လူ့ဘဝဆိုတာ ရခဲလှပါတယ်။ တိုတောင်းလှတဲ့လူ့ဘဝမှာ ငါ ဒီအရာကို အသက်ငယ်ရွယ်ကျန်းမာစဉ်တုန်းက မလုပ်လိုက်ရလေခြင်းလို့နောင်တမရအောင် လူ့ဘဝကြီးကို ပျော်ပျော်ပါးပါးဖြတ်သန်းသင့်ပါတယ်။

စာဖတ်သူကွီးတို့ရဲ့ဘဝမှာ တစ်သက်လုံးအမှတ်တရဖြစ်သွားစေဖို့အတွက် အမှတ်တရတွေကို ဘယ်လိုဖန်တီးကြမလဲ။ အမှတ်တရဖြစ်သွားအောင် ဘာတွေ ပြုလုပ်သင့်သလဲ။

လေထီးအမြင့်ခုန်ခြင်း

တစ်လောကလုံးကို အပေါ်စီးမြင်နေရတဲ့အရသာလောက် ခံစားလို့ကောင်းတာမရှိပါဘူး။ ရှုခင်းတွေကို အပေါ်စီးကနေ ကြည့်နေရတာကလည်း ရင်သပ်ရှုမောစရာကောင်းလှသလို အမြင့်ရောက်နေတဲ့အတွက် အင်မတန်စိတ်လှုပ်ရှားစရာကောင်းလှပါတယ်။ လေထီးအမြင့်ခုန်ဖို့ အကောင်းဆုံးနေရာကတော့ ဒူဘိုင်းနိုင်ငံကလည်း တစ်ခုအပါအဝင်ဖြစ်သလို နီပေါနိုင်ငံက ဧဝရတ်တောင်ထိပ်ကလည်း ကမ္ဘာလှည့်ခရီးသည်တွေကြားမှာ ရေပန်းစားလှပါတယ်။

ခရီးဝေးလမ်းလျှောက်ခြင်း၊ တောင်တက်ခြင်း

သဘာဝပတ်ဝန်းကျင်အလှအပကို ခံစားရတာလောက် စိတ်လက်အပန်းပြေတာ လောကမှာ မရှိသေးပါဘူး။ ဒါ့ကြောင့် သင့်ရဲ့စမတ်ဖုန်း၊ လပ်တော့ စတဲ့ လျှပ်စစ်ပစ္စည်းတွေအားလုံးကို ခဏမေ့ထားပြီး သူငယ်ချင်းတွေစုကာ ပျော်ပျော်ပါးပါးကြီး တောင်တက်လိုက်ပါ။ တောင်တက်ရတာ ပင်ပန်းပေမယ့် တောင်ထိပ်ရောက်တဲ့အခါ မြင်တွေ့ရတဲ့ သဘာဝရှုခင်းက သင့်ရဲ့စိတ်ကို အေးချမ်းစေမှာပါ။ မြန်မာနိုင်ငံတွင်းမှာလည်း တောင်တက်လို့ရတဲ့ လှပသောနေရာတွေ မြောက်မြားစွာတည်ရှိပါတယ်။

အီတလီနိုင်ငံ၊ ရောမမြို့ရှိ Colosseum သို့ သွားရောက်လည်ပတ်ခြင်း

အေဒီ ၈၀ ကတည်းက ဆောက်လုပ်ထားတဲ့ Colosseum ဆိုတဲ့ အဆောက်အဦးက ကမ္ဘာလှည့်ခရီးသည်တွေရဲ့ ပါးစပ်ဖျားပေါ်မှာ ရေပန်းစားပါတယ်။ သဘာဝဘေးအန္တရာယ်တစ်ခုဖြစ်တဲ့ မြေငလျင်ဒဏ်ကို အလူးအလဲခံထားရပေမယ့် ယခုအချိန်အထိ သမိုင်းဝင်အဆောက်အဦးအဖြစ် တည်ရှိနေဆဲပါပဲ။ ရောမလူမျိုးတို့ရဲ့ဗိသုကာလက်ရာကို မျက်ဝါးထင်ထင်မြင်တွေ့ချင်တယ်ဆိုရင်တော့ ရောမမြို့ရှိ Colosseum သို့ သွားရောက်လည်ပတ်လိုက်ပါ။

