လူ့သက်တမ်းတစ်လျောက်မှာ လူငယ်ဘဝဆိုတာ အရေးကြီးတဲ့အချိန်ပါပဲ။ ဆယ်ကျော်သက်အရွယ်ကိုကျော်လွန်လာတဲ့ အသက် ၂၀ လူငယ်အရွယ်ဆိုတာ ဘဝရဲ့ကိုယ်ရည်ကိုယ်သွေးတွေနဲ့ သက်မွေးဝမ်းကျောင်းအတွက် တစုံတခုဖြစ်လာမယ့် အရွယ်ဖြစ်လို့ပါပဲ။ သင့်အနေနဲ့ လျောက်လှမ်းရမယ့်ဘဝခရီးတစ်လျောက်လုံးမှာ ပိုကောင်းတဲ့လူတစ်ယောက်ဖြစ်လာဖို့ အသက် (၂၅) မတိုင်မီ ပြောင်းလဲသင့်တဲ့ အရာတွေကိုပြောပြပေးချင်ပါတယ်။
(၁) စာဖတ်ပါ

Source : CNBC.com
သင့်အနေနဲ့ ကျောင်းပြီးသွားရင်တောင် သင်မသိတာတွေအများကြီးရှိနေနိုင်ပါတယ်။ ဒါ့ကြောင့် အရေးကြီးတဲ့တချက်က စာများများဖတ်ပါ။ သင့်ကိုအသိပညာပေးတာပဲဖြစ်ဖြစ် အားကျအတုယူရစေတဲ့စာမျိုးတွေပဲဖြစ်ဖြစ်ဖတ်ပေးလို့ရပါတယ်။ စာဖတ်ခြင်းက ကျောင်းစာသင်ခန်းတွေမှာမသင်ခဲ့ရတဲ့အကြောင်းအရာတွေအများကြီးကို လေ့လာဖို့အကောင်းဆုံးနည်းလမ်းတခုပါ။
(၂) အတိတ်ကရုန်းထွက်ပါ

Source : NBC 6
သင့်ပတ်ဝန်းကျင်လူတွေကိုကြည့်လိုက်ပါ တချို့က သူတို့ကိုယ်သူတို့ ငါသာ ဘဝကိုနောက်ကြောင်းပြန်လို့ရရင် ငါအဲ့အလုပ်ကိုလုပ်ခဲ့သင့်တယ်၊ ငါသာ ပညာသင်ခဲ့ရင် ရာထူးကောင်းကောင်းရမှာ ဒီမိန်းကလေးကိုသာ လက်ထပ်လို့ရခဲ့ရင် ငါပျော်ရွှင်ရမှာ စသဖြင့်အမြဲတမ်းနောင်တရစရာတွေကိုပဲရှာဖွေနေတယ်ဆိုရင် သူတို့ဘဝအနာဂတ်အခွင့်အလမ်းတိုင်းအတွက် ဆုံးဖြတ်ချက်လဲကောင်းကောင်းချနိုင်တော့မှာမဟုတ်ဘူး။ ဒါ့ကြောင့် သင့်ဘဝကိုအတိတ်မှာပဲနေရင်း မကောင်းတာတွေမခံစားပါနဲ့။
(၃) ပန်းတိုင်တွေကိုချရေးပါ

Source : Twenty20
သင့်ရဲ့အိမ်မက်ပန်းတိုင်တွေကိုချရေးတာက သင့်အတွက်ပိုသေချာစေပါတယ်လို့ ပညာရှင်တဦးကဆိုပါတယ်။ ဒါက သင့်စိတ်ထဲမှာရှိတဲ့ စိတ်ကူးမှန်သမျှကိုတကယ်ဖြစ်လာဖို့ တွန်းအားပေးနိုင်ဖို့ရည်ညွှန်းတဲ့ထင်သာ မြင်သာမှတ်တမ်းတခုဖြစ်စေပါတယ်။
(၄) တခြားသူတယောက်ရဲ့ဘဝမှာရှင်သန်ဖို့ မကြိုးစားပါနဲ့

Source : HelpGuide.org
လူတော်တော်များများက သူတပါးရဲ့ မျှော်လင့်ချက်တွေ တန်ဖိုးထားမှုတွေနဲ့ကိုယ့်ရဲ့အောင်မြင်ကိုတိုင်းတာတတ်ကြပါတယ်။ ဒါပေမယ့် ဒါက သင့်ကို အမှန်တကယ်စိတ်ကျေနပ်မှုမပေးနိုင်ပါဘူး။ သင့်မှာ တခြားသူထက်ပိုကောင်းတဲ့အရာတခုရှိနိုင်သလို အဲ့ဒီအရာကသင့်အတွက်တခြားအရာတွေထက်ပိုအထောက်အကူပြုနိုင်ပါတယ်။ ဒါ့ကြောင့် ကိုယ့်ကိုယ်ပိုင်စည်းမျည်းတွေနဲ့ပဲနေပါ။ သင့်ကို လူတယောက်က ဒါမှမဟုတ် လူ့အဖွဲ့အစည်းကမျှော်လင့်ထားတဲ့အတိုင်း မနေပါနဲ့။
