အရွယ်ရှိတုန်းမှာ အရေပြားမအိုပါစေနဲ့။ သိပ်မခက်တဲ့ Skin Care နည်းတွေက သင့်အရေပြားကို နုပျိုကျန်းမာအောင် ကူညီပေးနိုင်ပါတယ်။ အခုပြောမယ့်နည်းတွေက လွယ်ပါတယ်။ မအိပ်ခင်လေး ကောက်လုပ်လိုက်ရုံပါပဲ။

(၁) သန့်ရှင်းတဲ့ ခေါင်းအုံးနဲ့ အိပ်ပါ

Sleep On A Clean Pillow

Photo: Mensxp

ခေါင်းအုံးစွပ်တွေဟာ တစ်နေ့လုံး အဆီတွေ ၊ သင့်အရေပြားက ဆဲလ်သေတွေနဲ့ ညစ်ပတ်နေတတ်ပါတယ်။ ညစ်ပတ်နေတဲ့ ခေါင်းအုံးနဲ့ အိပ်တာက သင့်မှာ အရေပြားပြဿနာတွေ ဝင်ရောက်လာဖို့ လုပ်မိသလိုပါပဲ။ ဒါကြောင့် အိပ်ရာခင်းနဲ့ ခေါင်းအုံးတွေကို သန့်ရှင်းနေအောင် လျှော်ဖွပ်လဲလှယ်ပေးထားပါ။

(၂) မျက်နှာသစ်ပါ

Cleanse

Photo: Mensxp

တစ်နေ့လုံး အပြင်မထွက်ဖြစ်တောင် သင့်ရဲ့ အရေပြားမှာ ဖုန်နဲ့ အညစ်အကြေးတွေ စုပုံကပ်ငြိနေတတ်ပါတယ်။ ဒီလို အညစ်အကြေးတွေဟာ လူရဲ့ကိုယ်က ထွက်တဲ့ အဆီနဲ့ ချွေးတွေနဲ့ ရောသွားတဲ့အခါ အရေပြား မွေးညင်းပေါက်မှာ အညစ်အကြေးတွေ ပိတ်ဆို့ကုန်ပြီး ယားယံတာ ၊ ဝက်ခြံပေါက်တာနဲ့ အသားအရေမွဲခြောက်သွေ့တာ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ညမအိပ်ခင် မျက်နှာသစ်ပေးပါ။

(၃) ရေသောက်ပါ

Hydrate

Photo: Mensxp

အသားအရေကို အစိုဓါတ်ထိန်းဖို့ Night Cream တို့ Moisturizer တို့လို အစိုထိန်းခရမ်တွေ သုံးတာအပြင် တစ်ညလုံးရေဓါတ်ပြည့်နေစေဖို့ မအိပ်ခင် ရေတစ်ခွက်လောက်သောက်ပါ။ ဒီလို ညတိုင်းရေသောက်ပေးပြီး ရေဓါတ်ဖြည့်တဲ့အလေ့အကျင့် ပုံမှန်လုပ်ပေးရင်လည်း အသားအရေစိုပြေနုပျိုလာမှာပါ။

(၄) ကျန်းမာရေးနဲ့ညီတဲ့ ညစာစားပါ

Eat A Healthy Dinner

Photo: Mensxp

ညဘက်ရောက်မှာ အာလူးကြော်စားတာ ၊ ဘီယာလေး သောက်ပြီး အိပ်တာက သင့်ကိုယ်ခန္ဓာကျန်းမာရေးတင် ထိခိုက်တာ မဟုတ်ဘဲ သင့်အသားအရေကိုလည်း ထိခိုက်စေနိုင်ပါတယ်။ ညအိပ်ခါနီးမှာ ကာဗွန်ဟိုက်ဒရိတ်ပါတာတွေ စားတာ ၊ ယမကာ ၊ သကြား နဲ့ ဆီကြော်စာတွေ စားတာမျိုး ရှောင်ပြီး ပေါ့ပေါ့ပါးပါး အစာကြေလွယ်ပြီး ကျန်းမာရေးနဲ့ ညီတဲ့ အစားအစာတွေ မအိပ်ခင် ၃-၄ နာရီလောက် ခြားပြီး ကြိုစားထားသင့်ပါတယ်။

(၅) ဖုန်းကို ဝေးဝေးထားပါ

Things-To-Do-Before-Hitting-The-Sack-To-Sleep-Your-Way-To-Bet

Photo: Mensxp

စမတ်ဖုန်းတွေက အိပ်ရေးပျက်စေတဲ့အပြင် အသားအရေကိုလည်း အန္တရာယ်ပေးပါတယ်။ ဖုန်းတွေက ထွက်တဲ့ Blue Light ဟာ အရေပြားကို မြန်မြန်ဆန်ဆန် အိုမင်းစေပြီး အသားအရေပျော့တွဲတာတွေကို ဖြစ်စေနိုင်ပါတယ်။ နောက်ပြီး မျက်လုံးတစ်ဝိုက်က မျက်အိတ်တွေကျတာ ၊ မျက်ကွင်းညိုတာ ၊ မျက်လုံးအရောင်ဖျော့တာတွေလည်း ဖြစ်နိုင်ပါတယ်။ နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်ခြင်းဟာ အရေပြားကျန်းမာရေးအတွက် အဓိကကျတဲ့အချက်ထဲမှာ ပါတယ်ဆိုတာလည်း သတိရသင့်ပါတယ်။ ဒါကြောင့် ညအိပ်ခါနီး ဖုန်းမသုံးပါနဲ့လို့ အကြံပြုလိုက်ရပါတယ်။