းပြေ ၊ အကျိုးလည်းရှိတဲ့ လုပ်စရာလေးတွေ ရှိပါတယ်။
(၁) ကိုယ်လက်လေ့ကျင့်ခန်း

Photo: Freepik
အားကစားလုပ်ဖို့ Gym မသွားလည်း ဖြစ်ပါတယ်။ အိမ်ထဲမှာတင် အားကစားလုပ်နိုင်တဲ့ In-Door အားကစားနည်းတွေ အများကြီးပါပဲ။ အနည်းဆုံးတော့ YouTube ကနေ ယောဂကစားနည်းတွေ ၊ အခြေခံအိမ်တွင်းအားကစားလုပ်နည်းတွေ ကြည့်ပြီး လိုက်လုပ်လို့ ရပါတယ်။
(၂) အချက်အပြုတ်

Photo: Freepik
ယောင်္ကျားလေးလည်း ချက်နည်းပြုတ်နည်းတွေ တတ်ကျွမ်းတာ ကောင်းပါတယ်။ ဟင်းချက်တာဟာ စိတ်ဝင်စားဖို့ကောင်းတဲ့ အနုပညာတစ်ရပ်လည်း ဖြစ်ပါတယ်။ ကိုယ်ချစ်တဲ့သူတွေကို အရသာရှိပြီး လတ်လတ်ဆတ်ဆတ် ဟင်းလျာတွေ ကိုယ်တိုင်ချက်ပြုတ်ကျွေးနိုင်လို့ ပီတိဖြစ်စရာလည်း ကောင်းပါတယ်။
(၃) နေ့လည်ဘက်တစ်မှေးအိပ်စက်ခြင်း

Photo: Freepik
Social Distancing ကာလမှာ ကိုယ်ရောစိတ်ပါ ကျန်းမာရွှင်လန်းဖို့ အလေးဂရုပြုရမှာပါ။ ကျန်းမာရေးအရ ညဘက်တွေမှာ အိပ်ရေးဝဝ အိပ်ဖို့ လိုအပ်သလို နေ့လည်ဘက်တွေမှာ ၁၅ မိနစ် နာရီဝက် ခဏတစ်ဖြုတ်လောက်တော့ အိပ်စက်ဖို့လည်း လိုပါတယ်။ ဒါမှသာ လူလည်း ပိုပြီးရွှင်လန်းကျန်းမာမှာ ဖြစ်ပါတယ်။
(၄) လမ်းလျှောက်ခြင်း

Photo: Freepik
ညနေဘက် လူရှင်းတဲ့ နေရာမျိုးမှာ ကိုယ်လက်ကျန်းမာဖို့ လမ်းလျှောက်ထွက်သင့်ပါတယ်။ မနက်စောစော နိုးတတ်တယ်ဆိုရင်လည်း မနက်ဖက် လမ်းလျှောက်ထွက်ဖို့ အကြံပြုချင်ပါတယ်။ လမ်းလျှောက်ထွက်မယ်ဆိုရင်လည်း ကျန်းမာရေးညွှန်ကြားချက်တွေနဲ့အညီ ဝတ်စားသွားသင့်ပြီး ၆ ပေခြား Social Distancing စည်းကမ်းတွေလည်း လိုက်နာဖို့ လိုပါတယ်။
(၅) အနုပညာဖန်တီးခြင်း

Photo: Freepik
အနုပညာနဲ့ပတ်သက်ပြီး ဝါသနာပါရင် စိတ်ချမ်းသာစရာကောင်းပါတယ်။ အနည်းဆုံး သီချင်းပဲဆိုဆို ဂစ်တာပဲတီးတီး ပန်းချီပဲဆွဲဆွဲ အနုပညာဟာ စိတ်ကို ရွှင်လန်းကြည်နူးစေတဲ့ အစွမ်းရှိပါတယ်။
(၆) ဂိမ်းကစားခြင်း

Photo: Freepik
ဂိမ်းဝါသနာအိုးတွေကတော့ ကိုဗစ်ကာလမှာ ဂိမ်းကစားရင်း စိတ်အပန်းဖြေကြမှာ မလွဲပါဘူး။ စိတ်လက်အပျင်းပြေစေဖို့အတွက် ဂိမ်းကစားတယ်ဆိုရာမှာ မိုဘိုင်းလ်ဂိမ်းတွေအပြင် ဦးနှောက်စွမ်းရည်ထက်မြက်စေဖို့ ပဟေဠိဂိမ်းတွေ ၊ Chess ၊ Jigsaws နဲ့ Sudoku တို့လို Board Games တွေလည်း ကစားပေးသင့်ပါတယ်။
(၇) ဘာသာစကားသစ် လေ့လာခြင်း

Photo: Freepik
အခုချိန်ဟာ Personal Development လုပ်ဖို့အကောင်းဆုံး အချိန်ပါပဲ။ အထူးသဖြင့် ဘာသာစကားသစ်တွေ လေ့လာဖို့ အကောင်းဆုံးကာလလည်း ဖြစ်ပါတယ်။ အိမ်မှာ WiFi ဆင်ထားပြီး အင်တာနက်ကနေ ဘာသာစကားသစ်တွေကို အွန်လိုင်းလေ့လာမှုလုပ်ပြီး သင်ထားပါ။ ကိုဗစ်ပြီးသွားလို့ လုပ်ငန်းခွင်တွေ ဝင်ရတဲ့အချိန်မှာ ပိုပြီးအရည်အချင်းထက်မြက်တဲ့လူတစ်ယောက်အဖြစ် ကိုယ့်ကိုယ်ကိုယ် ပြန်တွေ့ရပါလိမ့်မယ်။