ကိုယ်ပိုင်လုပ်ငန်း တည်ထောင်ပါ။

တစ်သက်လုံးဝန်ထမ်းဘဝနဲ့ပဲ သင့်ရဲ့ဘဝကို မကုန်ဆုံးလိုက်ပါနဲ့။ ပိုက်ဆံစုပါ။ ရင်းနှီးမြှုပ်နှံပါ။ ကိုယ်ပိုင်အမှတ်တံဆိပ်ပစ္စည်းတစ်ခုခု (သို့) ကိုယ်ပိုင်စီးပွားရေးတည်ထောင်ပါ။ အောင်မြင်အောင်ပြုလုပ်ပြီးနောက် သင့် သားသမီး၊ မြေးမြစ်များကို လက်ဆင့်ကမ်းပေးလိုက်ပါ။

ကမ္ဘာ့အကြီးဆုံး ဘောလုံးကွင်းများသို့ သွားရောက်လည်ပတ်ပါ။

အမျိုးသားတိုင်းမှာ တူညီတဲ့အိပ်မက်တစ်ခုကတော့ ကမ္ဘာ့အကြီးဆုံး ဘောလုံးကွင်းမှာ ဘောလုံးပွဲကြည့်ချင်ကြတာပါပဲ။ ကြိုးစားရင် ဘာမဆိုဖြစ်နိုင်တဲ့အတွက်ကြောင့် သင့်ရဲ့ အိပ်မက်ကို အမှန်တကယ်အကောင်အထည်ဖော်လိုက်ပါ။

မာရသွန်ပြေးပွဲ ဝင်ပြိုင်ပါ။

မာရသွန်ပြေးပွဲ ဝင်ပြိုင်ရတဲ့ အခါ မောပန်းပါတယ်။ ထိုကဲ့သို့ ဝင်ပြိုင်နိုင်ဖို့အတွက် ထရိန်နင် မှန်မှန်ဆင်းရတဲ့အပြင် အစားအသောက်ကိုလည်း အာဟာရမျှတအောင် စားသောက်ရပါတယ်။ ဝင်ပြိုင်ဖို့ စိတ်ဆုံးဖြတ်ပြီးတဲ့အခါ လမ်းတစ်ဝက်မှာပဲ မရပ်လိုက်ပါနဲ့။ ခရီးဆုံးထိ ပြီးမြောက်အောင် ကြိုးစားပါ။ ထိုကဲ့သို့ ပြုကျင့်ခြင်းက သင့်ကျန်းမာရေးအတွက်လည်း ကောင်းမွန်သလို သင့်ရဲ့ ဘဝရည်မှန်းချက်တွေကိုလည်း ပြီးမြောက်အောင် ကြိုးစားဖို့ အထောက်အပံ့ပေးပါလိမ့်မယ်။

တစ်စုံတစ်ယောက်ရဲ့ စံပြပုဂ္ဂိုလ်ဖြစ်အောင် ကြိုးစားပါ။

တစ်ယောက်ယောက်က ကိုယ့်ကိုအားကျလာတဲ့အထိ ကြိုးစားပါ။ ကိုယ့်ကို စံပြပုဂ္ဂိုလ်အဖြစ်သတ်မှတ်တဲ့သူတွေကို ကိုယ်သိထားတဲ့ ဘဝသင်ခန်းစာတွေ ဝေမျှပေးလိုက်ပါ။ ဒီလိုပြုလုပ်ပေးခြင်းက သင့်ကို ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်စေပါတယ်။

အခုဖော်ပြသွားတဲ့အချက်တွေကို တစ်လအတွင်းအကုန်ပြီးမြောက်အောင် ပြုလုပ်စရာမလိုပါဘူး။ သေချာတဲ့အစီအစဉ်တစ်ခုဆွဲပြီး ဘယ်နှနှစ်အတွင်းပြီးမြောက်အောင် ပြုလုပ်မယ်ဆိုတဲ့ဆုံးဖြတ်ချက်ကို ချမှတ်ထားလိုက်ပါ။

Source: Nextluxury.com