လက်ရှိအလုပ်အကိုင်ကနေ တစ်ခြားကုမ္ပဏီတစ်ခုခု ပြောင်းပြီး အလုပ်လျှောက်ဖို့စဉ်းစားနေတယ်ဆိုရင် ကိုယ့်ကိုယ်ကို ပြန်မေးရမယ့် မေးခွန်းတွေ ၊ ဖြည့်တင်းရမယ့် အချက်အလက်တွေ ရှိလာပါပြီ။

(၁) Resume ကောင်းကောင်းရေးပါ

smiling young businessman looking at document

 

Source: Freepik

အလုပ်သစ် လျှောက်တော့မယ်ဆိုရင် ကိုယ့်ရဲ့ ကိုယ်ရေးအချက်အလက် အသစ်ဖြည့်ရတော့မှာပါ။ လက်ရှိအလုပ်က အတွေ့အကြုံသစ်တွေနဲ့လုပ်ခဲ့တဲ့ ပရောဂျက်တွေကို ကိုယ့်ရဲ့ Portfolio ထဲမှာ ဖြည့်ထားပါ။ Resume ဒီဇိုင်းကိုလည်း လိုအပ်ရင် Update ဒီဇိုင်းဖြစ်အောင် လုပ်ဖို့အကြံပေးချင်ပါတယ်။

(၂) Social Networking

Handshake business men concept

Source: Freepik

ကိုယ်လုပ်နေတဲ့ အလုပ်ကို ကျွမ်းကျင်နေဖို့အပြင် နောက်ထပ် အရေးကြီးတဲ့ အချက်ကကိုယ့်အလုပ်နယ်ပယ်ထဲမှာ အသိအကျွမ်း အဆက်အသွယ်များဖို့ပါပဲ။ လူမှုရေးတွင်ကျယ်တဲ့သူဟာ အရည်အချင်း တူရင်တောင် လူပေါင်းဆံ့လို့အခွင့်အလမ်း ပိုရပါတယ်။

(၃) Skills သစ်တွေ

Young businessman working with computer remotely Free Photo

Source: Freepik

အခုအလုပ်ကို စပြီး ဝင်တုန်းက ကိုယ်သိထား ၊ တတ်ထားတဲ့ အသိပညာနဲ့ကျွမ်းကျင်မှုတွေက အခုချိန်အထိ အရင်တိုင်းပဲလာ။ ဒါဆိုရင်တော့ အလုပ်သစ်လျှောက်ဖို့အချိန်မတန်သေးဘူးလို့ပဲ ပြောရမှာပါ။ အလုပ်တစ်ခုပြောင်းတော့မယ်ဆိုရင် ကိုယ်ပြောင်းမယ့် အလုပ်ရဲ့ လိုအပ်ချက်တွေက ဘာတွေလဲ ၊ အဲဒီအလုပ်ကို ရဖို့အတွက် ဘယ်လိုကျွမ်းကျင်မှုမျိုးတွေ လိုသလဲဆိုတာ ကြည့်ပြီး ကိုယ့်မှာ ဖြည့်ဆည်းထားရမှာ ဖြစ်ပါတယ်။

(၄) ကိုယ့်နာမည်တည်ဆောက်ပါ

Businesspeople meeting at office hand shake

Source: Freepik

ဘယ်ကုမ္ပဏီမှာပဲ လုပ်လုပ် ကိုယ့်ရဲ့ Brand ကို လူတွေ သိအောင် လုပ်ဖို့လိုပါတယ်။ တော်တတ်ထက်မြက်ပေမယ့် ကိုယ့်နာမည်ကို လူသိပ်မသိဘူးဆိုရင်လည်း အလုပ်ကောင်းကောင်း ၊ နေရာကောင်းကောင်းကို ရဖို့ခက်ပါတယ်။ ဒါကြောင့် လက်ရှိအလုပ်ထဲမှာလည်း တောက်လျှောက် နာမည်ကောင်းနဲ့ဂုဏ်သတင်းမွှေးအောင် ကြိုးစားနေဖို့အကြံပြုချင်ပါတယ်။